2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၁၄ ကြိမ်မြောက် အင်္ဂလိပ်ဘာသာ သင်ကြားရေး နှီးနှောဖလှယ်ပွဲတွင် ဦးဆောင်ဆွေးနွေးမည့် မြန်မာနိုင်ငံသား အင်္ဂလိပ် ဘာသာ သင်ကြားရေး ပညာရှင်များအား ဖိတ်ခေါ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
အချစ်သာမိုမီတာ

အချစ်သာမိုမီတာ
ဟာဝိုင်ရီတက္ကသိုလ်မှ စိတ်ပညာရှင် အယ်လိန်းဟက်ဖီးဒ် နဲ့ အီလီနွိုက်တက္ကသိုလ်မှ လူမှုရေး သိပ္ပံပညာရှင် စူဆန်စပရိစ်တို့နှစ် ဦးဟာ နှစ်နှစ်ကာကာချစ်တဲ့ စံ နှုန်း- Passionate Love Scale နဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်း ကို လွန်ခဲ့တဲ့ အနှစ် ၃ဝ လောက် ကတည်းက လုပ်ကိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့ သုတေသနပြုချက်တွေ ကို အမေရိကန်နိုင်ငံအပြင် ပစိ ဖိတ် ကျွန်းစုနိုင်ငံတွေ၊ ရုရှား၊ မက္ကစီ ကို၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေ မှာလည်း ပြုလုပ်ခဲ့ပါတယ်။
   အဲဒီပညာရှင်နှစ်ဦးရဲ့ စူးစမ်းမှုမှာ အချစ်နဲ့ ပတ်သက်ပြီး ခံစားချက် ၁၅ မျိုးကို စံနှုန်းအဖြစ် ထားရှိပြီး စံနှုန်းတစ်ခုစီအတွက် အဆင့် ၃ ဆင့် ခွဲခြားကာ အမှတ် ပေးတဲ့စနစ်ကို ကျင့်သုံးထားပါ တယ်။ ပထမအဆင့်က ပြဆို ထားတဲ့ အချစ်ခံစားချက်တစ်ခုနဲ့ ပတ်သက်ပြီး 'လုံးဝမမှန်ဘူး' လို့ ဖြေရင် ၁ မှတ်ကနေ ၃ မှတ်ပဲ ရရှိ ပါတယ်။ ဒုတိယအဆင့်က 'တချို့ တစ်ဝက်ပဲ မှန်တယ်' လို့ ဖြေရင် ၄ မှတ်ကနေ ၆ မှတ်အထိ ရရှိပါ တယ်။ တတိယအဆင့်က 'လုံး ဝမှန်ကန်တယ်' လို့ ဖြေရင် ၇ မှတ်ကနေ ၉ မှတ်အထိ ရရှိပါ တယ်။ ဖြေကြားရမယ့် အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက် ၁၅ မျိုးက တော့ -
(၁) သူ ကျွန်တော့်ကို ခွဲ ခွာပြီး ထွက်ခွာသွားခဲ့ရင် ကျွန် တော် အလွန်စိတ်ပျက်ဝမ်းနည်းမိ ပါတယ်။
(၂) တစ်ခါတစ်ရံ သူ့အ ပေါ် မကောင်းတဲ့အကြံအစည်တွေ ဖြစ်ပေါ်လာမိရင် ကျွန်တော့်ရဲ့စိတ် ကို မထိန်းသိမ်းနိုင်ခဲ့ဘူး။
(၃) သူ့ကို တစ်နည်း နည်းနဲ့ ပျော်ရွှင်အောင် လုပ်ပေး နိုင်ရင် ကျွန်တော်လည်း ပျော်ရွှင် တာ ခံစားရပါတယ်။
(၄) ကျွန်တော်ဟာ တ ခြားသူတွေထက် သူနဲ့ပဲအတူရှိနေ ချင်တယ်။
(၅) သူ့ကို တခြားတစ် ယောက်နဲ့ ချစ်နေတယ်လို့ ထင်မိ ရင် ကျွန်တော့်မှာ မနာလိုဝန်တိုမှု စိတ်တွေ ဖြစ်ပေါ်လာမိပါတယ်။
(၆) သူ့အကြောင်းတွေ ကိုပဲ အမြဲတမ်း သိချင်နေပါတယ်။
(၇) သူရဲ့ရုပ်ရော၊ စိတ် ရော၊ ခံစားမှုတွေကိုပါ ကျွန်တော် ပိုင်ဆိုင်လိုပါတယ်။
(၈) သူ့ထံကနေ အဆုံး စွန် ချစ်ခင်ကြင်နာမှုအားလုံးကို ကျွန်တော်လိုချင်ပါတယ်။
(၉) ကျွန်တော့်အတွက် တော့ သူဟာ ပြည့်စုံတဲ့ အချစ် ဖော်မွန် ဖြစ်ပါတယ်။
(၁ဝ) သူ့ရဲ့ ကိုယ်ခန္ဓာ နဲ့ ထိတွေ့မိရင် ကျွန်တော့်ကိုယ် ခန္ဓာမှာလည်း တုံ့ပြန်တဲ့ ခံစား ချက်တွေ ဖြစ်ပေါ်လာပါတယ်။
(၁၁) သူဟာ တစ်ချိန် လုံး ကျွန်တော့်ရဲ့ စိတ်ကို စိုးမိုးနေ ပါတယ်။
(၁၂) ကျွန်တော့်ရဲ့ အတွေးတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ မျှော်လင့်ချက်တွေအားလုံးကို သူ သိစေချင်တဲ့ဆန္ဒ ရှိပါတယ်။
(၁၃) သူ့ဆီက ကျွန် တော့်ကို လိုလားတဲ့ လက္ခဏာတွေ ပြ၊ မပြ လေ့လာရတာ အမောပဲ။
(၁၄) ကျွန်တော်ဟာ သူ့ အတွက် ဆွဲဆောင်မှုအရှိဆုံး လူ တစ်ယောက်လို့ ထင်ပါတယ်။
(၁၅) သူနဲ့ ဆက်ဆံရေး မပြေလည်တဲ့အခါတိုင်း ကျွန်တော် အလွန်အမင်း စိတ်ဓာတ်ကျဆင်းမိ ပါတယ်စတဲ့ ခံစားချက်စံနှုန်းတွေပဲ ဖြစ်ပါတယ်။
ဥပမာ- နံပါတ် ၁ စံနှုန်း ဖြစ်တဲ့ သူ ကျွန်တော့်ကို ခွဲခွာပြီး ထွက်သွားရင် ကျွန်တော် အလွန် စိတ်ပျက်ဝမ်းနည်းမိတယ်ဆိုတာ လုံးဝမမှန်ဘူးဆိုရင် ၁ မှတ်ကနေ ၃ မှတ်ပဲ ရပါတယ်။ တချို့တစ် ဝက်ပဲ မှန်တယ်ဆိုရင် ၄ မှတ်က နေ ၆ မှတ် ရရှိပါတယ်။ လုံးဝမှန် ကန်တယ်ဆိုရင် ၇ မှတ်ကနေ ၉ မှတ်အထိ ရရှိပါတယ်။ အဲဒီ စမ်း သပ်ချက်ကို အချစ်ရဲ့ အတိမ်အ နက်၊ ဒီဂရီ၊ အချစ်ရဲ့ အင်အားကို
တိုင်းတာပေးတဲ့ ပြဒါးချိန်တစ်ခု၊ အချစ်ရဲ့ သာမိုမီတာ- The Thermometer of Love လို့ တင်စားပြီး ခေါ်ဆိုကြပါတယ်။ အချစ်ဒီဂရီကို တိုင်းတာတဲ့ အချစ်သာမိုမီတာ အမှတ်ပေးဇယားကို ဖော်ပြပါ ဇယားအတိုင်း တွေ့ရှိရပါတယ်။

အမှတ်စဉ်

အချစ်စံနှုန်းများ

လုံးဝမမှန်

တချို့တစ်ဝက်မှန်

လုံးဝမှန်
သူခွဲခွာပြီး ထွက်သွားရင် အလွန်စိတ်ပျက်မိ
သူ့အပေါ် မကောင်းတဲ့အကြံ ဖြစ်လာရင် စိတ်မထိန်းနိုင
သူ့ကို တစ်နည်းနည်းနဲ့ ပျော်အောင်လုပ်ရင် ပျော်မိ
သူနဲ့ပဲ အတူရှိနေချင်တယ်
တခြားသူနဲ့ ချစ်တယ်လို့ထင်မိရင် မနာလိုမှုဖြစ်
သူ့အကြောင်းပဲ အမြဲတမ်းသိလို
သူရဲ့ရုပ်ရော၊ စိတ်ရော၊ ခံစားမှုကိုပါ ပိုင်ဆိုင်လ
သူ့ထံက အဆုံးစွန် ကြင်နာမှုအားလုံးလိုချင်
ကျွန်တော့်အတွက် သူဟာ ပြည့်စုံတဲ့ အချစ်ဖော်မွန်
၁၀ သူ့ကိုယ်ခန္ဓာနဲ့ ထိမိရင် တုံ့ပြန်ခံစားချက်ဖြစ်
၁၁ သူဟာ တစ်ချိန်လုံး ကျွန်တော့်စိတ်ကို စိုးမိုးနေ
၁၂ ကျွန်တော့်ရဲ့ အတွေး၊ စိုးရိမ်မှုနဲ့ မျှော်လင့်ချက် သူ့ကိုသိချင်
၁၃ သူ့ဆီက လိုလားတဲ့ လက္ခဏာ ပြ၊ မပြ လေ့လာရ အမော
၁၄ ကျွန်တော်ဟာ သူ့အတွက် ဆွဲဆောင်မှုအရှိဆံုးထင်
၁၅ သူနဲ့ ဆက်ဆံရေးမပြေလည်တိုင်း စိတ်ဓာတ်ကျ


အချစ်ခံစားချက် စံနှုန်း တစ်ခုရဲ့အဖြေကို ဂဏန်းကိုးလုံး အနက် အမှန်ဆုံးဖြစ်မယ့် တစ်လုံး ကို ဝိုင်းလိုက်ပါ။ စုစုပေါင်း ဝိုင်း ထားတဲ့ ဂဏန်း ၁၅ လုံး ရရှိပြီး အားလုံးကို ပေါင်းလိုက်ရင် အစမ်း

သပ်ခံလူတစ်ယောက်ဟာ အနည်း ဆုံး ၁၅ မှတ်ကနေ အများဆုံး ၁၃၅ မှတ်အထိ ရရှိနိုင်ပါတယ်။ အမှတ်များများရလေလေ နှစ်နှစ် ကာကာချစ်တဲ့ အချစ်စိတ်ခံစားမှု ပြင်းထန်လေလေလို့ အဓိပ္ပာယ်

ကောက်ယူနိုင်ပါတယ်။ တစ်နည်း အားဖြင့် အချစ်ဒီဂရီ မြင့်မားလေ လေ ဖြစ်ပါတယ်။ အချစ်စံနှုန်း တစ်ခုမှာ နံပါတ်မြင့်မြင့် ဝိုင်းထား ရင် အဲဒီအချစ်ခံစားမှုနဲ့ ပတ်သက် ပြီး ပြင်းပြစွာ ခံစားခဲ့ဖူးတယ်လို့

ဆိုနိုင်ပါတယ်။
စိတ်ပညာရှင် အယ် လိန်းဟက်ဖီးဒ်က ''အနောက်နိုင်ငံ တွေမှာသာ တစ်ဦးနဲ့တစ်ဦး  အ ချစ်စစ် အချစ်မှန်နဲ့ နှစ်နှစ်ကာ ကာ အချစ်ကြီးချစ်ခဲ့ကြပြီး ရာ သက်ပန် ဆိုးတူကောင်းဖက် အတူ တကွ

လက်တွဲနေထိုင်ခဲ့ကြတယ် လို့ ထင်ကြပေမယ့် ကမ္ဘာ့လူမျိုး အသီးသီးမှာလည်း အချစ်နဲ့ ပတ် သက်လို့ လေးလေးနက်နက်ထား ပြီး လက်ထပ်ပေါင်းသင်းတတ်ကြ တယ်'' လို့ မှတ်ချက်ချထားပါ

တယ်။
စိတ်ပညာရှင် ဂျင်းမ်ပီ ဖားရပ်စ်က ''သင်ရဲ့ ပတ်ဝန်းကျင် မှာရှိကြတဲ့ သူတွေထဲက သင်နှစ် သက်တဲ့ အရည်အချင်းရှိသူကို ရှာ ဖွေပြီး  ချစ်မိတာပဲဖြစ်ပါတယ်။ အဲဒီချစ်တဲ့စိတ်ဟာ သင့်ရဲ့ အ

သည်းနှလုံးက ပေါက်ဖွားလာပြီး ဦးနှောက်က ဆုံးဖြတ်ကာ အသိ ပေးပါတယ်။ ရုတ်တရက် ဖြစ်ပေါ် လာတဲ့ သံလိုက်ဓာတ်လှုပ်ရှားမှု ပုံ ရိပ်တွေအရ ဦးနှောက်ထဲမှာ မိမိ ချစ်ရမယ့်သူ ဘဝကြင်ဖော်လို့

သိ ရှိလာပါတယ်'' လို့ ဆိုကြောင်းပါ။
မောင်ပုဆိုးကြမ်း
Ref : The Science of Romance by Jeffrey Kulger.

မောင်ပုဆိုးကြမ်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.