2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ကိုယ်ပိုင်ဘလော့တစ်ခုဖန်တီးကြမယ်

   အင်တာနက်နဲ့ ပြုလုပ်နိုင်တာ တွေ တော်တော်များတဲ့ ခေတ်ထဲ မှာ ကိုယ်ပိုင်ဘလော့ Blog စာ မျက်နှာတစ်ခု ပြုလုပ်ပြီး မိမိရေး သားတဲ့စာတွေ၊ မိမိရိုက်ကူးတဲ့ ဓာတ်ပုံတွေကို စိတ်ကြိုက်တင်ခြင်း ဟာလည်း လူကြိုက်များလျက် ရှိပါ တယ်။အဲဒီလို မိမိကိုယ်ပိုင် ဘလော့ ပေါ်မှာ စာရေးသားခြင်း၊ ဓာတ်ပုံ တင်ခြင်းတို့ကို ဘလော့ဂင်း Blogging လို့ ခေါ်ကြပါတယ်။ စာရေး သားသူ၊ ဓာတ်ပုံ တင်သူတွေကတော့ ဘလော်ဂါ- Blogger တွေပေါ့။Bloggingဆိုတာ မိမိရဲ့ စိတ်ကူး အတွေးအမြင်တွေကို ကမ္ဘာကြီး နဲ့ ဝေမျှ ခံစားခြင်း မိမိရဲ့ စီးပွားရေး လုပ်ငန်းတစ်ခုခုကို ကြော်ငြာခြင်း လည်းမည်သလို ကိုယ်ပိုင်ဝင်ငွေ တစ်ခုဖန်တီးခြင်း လည်း မည်ပါတယ်။
ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေထဲကဖဲ့ပြီး ဘလော့ရေးတာဖြစ်ဖြစ်၊ အချိန်ပြည့်ဘလော့ရေးနေသူပဲဖြစ်ဖြစ် အားလုံးသော ဘလော်ဂါတွေဟာ ကိုယ်ပိုင်ကမ္ဘာတစ်ခုကို စိတ် ကြိုက်ခြယ်သနေနိုင်သူတွေ ဖြစ်ပါ တယ်။ ကိုယ်ပိုင်ဘလော့တစ်ခုကို ဖန်တီးဖို့ စိတ်ပါဝင် စားသူတွေအတွက် ကိုယ်ပိုင်ဘလော့ ဖန်တီးခြင်း အဆင့်ဆင့်ကို ဝေမျှပေးပါမယ်။
  ကိုယ်က ဘယ်ဒိုမိန်း Domain ကိုသုံးမလဲ၊ ဘယ်လိုအကြောင်းအ ရာတွေ ဘလော့မှာတင်မှာလဲဆို တာတွေကို စဉ်းစားဆုံးဖြတ်ဖို့ အချိန်ယူရပါမယ်။ ဘတ်ဂျက်အ နေနဲ့တော့ ဘလော့ဟိုစတင်- Hosting အတွက် တစ်လ ၅ ဒေါ်လာ လောက်နဲ့ ဒိုမိန်း Domain တစ် နှစ်စာအတွက် ၁ဝ ဒေါ်လာဝန်း ကျင်လောက်တော့ ကုန်ကျမှာ ဖြစ် ပါတယ်။ငွေကုန်ကြေးကျမရှိတဲ့ အခ မဲ့ဘလော့တွေလည်း ရှိပါတယ်။ ဥပမာ- www.blogspot. com ပါ။ ဒါပေမယ့် ဘလော့ရေးသူ အများစု ကတော့ မိမိကိုယ်ပိုင်၊ မိမိ စိတ် ကြိုက်ပိုဖြစ်စေတဲ့ အခပေးဘလော့ တွေကိုပဲ ပိုပြီးအားသန်ကြပါတယ်။ မိမိစိတ်ကြိုက်ဆိုတာမှာ ဒိုမိန်းအ မည်ကအစ၊ဘလော့ထဲက Contents တွေ အလယ်၊ ဘလော့ Layout နဲ့ ကြော်ငြာတွေ အဆုံး စိတ်ကြိုက်ပြုပြင် ပိုင်ဆိုင်နိုင်တာ မို့ဖြစ်ပါတယ်။
    အခမဲ့ဘလော့တွေဟာ အား လုံးကို ထိန်းချုပ်ခံထားရမှာပါ။ သူတို့ရဲ့စည်းမျဉ်း စည်းကမ်းတွေ အရ ထိန်းချုပ်တာဖြစ်လို့ အချိန်မ ရွေး ပြောင်းလဲသွားနိုင်ပြီး မိမိရဲ့ ဘလော့ထဲက Contents တွေ လည်း ပြောင်းလဲသွားနိုင်ပါတယ်။
    အဲဒါကြောင့်မို့ ဘလော့တစ်ခု ပိုင်ဆိုင်လိုသူတွေအတွက် အခမဲ့ ဘလော့တွေထက် နှစ်စဉ်ကြေးနဲ့ သွားတဲ့ ဘလော့တွေကို ဖန်တီးပါ လို့ပဲ ပညာရှင်တွေက တိုက်တွန်း တာ ဖြစ်ပါတယ်။
   ဘလော့တစ်ခု စတင်ရေးတော့ မယ်ဆိုရင် နံပါတ်တစ်အဆင့်အ နေနဲ့ ဘယ်လိုအကြောင်းအရာကို အဓိကတင်မှာလဲ တစ်နည်း အား ဖြင့် မိမိဘလော့ရဲ့ Main Theme က ဘာလဲဆိုတာကို စဉ်းစားဆုံး ဖြတ်ပါ။ မိမိဘဝအကြောင်းနဲ့ ဖြစ် စဉ်တွေ၊ အမှတ် တရတွေအကြောင်း ရေးတင်တဲ့ နေ့စဉ်မှတ်တမ်းသဘော မျိုးလား၊ မိမိရဲ့ကုန်ပစ္စည်းကို ကြော် ငြာချင်တာလား၊ သတင်းဘလော့ ပုံစံမျိုးနဲ့ သတင်းအချက်အလက် တွေကို အသိပေးချင်တာလားဆို တာကို ဆုံးဖြတ်ပါ။
   မိမိရဲ့ဘလော့ဟာ ရည်ရွယ် ချက်ပျောက်နေရင်လည်း ဝင်ဖတ် သူတွေအနေနဲ့ မျက်စိလည်ပြီး နောက်တစ်ခေါက်ဝင်ဖတ်နိုင်ဖို့ အခွင့်အလမ်း နည်းသွားပါလိမ့် မယ်။ဒီတော့ မိမိဘလော့ရဲ့ Main Theme အတွက် သေချာရွေး ဖို့က အရေးကြီးပါတယ်။ အဲဒီ Main Theme ဟာလည်း မိမိ တကယ်ကို စိတ်ပါဝင်စားတဲ့အရာမျိုးဖြစ်ဖို့ လို ပါတယ်။ဒါမှ စဉ်ဆက်မပြတ် Post တွေဖန်တီးနိုင်မှာ ပါ။ ဘလော်ဂါအတော်များများဟာ ဘလော့တစ်ခု ဖန်တီးရေးသားလိုက်ပြီး တစ်လ နှစ်လလောက်လည်းကြာရော ဆက် မရေးတော့ တာတွေ ရှိပါတယ်။ ဒါ ဟာ မိမိတကယ်စိတ်ဝင်စားတဲ့ အ ကြောင်းအရာကို မရွေးချယ်ခဲ့လို့ပါ။
   နောက်တစ်ခုကတော့ မိမိဘလော့နာမည်ဖြစ်ပါတယ်။ မိမိဘလော့မှာတင်တဲ့ အဓိက အ ကြောင်းအရာကို ဘလော့အမည် ပေးရာ မှာ ပါအောင်ပေးမှ Search Engine ရဲ့ရှာဖွေရေးရလဒ်မှာ မိမိ ဘလော့အမည်က အလွယ်တကူ သွားပေါ်မှာပါ။ ဥပမာ-မိမိက ခရီး သွားမှတ်တမ်းတွေနဲ့ သွားလည်ချင် စရာနေရာတွေအကြောင်းကို အဓိ ကတင်တဲ့ ဘလော့ဆိုပါက www. mytourism.com ဆိုပြီး Keyword ကို Tourism ပါဝင်အောင် အမည် ပေးသင့်ပါတယ်။ ဒါမှသာ ခရီး သွားခြင်း- Tourism ကို စိတ်ဝင်စား လို့ ရှာဖွေ သူတွေအတွက် မိမိရဲ့ ဘလော့ကို ရှာဖွေရေးအင်ဂျင်က ရှာပေးနိုင်မှာ ဖြစ်ပါတယ်။
   နောက်တစ်ဆင့်ကတော့ အင်တာနက်အသုံးပြုသူတွေက ဘယ်လို Keyword ကိုအများဆုံး ရှာတတ်သလဲဆိုတဲ့ Keyword Research ပြုလုပ်ခြင်းပါ။ အဲဒီ အဆင့်ကတော့ ကုန်ပစ္စည်းကြော် ငြာချင်သူတွေအတွက်ပဲ ဖြစ်ပါ တယ်။ မိသားစုအကြောင်း၊ နေ့စဉ် မှတ်တမ်းစတဲ့ မိမိရဲ့ပုဂ္ဂိုလ်ရေးသက် သက်တွေကိုပဲ ဘလော့မှာ တင် မယ့်သူတွေအတွက်တော့ Keyword Research လုပ်စရာ မလိုပါ ဘူး။ ဒိုမိန်းတစ်ခု ဝယ်လိုက်တယ် ဆိုရင် အဲဒီလိပ်စာကို မိမိက တစ် နှစ်စာ ဝယ်ထားတယ်ဆိုပါက တစ် နှစ်လုံး အသုံးပြုခွင့် ရရှိမှာဖြစ်ပါ တယ်။ လိပ်စာဆိုတာ ခုနက ပြော ခဲ့တဲ့ မိမိဘလော့အမည်ပါ။ ဥပမာ -www.mytourism.com ။
     ကိုယ်က တစ်နှစ်ကျော်လို့မှ သက်တမ်းထပ်မတိုးဘူးဆိုရင်တော့ အသုံးပြုလို့မရတော့ပါဘူး။ ဒိုမိန်း နဲ့အတူ မိမိဘလော့အတွက် လို အပ်တာကတော့ ဟိုစတင် ဖြစ်ပါ တယ်။ ဟိုစတင်ရှိမှ ကိုယ့် Webpage မှာတင်လိုက်သမျှကို လူတွေ က ဝင်ကြည့်နိုင်မှာပါ။ ဟိုစတင် ဟာ မိမိဒိုမိန်းနဲ့ ဝင်ရောက်ကြည့်ရှု သူတွေကြားမှာ ထိုးထားတဲ့ တံတား တစ်ခုနဲ့ တူပါတယ်။
   ကျွမ်းကျင်သူအများစုကတော့ ဒိုမိန်းဝယ်ယူရာမှာ .com ကိုပဲ ဝယ် ယူဖို့ အကြံပြုပါတယ်။ အသုံးပြု ရပိုမိုလွယ်ကူပြီး အများစု နဲ့ပိုပြီး familiar ဖြစ်တဲ့အတွက်လို့ ဆိုပါ တယ်။ ဒါပေမယ့် မားကတ်တင်းနဲ့ တခြား စီးပွားရေးအမြင်တစ်ခုခု ကြောင့် ဘလော့ ဖန်တီးလိုသူတွေ ကတော့ .net က ပိုအဆင်ပြေ တယ်လို့ သိရပါတယ်။
    ဒိုမိန်းဝယ်ယူပြီးရင်တော့ ဟိုစ တင်ကို ဆင်ရပါမယ်။ Webpage Hosting အတွက် အွန်လိုင်း Service တွေပေးနေတဲ့ ကုမ္ပဏီတွေ များစွာရှိပါတယ်။ ဈေးသက်သာပြီး စိတ်ချယုံကြည်ရတဲ့ ကုမ္ပဏီ သို့မ ဟုတ်ပါက လူပုဂ္ဂိုလ်ဖြစ်ဖို့လည်း လိုပါတယ်။ ဒါမှသာ Server ပြဿ နာစတာတွေနဲ့ ကင်းဝေးမှာ ဖြစ်ပါ တယ်။ ဟိုစတင်အတွက် ကုန်ကျနိုင် မယ့် ပျမ်းမျှစရိတ်ကတော့ ဝက်ဘ် ဆိုက်တစ်ခုအတွက် တစ်လကို ၅ ဒေါ်လာဝန်းကျင်ခန့်ပါ။ ဒိုမိန်းနဲ့ ဟိုစတင် ဝယ်ယူပြီးပြီ ဆိုရင်တော့ မိမိဒိုမိန်းအတွက် Server Name ကိုပြောင်းရပါမယ်။ ပြီးရင်တော့ မိမိ ဒိုမိန်းထဲမှာ Word-press ကို ထည့် သွင်း Install ပြုလုပ်ပါ။ Word-press ဟာ ဘလော့ဂါတွေအတွက် အဆင်ပြေဆုံး Blogging Platform တစ်ခုဖြစ်ပါတယ်။ Word-press မှာ Theme များစွာရှိပြီး Plugins တွေလည်း မရေတွက် နိုင်အောင်ရှိလို့ ဘလော့သမားအ များစုအတွက် မရှိမဖြစ် ကိရိယာ တစ်ခုဖြစ်နေခြင်းပါ။
    Wordpressကို ဒိုမိန်းပေါ်မှာ Install ပြုလုပ်ပြီးရင်တော့ ဘလော့ theme နဲ့ဘလော့ပို့စ်တွေကို စိတ် ကြိုက်ဖန်တီးပြုပြင်နိုင်မယ့် Word-press Login က မိမိရဲ့ Internet Browser မှာ ဝင်သွားပါ လိမ့်မယ်။ ပြီးနောက်မှာတော့ Wordpress Theme ကိုရွေး ချယ်ပါ။ Wordpre-ss ရဲ့ Theme (နောက်ခံဘက်ဂ ရောင်း) တွေဟာ လှပဆွဲဆောင်မှု ရှိပြီး မျက်စိပသာဒရှိတာမို့ စိတ် ကြိုက် မတွေ့မချင်း ရွေးစရာတွေ အများကြီးတွေ့မှာပါ။
   နောက်တစ်ဆင့်အနေနဲ့ တော့ မိမိဘလော့မှာ ပို့စ်(Post) ရေးတင် ခြင်းဖြစ်ပါတယ်။ အဲဒီအတွက်က Wordpress ရဲ့ Dashboard ပေါ် မှာ Add New ကို ကလစ်နှိပ်ပြီး ပြုလုပ်နိုင်ပါတယ်။ ဒီလိုဆို ပေါ် လာမယ့် အကွက်လေးထဲမှာ ခေါင်း စဉ်နဲ့ စာကိုယ်ကို ရိုက်ထည့်ပြီး Publish ကို နှိပ်လိုက်တာနဲ့ မိမိဘ လော့ပေါ်မှာ Post တစ်ခု တက် သွားပါပြီ။ မိမိဘလော့ကို ပိုမိုဝေ ဆာစေတာကတော့ Plugins တွေ ပဲဖြစ်ပါတယ်။ Spam comment တွေကို အလိုအလျောက်ဖျက်ပေး တဲ့ Akismet ၊မိမိ ဘလော့ ကို ပထမ ဆုံးဝင်ရောက်ဖတ်ရှုသူတွေကို မက် ဆေ့ပေးနိုင်တဲ့ Comment Relish ၊ မိမိရဲ့ဝက်ဘ်ဆိုက်ကို တစ်နေ့တစ် နေ့ လူဘယ်နှယောက် ဝင်ကြည့်သ လဲဆိုတာကို သိနိုင်တဲ့ Google XML sitemaps နဲ့ Google Analyticator စတာတွေ ဖြစ်ပါ တယ်။ Plugin အားလုံးမဟုတ် တောင် မရှိမဖြစ်အသုံးလိုမယ့် Plugin  တွေကိုတော့ ကိုယ့် Web-page မှာ ထည့်သွင်းထားဖို့ လိုပါ တယ်။ ဒါမှသာ ကိုယ်ပိုင်ဘလော့ တစ်ခုကို လှလှပပ၊ြ<ွကြ<ွကရွရွ တည်ဆောက်နိုင်မှာဖြစ်သလို ဝင်ရောက်ကြည့်ရှုသူတွေကို လည်း ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။
ကိုယ်ပိုင်ဘလော့တစ်ခု ရေး ဖို့ဆိုတာ တကယ်တော့သိပ်မလွယ် လှပါဘူး။ ဒါပေမဲ့လည်း အထက်ပါ အချက်တွေကို သေချာပြုလုပ်ခဲ့ မယ်ဆိုရင်တော့ မိမိကိုယ်ပိုင်ဘ လော့လေးတစ်ခုကို အဆင်ပြေပြေ ရနိုင်မှာဖြစ်ပါတယ်။ အဲဒီဘလော့ လေးကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကတော့ မိမိတာဝန်ပါပဲ။

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.