19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
စာပေမူပိုင်ခွင့်၊ ထုတ်ဝေသူ အခွင့်အရေးနှင့် E-book များ - ၉၊ E-book မဖြန့်ဝေမီ ကာကွယ်မှုအဆင့်များ

E-book နဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေဟာ နည်းပညာ ခေတ် အဆက်ဆက် အမြဲကြုံတွေ့ခဲ့ရတဲ့ ကိစ္စရပ်ဖြစ်တဲ့ အားလျော်စွာ နည်း ပညာ အသုံးပြုသူတိုင်းလိုလို လျစ်လျူ ရှုထားလို့လည်း မရနိုင်တဲ့ အနေအ ထားတစ်ခုလို့ ဆိုနိုင်ပါတယ်။ ပညာ ရှင်တွေ ဘယ်လိုပဲ ကြိုးစားအားထုတ် စေကာမူ ကံမကောင်းချင်တော့ မိမိရဲ့ E-book ကို တရားမဝင်ပွားခြင်း အန္တရာယ်ကနေ ၁ဝဝ ရာခိုင်နှုန်းကာကွယ်ဖို့ အာမခံပေးတဲ့ နည်းလမ်းတော့ ခုထိမရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဖြစ်ပွားနိုင်တဲ့ အခြေအနေအရပ်ရပ်ကို နည်းနိုင်သမျှနည်းအောင် လုပ်နိုင်မယ့်နည်းလမ်းအချို့သာ ရှာဖွေထားပါတယ်။ အခုဖော်ပြမှာကတော့ မိမိရဲ့ E-book တွေကို မဖြန့်ဝေခင်မှာ ကာကွယ်ထားနိုင်မယ့် အဆင့်ငါးဆင့် ဖြစ်ပါတယ်။ ဖော်ပြ ပေးခဲ့တဲ့ ဝက်ဘ်ဆိုက်ကတော့ www. virtrium.com က ဖြစ်ပြီး ဘယ်လ်ဂျီ ယမ်အခြေစိုက် ဆော့ဖ်ဝဲနဲ့ Content  များအတွက် Security ဆိုင်ရာ ဝန်ဆောင်မှုတွေကို ပြုလုပ်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။
 
၁) ဖိုင်တွေကို PDF  သို့ ပြောင်းခြင်း
    စာအုပ်တွေကို အွန်လိုင်းမှာ မဖြန့်ဝေခင်မှာ မိမိထားသိုရာနေရာ တွေကို မရွေ့စေဖို့အတွက် သေချာ နေရာတကျထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ PDF  အဖြစ် ပြောင်းပြီးမှ ဖြန့်ဝေတာဟာ ပိုမို Secure ဖြစ်ပါ တယ်။ မိမိက နဂိုမူရင်းဖိုင်အတိုင်း တင်စရာမလိုပါဘူး။ ဥပမာ - Word File, Pagemaker, Indesign စတာ တွေနဲ့ဖြစ်ဖြစ် စာအုပ်ကို ရိုက်ထား တယ်ဆိုရင်လည်း နောက်ဆုံးမှာ Finalise လုပ်ပြီးပြီဆိုရင်  Pdf format ကို ပြောင်းလဲလိုက်ပြီးမှသာ အတွင်း က နေရာအစီအစဉ်တွေလည်း မ ပြောင်းလဲမှာဖြစ်ပြီး ပိုမိုပြီးလည်း လုံ ခြုံရေးကို အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။
    Pdf Format မှာ Data Encryption လည်း ပြုလုပ်နိုင်ပြီး အင်တာ နက်ကတစ်ဆင့် ဒေတာအကူးအပြောင်းလုပ်တဲ့နေရာမှာလည်း လုံခြုံရေးဆိုင်ရာ အကာအကွယ်တွေလည်း ပြုလုပ်နိုင်ပါသေးတယ်။ User Access Level နဲ့ပတ်သက်ပြီးလည်း စိတ်ကြိုက်ပြုပြင်ထားလို့ ရပါတယ်။  ဖတ်သူတွေအနေနဲ့ ဘယ်အဆင့်ထိ ပြုလုပ်နိုင်မလဲဆိုတဲ့ အစီအမံလို့ ပြောနိုင်တဲ့ User Access Level ကို မိမိခွင့်ပြုတဲ့အထိ ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။
    နောက်တစ်ချက်က Virus တွေ Malware တွေကြောင့် လည်း မိမိရဲ့ PDF  ဖိုင်ထဲက ပါဝင်တဲ့ Content တွေကို မထိခိုက်စေနိုင်ပါဘူး။ တော် ရုံတန်ရုံ ထိခိုက်မှုတွေကို ခံနိုင်ရည် ရှိတတ်ပြီး Format မတူခြင်း ဆိုင်ရာ တွေကိုလည်း များသောအားဖြင့် အထောက်အပံ့ပေးပါသေးတယ်။

(၂) E-book ကို Watermark ထည့်ပါ
    E-book ထဲမှာ ရေစာ (Water-mark) ထည့်ခြင်းဟာလည်း E-book လုံခြုံရေးအတွက် အပြည့်အဝမဟုတ်တောင် တစ်နည်းတစ်လမ်းတော့ အထောက်အကူ ဖြစ်စေတဲ့ နည်းလမ်းတစ်ခုလို့ ဆိုပါတယ်။ Document ကြီးတစ်ခုလုံးမှာ မိမိနာမည်ကို ပလာစတာကိုင်ထားသလို ရေးရေးထည့် ပေးထားခြင်းအားဖြင့် ခရက်ဒစ်မပေးတဲ့ သူတွေအဖို့လည်း အခက်တွေ့စေနိုင်မယ်လို့ ထောက်ပြထားပါ တယ်။ Digital Watermarkတွေဟာ ဖယ်ရှားပစ်လို့လည်း မရ၊ ရွှေ့ပြောင်း လို့လည်းမရ၊ ပြောင်းပစ်လို့လည်း မရတာကြောင့် လုံခြုံရေးအဆင့်ကိုတော့ တိုးမြင့်စေတယ်လို့ဆိုနိုင်တာ ဖြစ်ပါတယ်။ စာရေးသူ သို့မဟုတ် E-book ပိုင်ရှင်တော်တော်များများဟာ web တွေပေါ်မှာ ယင်းတို့ရဲ့စာအုပ် ကို ဖြန့်ဝေတော့မယ်ဆိုရင် အဆိုပါ ရေစာထည့်သွင်းတဲ့နည်းလမ်းကို လည်း ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ကြ တယ်ဆိုတာကို တွေ့ရပါတယ်။

၃) မိမိရဲ့ E-book ကို Register ပြုလုပ်ထားပါ။

E-book ဆိုင်ရာ Digital Rights နဲ့ ဥပဒေတွေ ထွန်းကားနေတဲ့ နိုင်ငံတွေမှာတော့ E-book ကို အွန် လိုင်းမှာ မဖြန့်ဝေခင်ကို Register ပြုလုပ်ထားတတ်ကြပါတယ်။ E-book ကို Register ပြုလုပ်ထားခြင်းအားဖြင့် မူပိုင်ခွင့်ဆိုင်ရာမှတ်တမ်းကို လူသိရှင်ကြားပြုလုပ်ထားသလို ဖြစ်ပါတယ်။ မိမိ E-book  ကို မူပိုင်ခွင့်ချိုး ဖောက်ခံရခြင်း အန္တရာယ်ကလည်း အနည်းငယ်တော့ ကင်းဝေးစေတယ် လို့ ဆိုထားပါတယ်။ တကယ်လို့ မူပိုင် ခွင့်ချိုးဖောက်ခံရခြင်း ဖြစ်ပွားကြုံတွေ့ ခဲ့ရင်လည်း ရှေ့နေရှေ့ရပ်နဲ့ တိုင်ပင် ပြီး တရားဝင်တရားစွဲဆိုင်ခြင်း စတဲ့ တရားဥပဒေကြောင်းတွေကို ထင်သာ မြင်သာဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်။

(၄) တရားဝင်မူပိုင်ခွင့် ရှိထား ကြောင်းကို အကြောင်းကြား စာထုတ်ပါ
    မိမိဟာ E-book  တစ်ခုခုရဲ့ မူပိုင် ခွင့်ရထားသူဖြစ်ကြောင်း၊ မူပိုင်ခွင့်ကို အလိုအလျောက်ကိုင်ဆောင်ထားသူ ဖြစ်ကြောင်း စသည်ဖြင့် မူပိုင်ခွင့် လက်ဝယ်ရှိထားကြောင်းကို သတင်း စာ၊ ဂျာနယ်၊  အွန်လိုင်းစတဲ့ မီဒီယာ မျိုးစုံကနေ နို့တစ်စာ ထုတ်ပြန်ပြီး အကြောင်းကြား အသိပေးထားခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါ မိမိကE-bookကို ဖြန့်ချိတဲ့အခါမှာ တရားဝင် မူပိုင်ခွင့်ကြေညာစာလည်း ရှိထားတဲ့အတွက်ပိုမို လုံခြုံစေတယ်လို့ ဆိုပါတယ်။ ဒီလို ကြေညာစာထုတ်ခြင်း အားဖြင့် တစ်ကမ္ဘာလုံးကို ဒါဟာ မိမိရဲ့ မူပိုင်ပစ္စည်းဖြစ်ပြီး မိမိသာလျှင် ပိုင်ဆိုင်ပါကြောင်းကို ကြေညာပြီးသား လည်းဖြစ်တာကြောင့် မူပိုင်ခွင့်ချိုး ဖောက်မှုတွေကို အထိုက်အလျောက်တော့ ကာကွယ်ပြီးသားဖြစ်လို့ Secure ပိုမို ဖြစ်စေပါတယ်လို့ ဆိုပါတယ်။

(၅) DRM ဆော့ဖ်ဝဲကို အသုံးပြုပါ
    Digital Rights Management လို့ ခေါ်တဲ့ DRM ဆော့ဖ်ဝဲဟာ မြန်မာနိုင်ငံမှာတော့ အတွင်အကျယ် မသုံးကြသေးပါဘူး။ ဒါပေမယ့် အနောက်နိုင်ငံတွေမှာတော့ တော်တော်များများ သုံးလာကြပါတယ်။ မိမိစာအုပ်ကို ဘယ်သူတွေကိုပဲ ဖတ် စေချင်တယ်၊ ဘယ်အတိုင်း အတာထိ ပြုလုပ်ခွင့်ပေးတယ် စသည်အကြမ်းအားဖြင့် ခွင့်ပေးခြင်းများကို ဆော့ဖ်ဝဲသီးသန့်နဲ့ စီမံထားခြင်းကို DRM  လို့ ခေါ်ပါတယ်။ ဒီဆောင်းပါးကို ရေးတဲ့ ကုမ္ပဏီကိုယ်တိုင်လည်း ဒီလို DRM  ဆော့ဖ်ဝဲ အမျိုးအစားတွေကို ထုတ် လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။ DRM  ဆော့ဖ်ဝဲတွေကလည်း အမျိုး အစားများစွာ ရှိတတ်ပြီး မိမိနဲ့ကိုက်ညီပြီး ယုံကြည်စိတ်ချရတဲ့ဆော့ဖ်ဝဲကို ရွေးချယ်ခြင်းအားဖြင့် မူပိုင်ခွင့်ချိုး ဖောက်ခံရမှုကို အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်လို့ ဆိုပါတယ်။
    မူပိုင်ခွင့်ထိပါးမှုများမှ ကင်းဝေး ကြပါစေကြောင်း ဆုတောင်းပေးလိုက် ပါတယ်။

Ref: www.vitrium.com, www.nswwc.org, www.wikispaces.psu.edu.

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.