14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
စာပေမူပိုင်ခွင့်၊ ထုတ်ဝေသူ၊ အခွင့်အရေးနှင့် E-book များ - ၆ E-books လောကနှင့် E-books မူပိုင်ခွင့်

အဲဒီလို နာမည်ကျော်စာအုပ် ထုတ်ဝေသူတွေအနေနဲ့ အွန်လိုင်း ဆိုတဲ့ ကွင်းပြင်ကြီးထဲကို မရောက် လာခင် အချိန်ကာလနဲ့ နည်းပညာ လှိုင်းလုံး နှစ်ခုဖြစ်တဲ့ ကွန်ပျူတာနဲ့ အင်တာနက် စတင်ရိုက်ခတ်တဲ့ ကာ လ နှစ်ခုကြားက ကာလကို ပြန်သွား ကြည့်မယ်ဆိုရင် အဲဒီအချိန်က အွန် လိုင်းကနေ စာဖတ်သူတွေအတွက် ပရိုဂရမ်တွေ၊ ရွေးချယ်စရာ Option တွေ အများကြီး ရှိလို့နေပါတယ်။ စံသတ်မှတ်ချက်တစ်ခုခုမရှိသေးတဲ့ အဆိုပါ ကာလတွေမှာ e-book တွေ Reader တွေဟာ အားလုံးနဲ့ဖတ်ရှုလို့ မကိုက်ညီနိုင်သေးပါဘူး။ ပြောရမယ် ဆိုရင် E-book တိုင်းဟာ Reader တိုင်းနဲ့ Compatible မဖြစ်ခြင်း ပြဿနာပါပဲ။
    အစောက ပြောခဲ့တဲ့ ဂူတင် ဘတ်စီမံကိန်းကတော့ အဲဒီလို ရှုပ် ထွေးမှုတွေဖြစ်လာနိုင်တယ်ဆိုတာကို ကြိုမြင်ခဲ့ပြီး သူတို့ရဲ့ အွန်လိုင်း စာကြည့်တိုက်တစ်ခုလုံးအတွက် အများသူငါနဲ့ အကိုက်ညီဆုံးနဲ့ အခြေခံအ ကျဆုံး Format တစ်ခုဖြစ်တဲ့ ASCII ကိုသာ အမြဲသုံးစွဲခဲ့ပါတယ်။ (ASCII ဆိုတာက   American Standard Code for Information Interc-hange ဖြစ်ပြီး ကွန်ပျူတာမှာဖြစ်ဖြစ် အင်တာနက်မှာဖြစ်ဖြစ် Text File  တွေရဲ့ယေဘုယျ Format တစ်မျိုးကို ခေါ်တာဖြစ်ပါတယ်။)
    အဲဒီအချိန်ကာလ အတောအ တွင်းမှာပဲ ယနေ့ထိတိုင် အသုံးပြုနေ ကြတဲ့ Adobe ရဲ့ PDF format ဟာ အမျိုးမျိုးသော E-book တွေ အပါ အဝင် Text File  တွေ အတွက် လူသုံးအများဆုံးနဲ့ လူသိ အများဆုံး Format တစ်ခုဖြစ်လာခဲ့ ပါတယ်။

မူလ Kindle ၏ ခန့်မှန်းရောင်းအား
    ၂ဝဝ၇ ခုနှစ်မှာ Amazon ရဲ့ Kindle တွေဟာE-book တွေ အတွက် ခေတ်သစ်၊ သမိုင်းသစ်တစ် ခုကို ဖန်တီးပေးခဲ့တဲ့အပြင် E-book တွေအတွက် ကမ္ဘာလုံးချီတဲ့ထင်ပေါ် ကျော်ကြားမှုကိုပါ ဆောင်ယူပေးနိုင် ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
    Kindle ကိရိယာတွေဟာ အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ ပေါ့ပါးမှု၊ သင့်တင့်တဲ့ဈေးနှုန်းနဲ့ အတူ နာမည်ကျော်ထုတ်ဝေသူတို့က အ ထောက်အပံ့ပေးထားတဲ့ စာကြည့် တိုက်များကိုလည်း ကိရိယာထဲမှာ ထည့်သွင်းထားနိုင်ခြင်း စတဲ့တန်ဖိုး တွေကြောင့် Kindle  နဲ့အတူ ပြိုင် ဘက် E-book reader ကုမ္ပဏီတွေ ဟာ E-book  ခေတ်ကို နည်းလမ်း အသစ်နဲ့ ချဉ်းကပ်ပြီး အမှတ်အသား တစ်ခုပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါ တယ်။ ဒါကြောင့်လည်း အဆိုပါ E-book reader ကိရိယာတွေဟာ ၂ဝ၁ဝ ခုနှစ်ထိ ဈေးကွက်ကိုမုန်တိုင်း ဆင်သလို မွှေနှောက်ထိုးဖောက်နိုင်ခဲ့ ပြီး အောင်မြင်မှုတွေမယုံနိုင်လောက် အောင် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။  ၂ဝ၁ဝ ခုနှစ်က အစီရင်စာတွေအရ Amazon ရဲ့ Kindle Feader တွေ ဟာ ကမ္ဘာအနှံ့မှာ အလုံးရေ ပေါင်း သုံးသန်းကျော်ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

၂ဝ၁ဝ နှောင်းပိုင်း E-book လောက
    ၂ဝ၁ဝ နှောင်းပိုင်း ၂ဝ၁၁ ခုနှစ် အရောက်မှာတော့ Kindle လို E-book reader တွေဟာ  E-book Reader တွေအချင်းချင်း အနီးကပ် ယှဉ်ပြိုင်နေရမှုတွေအပြင် နောက် ထပ်ယှဉ်ပြိုင်မှု အကြီးကြီးတစ်ခုကိုပါ ကြုံလာရပါတော့တယ်။ အဲဒါက တော့  iPad လို တက်ဘလက်တွေ ဖြစ်ပါတယ်။ အဲဒီတက်ဘလက်တွေ ဟာ All-In-One လို့ ခေါ်နိုင်ပြီး အား လုံးလုပ်ဆောင်နိုင်တဲ့အတွက်လည်း Reader အဖြစ်ပါ အသုံးပြုလာနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
    တစ်ချိန်တည်းမှာပဲ ခေတ်သစ် ရေစီးကြောင်းကလည်း Mobile Computing Trend ဆီကို ပြောင်းလဲ လာလျက်ရှိပြီး User တွေဟာ ပီစီ ကွန်ပျူတာ၊ ဒက်စ်တော့၊ ရုံးခန်းများ ဆီကနေ စွန့်ခွာလာကာ တက်ဘ လက်တွေ၊ စမတ်ဖုန်းတွေဘက်ကို ယိမ်းယိုင်လာခဲ့ပါတယ်။ ပိုမိုပေါ့ပါးမှု၊ အားလုံးလုပ်ဆောင်ပေးနိုင်မှုစတဲ့ စွမ်းရည်တွေကြောင့်လည်း တက်ဘလက်နဲ့ စမတ်ဖုန်းတွေဟာ ကွန်ပျူ တာတွေနေရာကို ထိုးဖောက်နေရာ ယူလာခဲ့တာလည်း ဖြစ်ပါတယ်။

E-book များအတွက် မူပိုင်ခွင့်ဥပဒေစတင်မှု
    E-book ခေတ်ရောက်လာတဲ့ အခါမှာလည်း မူပိုင်ခွင့်ဥပဒေဆိုတာ တွေကတော့ နဂိုမူလက ပုံနှိပ် စာ အုပ်တွေရဲ့ မူပိုင်ခွင့်တွေနဲ့မတိမ်း မယိမ်း အလားတူ ဆင်ဆင်တူနေနိုင် တာကို တွေ့ရပါတယ်။ ဒါပေမယ့် လည်း E-book တွေဆိုတာ ပုံနှိပ်စာ အုပ်တွေနဲ့ လွန်စွာခြားနားပြီး နည်း ပညာပါဝင်မှုကလည်း အဆင့်ဆင့် မြင့်မားလာတဲ့ အတွက် E-book တွေ အတွက် မူပိုင်ခွင့်ဥပဒေဟာ သူများနဲ့ မတူဖို့လိုအပ်ပြီး အားလုံးကိုခြုံမိ ကာကွယ်မိအောင်ပါ အားထုတ်ရမှာ ဖြစ်ပါတယ်။

မူပိုင်ခွင့်ရထားပြီး E-book တစ်အုပ်၏ အခွင့်အရေး
     ပုံနှိပ်စာအုပ်တွေလိုပဲ E-book မူပိုင်ခွင့်ဆိုတာလည်း မူလဖန်တီးသူ သို့မဟုတ် ရေးသားသူ စာရေးဆရာ ကိုပဲ တစ်ဦးတည်းမူပိုင်ခွင့်ကို အလုံး စုံပေးထားတာ ဖြစ်ပါတယ်။
    E-book ကို လက်ဝယ်ပိုင်ဆိုင် ထားသူ မည် သူတစ်ဦးတစ်ယောက် မဆို အဆိုပါ E-book  နဲ့ ပတ်သက် သမျှမည်သူ့ အခွင့်အရေးမျှ မရှိစေရ လို့ ဥပဒေမှာ တင်းတင်းကြပ်ကြပ် တိတိကျကျ ဖော်ပြပေးထားပါတယ်။ အဓိပ္ပာယ် ကတော့ E-book တွေကို ဝယ်ယူတာ ပဲဖြစ်ဖြစ် အခမဲ့ဒေါင်းလုတ် ပြု လုပ်တာပဲဖြစ်ဖြစ် ဘယ်လိုမူပိုင် ခွင့်မျိုးမှ ရှိမနေဘူးဆိုတဲ့ သဘော သက်ရောက်ပါတယ်။ ဒါကြောင့် E-book ကို ဒေါင်းလုတ်ပြုလုပ်ပြီး လူ သိရှင်ကြား ပြန်ရှဲတာမျိုးတောင် မူပိုင် ခွင့်ဥပဒေနဲ့ သွားသွားငြိနေတတ်ပါ တယ်။ အကြောင်းကတော့ မူပိုင်ခွင့် ကို မူလရေးသားဖန်တီးသူလက်ဝယ် မှာပဲ အပြည့်အဝပေးထားလို့ပဲ ဖြစ် ပါတယ်။
    ပုံနှိပ်စာအုပ်တွေကဲ့သို့ပဲ  E-book တွေအတွက် 'ကနဦးရောင်းချ ပိုင်ခွင့် (Right of First Sale)' နဲ့ 'မျှတစွာ သုံးစွဲခွင့် (Fair Us) ' ဆိုပြီး ဥပဒေ နှစ်မျိုး ထုတ်ပေးထားပါတယ်။
    ကနဦး ရောင်းချပိုင်ခွင့်ထဲမှာ ဖော်ပြထားတာကတော့ မူပိုင်ခွင့် ပြဋ္ဌာန်းထားတဲ့ စာအုပ်တစ်အုပ်ကို ဥပဒေကြောင်းအရ လက်ဝယ်ရရှိ ထားသူ သို့မဟုတ် ဝယ်ယူထားသူ တစ်ဦးတစ်ယောက်ဟာ မိမိဝယ်ယူ ထားတဲ့ စာအုပ်ရဲ့ ပထမဆုံးမူလ ကော်ပီကို ရောင်းချခွင့် သို့မဟုတ် တစ်ခြားတစ်ယောက် လက်ကိုပေး အပ်ခွင့် ရှိတယ်လို့ ဖော်ပြထားပါ တယ်။ အဲဒီလို ပေးအပ်ခွင့်၊ ရောင်းချ ခွင့်အားလုံးဟာ 'မျှတစွာ သုံးစွဲခွင့်' အောက်မှာလည်း အားလုံးကို ဖော်ပြ ပေးထားပါတယ်။
    E-book တစ်အုပ်ကိုဝယ်ယူသူ အတွက် အထူးအခွင့်အရေးအချို့ကို ပေးထားတဲ့ မျှတစွာသုံးစွဲခွင့်ဖြစ်ပြီး တစ်ဦးတစ်ယောက်ဟာ E-book ကို အသုံးပြုပြီးတာနဲ့ သို့မဟုတ် ထပ်အသုံးပြုစရာ မရှိတော့တာနဲ့ ထပ်အသုံး မပြုတော့တာနဲ့ ယင်းအနေနဲ့ အဆိုပါ E-book ကို ပြန်လည် ရောင်းချတာတို့ တစ်ခြားတစ်ဦးတစ်ယောက်ကို ပေးပစ်တာတို့ ပြုလုပ်နိုင်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.