23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
စာပေမူပိုင်ခွင့်၊ ထုတ်ဝေသူ အခွင့်အရေးနှင့် E-books များ - ၇ E-books များ ကော်ပီကူးခြင်းနှင့် E-books မူပိုင်ခွင့်

E.book တစ်အုပ်ကို Ebay လို အွန်လိုင်းပေါ် တင်ရောင်းဖို့ဆိုရင် တင်ရောင်းမယ့် ပုဂ္ဂိုလ်ဟာ စာရေး ဆရာ သို့မဟုတ် ပိုင်ရှင်ကို ဆက် သွယ်ပြီး မိမိအစီအစဉ်များကို  အ ကြောင်းကြားဖို့ လိုပါတယ်။ စာရေး ဆရာ သို့မဟုတ် ပိုင်ရှင်က အတည် ပြုပေးပါလိမ့်မယ်။

အဲဒီနောက်မှာလည်း ဆောင် ရွက်တဲ့ ဥပဒေကိစ္စ အဝဝကိုပါ စာရေးဆရာ သို့မဟုတ် ပိုင်ရှင်ကို အသိပေးရပါတယ်။ Pirate ပြုလုပ် ထားတဲ့ (မူပိုင် ခွင့်ကိုထိပါးခိုးချ ထားတဲ့) E-book တွေကို ရောင်းချ ခြင်း လုံးဝမပြုရပါဘူး။

E-book တစ်အုပ်အုပ်ကို လုံးဝ လွှင့်ပစ်ဖယ်ရှားပစ်ရတော့မယ်ဆိုတဲ့ အချိန်တွေမှာ လိုက်နာပြုလုပ်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ ကိုလည်း တင်းတင်းကြပ်ကြပ်ချပေးထားပါတယ်။

အဲဒါတွေကတော့ E-book တစ် အုပ်ဟာ လုံးဝဖယ်ရှားပစ်ရတော့ မယ်ဆိုရင် ကွန်ပျူတာတွေကနေ အဆိုပါ E-book တွေကို ခြေရာ လက် ရာမကျန် ဖျက်ဆီးဖယ်ရှားပစ်ရန်၊ Electronic စာအုပ်တွေသာမက Hard Copies ပုံစံနဲ့ ကူးယူထားခဲ့ရင် လည်း အားလုံး ဖျက်ဆီးပစ်ရန်၊ အဆို ပါ E-book ကို ဝယ်ယူထားမှုနဲ့ ဆက် စပ်နေသမျှ ဒေတာတွေ အားလုံးကို ဖယ်ရှားပစ်ရန် စတာတွေ ဖြစ်ပါ တယ်။

တစ်စုံတစ်ယောက် အနေနဲ့ သူတို့ရဲ့ E-book တွေကို လွှင့်ပစ် ဖျက်ဆီးရတော့မယ်ဆိုရင် အစအနမကျန် တော့အောင် သေချာဆောင် ရွက်ပေး ရပါတယ်။

ဘယ်လိုစာအုပ် ပုံစံမျိုးမှ မကျန်ရှိစေရအောင်ဖြစ်ပါတယ်။ E-book စာအုပ်အဖြစ်လည်းကောင်း E-book စာအုပ်ကို ဓာတ်ပုံရိုက် ထားတဲ့ သို့မဟုတ် ပုံနှိပ်ထားတဲ့ Hard Copy  အဖြစ်လည်းကောင်း မကျန်စေရ အောင် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။         အဲဒီလို အစအနမကျန်ခဲ့ရလေ အောင် ပြုလုပ်ပေးရခြင်းဟာ မလုပ် မဖြစ်လုပ်ပေးရမယ့် အဆင့်တစ်ခု ဖြစ်ပြီး အကယ်၍ ဖျက်ဆီးလွှင့်ပစ် ရမယ့် E-book  ဟာ ကော်ပီပုံစံ တစ်ခုခုနဲ့ ကျန်ရစ်နေခဲ့မယ်ဆိုရင် ဒါဟာ မူပိုင်ခွင့်ချိုးဖောက်မှု၊ မူပိုင်ခွင့် ထိပါးမှုဖြစ်ပြီး ဥပဒေအရ ရင်ဆိုင်ရ နိုင်တဲ့ပြစ်မှုတစ်ခုမြောက်သွားလို့ ဖြစ် ပါတယ်။

အလားတူပဲ ကွန်ပျူတာ တစ်လုံး ထဲမှာရှိတဲ့ E-book စာအုပ် တစ်အုပ် ကို သို့မဟုတ် အဲဒီ E-book စာအုပ်ရဲ့ ကော်ပီကို တစ်စုံ တစ်ယောက်က ရောင်းချဖို့ကြံစည်တယ်၊ ရည်ရွယ် တယ်ဆိုရင်လည်း ဒါဟာ မူပိုင်ခွင့် ချိုးဖောက်မှုမြောက်တယ်လို့ ဆိုထား ပါတယ်။ E-book တစ်အုပ်ကို ရောင်း ချအပြီး သို့မဟုတ် တစ်စုံတစ် ယောက်လက်ကို လွှဲအပ်အပြီးမှာ ဘယ်လို ကော်ပီကူးယူခြင်းမှပြုလုပ် မရနိုင်တော့ပါဘူး။

E-book တစ်အုပ်ကို ကော်ပီကူးယူခြင်း

တစ်စုံတစ်ယောက်ဟာ E-book ကို ကော်ပီကူးယူခွင့်အတွက် တရား ဝင်လက်ခံပေးထားတဲ့ အခြေအနေ တစ်ခုသာ ရှိပါတယ်။

အဲဒါကတော့ User အနေနဲ့ ကွန်ပျူတာ Hard Drive ထဲကို ebook ကို ထည့်သွင်းတဲ့အခါမှသာ ကော်ပီကူးယူခွင့်ရှိတာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ E-book ကိုဝယ် ယူထားသူအနေနဲ့ မိမိကိုယ်ပိုင် ကွန်ပျူတာထဲမှာသာ ကော်ပီကူး ခွင့်ရတဲ့သဘောပါ။

ဝယ်ယူထားသူအနေနဲ့ မိမိကိုယ် ပိုင် ကွန်ပျူတာများ အပါအဝင် မိမိ တိုက်ရိုက်ပိုင်ဆိုင်တဲ့ ကွန်ပျူတာများ ပေါ်မှာသာ E-book ကို ကော်ပီပွား ခွင့်ရတာ ဖြစ်ပါတယ်။ အဆိုပါ User ဟာ E-book ကို Hard Copy အဖြစ် ပါ ကော်ပီပွားယူနိုင်ပါတယ်။ E-book  ကို Print Out ပြုလုပ်နိုင်ပြီး အဲဒီ Print ထုတ်ထားတဲ့ E-book ကို ပြန် လည် မရောင်းချသရွေ့ သို့မဟုတ် တရားမဝင် ပြန်လည် Share မလုပ် သရွေ့ အဆိုပါ Hard Copy ကို ကော်ပီပြုလုပ် ပွားထားနိုင်မှာ ဖြစ်ပါ တယ်။

E-book  ကို ဝယ်ယူထားသူဟာ အဆိုပါ E-book ကို ကိုယ့်မိသားစုဝင် သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများကို ငှားရမ်းနိုင်ပါတယ်။ ဒါပေမယ့် မိသားစုဝင်များ၊ မိတ်ဆွေသူငယ် ချင်းကတစ်ဆင့် ပြန်လည် ကော်ပီ ကူးယူခြင်း၊ ပွားယူခြင်းတော့ ပြု လုပ်လို့မရပါဘူး။

သူတို့က တစ်ဆင့် ကော်ပီပွား လိုက်တဲ့ အခါမှာ မူလ E-book ဝယ် ယူထားတဲ့ ပိုင်ရှင်မှာသာ တာဝန်ရှိပြီး မူပိုင်ခွင့် ချိုးဖောက်မှု အတွက် ယင်း ကသာ တာဝန်ယူရမှာ ဖြစ်ပါ   တယ်။

E-book တစ်အုပ်အတွက် မူပိုင်ခွင့် ရယူလျှောက်ထားခြင်း

အမေရိကန် ပြည်ထောင်စုမှာ တော့ စာအုပ်တစ်အုပ်၊ မိမိကိုယ် ပိုင်လက်ရာ တစ်ခုခုအတွက် မူပိုင်ခွင့် ရ့ရှိဖို့ အဆိုပါစာအုပ် သို့မဟုတ် ကိုယ်ပိုင်ဖန်တီးမှုတစ်ခုခုကို မှတ်ပုံ တင်ပြုလုပ်ရမယ်လို့တော့ ဥပဒေ သတ်မှတ်ထားတာ မရှိပါဘူး။ မူပိုင် ခွင့်ရုံးမှာ မိမိရဲ့စာအုပ် သို့မဟုတ် လက်ရာတစ်ခုခုကို မှတ်ပုံတင်ဖို့ဆို တာ စာရေးသူ သို့မဟုတ် ဖန်တီး ရှင်ပေါ်မှာသာ လုံးဝမူတည်ပါတယ်။ မူပိုင်ခွင့်တစ်ခုဟာ မူလစာအုပ် သို့ မဟုတ် လက်ရာတစ်ခုခုအတွက် မူလဖန်တီးသူ၊ မူလရေးသားသူကို သာ ဖန်တီးပြီးတာနဲ့ အလိုအလျောက် ပေးအပ်သွားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တစ်စုံတစ် ယောက်က သူတို့ရဲ့ဖန်တီးမှု၊ ရေး သားမှုအတွက် မူပိုင်ခွင့်မှတ်ပုံတင်ချင် တယ်ဆိုရင်လည်း တရားဝင် သက် သေခံလက်မှတ်တစ်ခုကို ထုတ်ပေးပါ တယ်။

မူပိုင်ခွင့်ချိုးဖောက်မှုတစ်ခုခု ပေါ်ပေါက်ခဲ့တယ်ဆိုရင် မူပိုင်ခွင့် မှတ်ပုံတင်ထားတဲ့ စာအုပ်နဲ့ ဖန်တီးမှု တွေက ပိုမို အလွယ်တကူဖြေ ရှင်းနိုင် ပါတယ်။ အဆိုပါဥပဒေဟာ န-ဘသသု အပါအဝင် အားလုံးသောမူပိုင်ခွင့် ဖန်တီးမှုများအတွက် ချမှတ်ထားတာ ဖြစ်ပါတယ်။

E-book တွေဟာ လက်နဲ့ထိ တွေ့လို့မရတဲ့  Virtual ပုံစံပစ္စည်း တစ်ခုဖြစ်ပြီး Electronic ပုံစံလည်း ဖြစ်တာကြောင့် အလွယ် တကူ ရွှေ့ ပြောင်းနိုင်၊ လက်လွှဲနိုင်၊ ကော်ပီကူး ယူနိုင်တဲ့သဘောလည်း ဖြစ်နေပါ တယ်။ ဒါကြောင့် မူပိုင်ခွင့်ချိုးဖောက် မှုတွေဟာ E-book တွေမှာ ပိုမိုဖြစ် ပွားနိုင်ပါတယ်။

အကယ်၍ တရားမဝင်တဲ့ ကူး ယူမှုတွေပြုလုပ်မယ်၊ ရောင်းချမယ် ဆိုရင် မူပိုင်ခွင့်ပြုလုပ်ထားတဲ့ သက် သေခံလက်မှတ်ကိုပြပြီး ဥပဒေ ကြောင်းအရ ဖြေရှင်းကာ မူပိုင် ရှင်အတွက် အခွင့်အရေးကို ပြန် လည်ရယူနိုင်မှာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.