24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
စာပေမူပိုင်ခွင့်၊ ထုတ်ဝေသူ အခွင့်အရေးနှင့် E-Book များ - ၎

ဒီတစ်ခါအပိုင်း (၄) မှာတော့ E-book နဲ့ မူပိုင်ခွင့်ဆိုင်ရာ တချို့သော ရက်စွဲ မှတ်တမ်းများကို အကျဉ်း ဖော်ပြရင်း စတင်လိုပါတယ်။
    ၁၉၆၈ ခုနှစ်မှာ အယ်လန် ကေး (Alan Kay) လို့အမည်ရတဲ့ အမေ ရိကန်ကွန်ပျူတာသိပ္ပံပညာရှင် တစ် ဦးဟာ Dynabook လို့ခေါ်တဲ့ တက် ဘလက်ကွန်ပျူတာတွေ အကြောင်း လူသားတွေကိုစတင်မိတ် ဆက်ခဲ့ပြီး နောက်မှာ စာအုပ်ပေါင်းများစွာပါဝင် တဲ့စာကြည့်တိုက်ပေါင်းများစွာကို ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားနိုင် မယ်၊ ကွန်ပျူတာ၊ တက်ဘလက်များ ပေါ်က စာများအဖြစ် အသွင်ပြောင်း နိုင်မယ်ဆိုတာကိုလည်း စတင်ကြို တင်မြင်ခဲ့ပါတယ်။ဒီအမြော်အမြင် တွေဟာ နောက်ဆုံးမှာ လက်ပ်တော့ ကွန်ပျူတာများအဖြစ် စတင်ခဲ့ပါ တော့တယ်။
    ၁၉၇၁ ခုနှစ်မှာ မိုက်ကယ် ဟာ့တ် (Michael Hart) ဆိုတဲ့ အမေရိကန်စာရေးဆရာတစ်ဦးဟာ Project Gutenberg ဆိုတဲ့ ဂူတင် ဘတ်စီမံကိန်းကို စတင်တည်ထောင် ခဲ့ပါတယ်။ ဂူတင်ဘတ်စီမံကိန်းမှာ အခမဲ့ E-book  စာအုပ်ပေါင်းများစွာ ကို အင်တာနက် စာမျက်နှာကတစ်ဆင့် တင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ ကြောင့် Project Gutenberg  ဟာ ပထမဆုံး နE-book နဲ့ E-library  ဖြစ် လာခဲ့ပါတယ်။ မိုက်ကယ်ဟာ့တ်ကို လည်း E-book တွေရဲ့ဖခင်၊ E-bookု တွေကို စတင်ဖန်တီးပေးလိုက်သူလို့ မှတ်တမ်းတင်ခဲ့ကြပါတယ်။
    ၁၉၈၅ ခုနှစ်မှာ CD-Roms တွေအတွက် စံသတ်မှတ်ချက် ဖြစ်တဲ့  Yellow Book ကို Sony နှင့် Phillips တို့က ဖန်တီးခဲ့ကြပါတယ်။ Yellow Book အကြောင်း အနည်းငယ်ပြော ရရင်တော့ Yellow Book ဆိုတာ  Compact Dis, Read-Only-Memory လို့ခေါ်တဲ့ CD-ROM  တွေအတွက် Sony နှင့် Phillips တို့က ထုတ်လိုက်တဲ့ ECMA-130 လို့ အ မည်ပေးထားတဲ့ စံချိန်စံညွှန်း သတ် မှတ်ချက်စာအုပ် ဖြစ်ပါတယ်။ Yellow Book  ဟာ ယခင်က ထွက် ရှိခဲ့ဖူးတဲ့ Red Book  ကို ထပ်မံသက် တမ်းတိုးလိုက်တဲ့ သတ်မှတ်ချက် တစ်ခုလည်း ဖြစ်ပါတယ်။ Red Book ထဲက ဖော်ပြချက်ကတော့ CD တွေထဲမှာ ဒေတာထည့်သွင်းမှု  အ ကြောင်းဖြစ်ပြီး ယခင်က အသံဒေ တာတွေပဲ သွင်းနိုင်ရာကနေ တခြား ဒေတာပုံစံတွေပါ သွင်းလာနိုင်အောင် ဖော်ပြထားခဲ့တာဖြစ်ပါတယ်။
    ၁၉၉၆ ခုနှစ်မှာ ၁၉၇၁ ခုနှစ် ကစတင်ခဲ့တဲ့ ဂူတင်ဘတ်စီမံကိန်း မှာ E-book စာအုပ်ရေပေါင်း တစ် ထောင် ကျော်လာပါတယ်။
    ၂ဝဝ၇ ခုနှစ်မှာတော့ ဒီနေ့ လူသုံးများနေတဲ့ E-book Reader ဖြစ်တဲ့  Kindle ကို Amazon က စတင်မိတ်ဆက်ဖြန့်ချိခဲ့ပါတယ်။ စတင်ဖြန့်ချိတဲ့နေ့မှာပဲ ရောင်းချချိန် ၅ နာရီအတွင်းမှာ ထုတ်လုပ်ထားတဲ့ Kindle အလုံးရေအားလုံး ရောင်း ထွက်သွားတဲ့အထိ အရောင်းသွက်ခဲ့ ပါတယ်။
    ဒီနေ့ခေတ်မှာ ကျောင်းသုံး ဖတ်စာအုပ်တွေနဲ့ ဒစ်ဂျစ်တယ် သင် ထောက်ကူပစ္စည်းတွေကို ထုတ်လုပ် နေတဲ့ CourseBook ဆိုတဲ့ ကုမ္ပဏီ ဆိုတာ ရှိပါတယ်။ အဲဒီကုမ္ပဏီဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ မာတီယိုမှာ ရုံးစိုက်ပြီး ကျောင်းသုံး ဖတ်စာအုပ်များကို  TextBook များ အနေနဲ့လည်းကောင်း၊ ဒစ်ဂျစ်တယ် သင်ထောက်ကူပစ္စည်းတွေကို ရောင်း ချထောက်ပံ့ခြင်း ဖြင့်လည်းကောင်း ရပ်တည်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အဲဒီကုမ္ပဏီက ၂ဝဝ၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး စတင်တဲ့ နှစ်ကစပြီး အထက်တန်း ကျောင်း သားကျောင်းသူတွေအတွက် E-TextBook တွေကို ထုတ်လုပ်ပေး လျက် ရှိနေပါတယ်။

စတင်ထုတ်လုပ်ပြီး ပထမဆုံး မိတ်ဆက်ဖြန့်ချိရောင်းချခဲ့တဲ့ နေ့မှာပဲ ပထမအသုတ်ပစ္စည်းတွေ ၅ နာရီအ တွင်း အားလုံးရောင်းချလိုက်ရတဲ့ Kindle အီးဖတ်စာအုပ် အကြောင်းကို နယူးစ်ဝိခ် မဂ္ဂဇင်းက ၂ဝဝ၇ ခုနှစ်၊ နိုဝင်ဘာလထုတ် စာစောင်ထဲမှာ မျက်နှာဖုံးအကြောင်းအရာအဖြစ် တခမ်းတနား ဖော်ပြခဲ့ပါတယ်။ The Year that Made us Who We are ခေါင်းစဉ်ပေးထားတဲ့ မျက်နှာ ဖုံးဆောင်းပါးကို အလျဉ်းသင့်မယ် ဆိုရင် အင်တာနက် စာမျက်နှာမှာ အလွယ်တကူ ရှာဖွေဖတ်နိုင်ပါ ကြောင်းလည်း သတင်းပေးအပ်ပါ တယ်။
    ၂ဝဝ၉ နှစ်အကုန်ပိုင်းမှာတော့ Kindle အလုံးရေပေါင်း သုံးသန်း ကျော်ဟာ တစ်ကမ္ဘာလုံးကို ထိုး ဖောက်ပျံ့နှံ့ကာ ရောင်းချနိုင်ခဲ့ပါ တယ်။ ခုဆိုရင် Amazon အနေနဲ့ Kindle ကို အမျိုးအစားပေါင်းများစွာ ခွဲပြီး အရောင်၊ အရွယ်အစား၊ စာအုပ် ဝင်ဆန့်မှု စတဲ့အကန့်အသတ်၊ မတူ ညီမှုတွေနဲ့ Kindle ကုန်ပစ္စည်းများကို တစ်ခုမက ထုတ်လုပ်နေပြီလည်း ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် လည်း ၅ လက်မခွဲလောက်ကနေ ၆.၃ လက်မ၊ ၆.၄ လက်မ၊ ၆.၇ လက်မ စသည်ဖြင့် ထုတ်လုပ်ထား တာကြောင့် လက်ဝါးပေါ်မှာ စာအုပ် လေးအရွယ် အဆင်ပြေလှပါတယ်။စာအုပ်ပေါင်းများစွာကို  E-book အသွင်နဲ့ ဘယ်သွားသွား စာကြည့် တိုက်တစ်ခု သယ်သွားသလို သယ် သွားချင်သူတွေအတွက်လည်း အ ကြိုက်ဖြစ်နေတဲ့ E-book Trend တစ်ခုဖြစ်နေပါတယ်။ တစ်ဆက် တည်းမှာပဲ စကားဆက်ရင်း Kindle ဈေးနှုန်းတွေကိုပြောရရင် Amazon  ပေါ်မှာမူလ ရောင်းချတဲ့ဈေးကတော့ $ ၆ဝ ကနေ $ ၂၉ဝ တန်ဖိုးအထိ ရှိပါ တယ်။
    Amazon  အွန်လိုင်းဈေးဆိုင် ကြီးပေါ်မှာ e-book စာအုပ်တွေကို တင်ရောင်းမှုဟာ ပေါ်ပြူလာဖြစ်၊ လူကြိုက်များလာတဲ့အချက်ကို သက် သေပြလိုက်တာကတော့ ၂ဝ၁ဝ ခုနှစ်အတွင်းမှာ Amzon  ရဲ့ E-book  အရောင်းစံချိန်ဟာ ပထမဆုံးအကြိမ် အဖြစ် ပုံနှိပ်စာအုပ် အုပ်ရေစုစုပေါင်း ရောင်းချရမှုစံချိန်ထက် ကျော်လွန် သွားခြင်းပဲ ဖြစ်ပါတယ်။
    E-book တွေအနေနဲ့ ငွေပေး ဝယ်ရခြင်းစံချိန်ကလည်း တိုးတက် မြင့်မားလာသလိုပဲ အခမဲ့ E-book တွေကလည်း တစ်စတစ်စ ပိုမိုများ ပြားလာလျက်ရှိရာမှာ E-book  တွေ ကိုစတင်ခဲ့တဲ့ ဂူတင်ဘတ်စီမံကိန်း မှာ E-book  စာအုပ်ပေါင်း ၃၃ဝဝဝ ကျော်ကို အခမဲ့တင်ပေးထားနိုင်တာ ကတော့ ၂ဝ၁၁ ခုနှစ်မှာ ဖြစ်ပါ တယ်။ ဂူတင်ဘတ်စီမံကိန်းရဲ့ အခမဲ့ စာအုပ်တွေကို ဝင်ရောက်ကြည့်ရှုချင် တယ်ဆိုရင်တော့ www.gutenber-g.org မှာ ဝင်လေ့လာရယူနိုင်ပါ တယ်။
    E-book တွေဟာ အင်တာနက် ဆိုတာနဲ့ တစ်ပါတည်း တွဲနေတဲ့ ဝေါဟာရလို ဖြစ်နေတဲ့အလျောက် အင်တာနက်သုံးသူလူတန်းစားဦးရေ များပြားလာမှုဟာ E-book တိုးတက် ဖြစ်တည်မှုကိုများစွာ အထောက်အပံ့ ပြုပါတယ်။ ၂ဝ၁၁ ခုနှစ်မှာတော့ ကမ္ဘာ တစ်လွှားမှာ အင်တာနက်သုံး စွဲသူ လူဦးရေစုစုပေါင်းဟာ သန်းနှစ် ထောင်ကျော် ရှိလာတယ်ဆိုတာ သိရ ပါတယ်။

ကလျာ အိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.