19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
စားသောက်မှုပုံစံလို Digital အလေ့အထကိုလည်း Diet လုပ်ကြမယ် - ၂

Digital Diet  ကို အနောက်နိုင်ငံက နာမည်ကျော်စာရေးဆရာတွေ ဘယ်လိုလုပ်ကြတယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေကို အများသူငါလည်းသိရှိဝေမျှလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားဖော်ပြခဲ့တဲ့ယခင်အပတ်က ဆောင်းပါးရဲ့အဆက်အနေနဲ့ ဆရာမဂရက်ချန် ကယ်လီရဲ့ Digital Diet ပုံစံအကြောင်းကိုဆက်ရင်း ဒစ်ဂျစ်တယ်လျှော့ချမှုနည်းလမ်းတွေအကြောင်းကို ဆက်လက်ဖော်ပြပါဦးမယ်။

(ဆရာမ ဂရက်ချန်ကယ်လီ၏ ပြောပြမှုမှအဆက်)

''မနက်ပိုင်း ကော်ဖီထိုင်သောက် နေချိန်မှာတော့ အင်တာနက်ကို ဖွင့်ကြည့်မြည်းစမ်းပါတယ်။ ကော်ဖီ သောက်လို့ ပြီးပြီဆိုရင်တော့ အားလုံးကို Log Off ပြန်လုပ်လိုက်တာပါပဲ။ ဒါကတော့ မနက်ပိုင်းအစီအစဉ် ပေါ့'' လို့ သူမက စတင်ဖွင့်ဟပါ တယ်။

 ''အရင်ကဆိုရင်တော့ စာရေးဆရာအဖွဲ့တွေရဲ့ စကားဝိုင်းတွေမှာတော့ စိတ်ဝင်စားတယ်ဆိုရင်အမြဲဝင်ပါမိတယ်။ သတင်းတွေ၊ နိုင်ငံ ရေးအတင်းအဖျင်း တွေနောက်ကို အမောတကြီးကိုလိုက်မိတယ်။ အဲဒီ နောက်မှာတော့ ကိုယ်တိုင်ဘာမှ မဖြစ်ထွန်းလာတာ၊ ပြောရရင် ကိုယ်တိုင်ဘာအလုပ်မှမဖြစ်လာတာကို တွေ့လာရတော့ အပြစ်ရှိသလို ခံစားလာမိတယ်။ ငါဘာမှလည်း မဖြစ်ထွန်းဘူး၊ Social Media တွေပေါ်မှာပဲ တစ်ချိန်လုံး လမ်းသလားနေမိတယ်၊ အဖြစ်တော့ရှိမလာဘူးဆိုတဲ့ စိတ်ကူးတွေ ဝင်လာတာပါ။

 နောက်ဆုံးမှာတော့ ကျွန်မတစ်ကိုယ်ရေခံစားမိတာ ဟန်ဆောင်မှုတွေကို စိတ်ကုန်လာမိခြင်းပါပဲ။ အမှန်တရားတစ်ခုကတော့ Social Media တွေပေါ်က ကျွန်မရဲ့ စိတ်အာရုံခံစားမှုဒီရေ ကျဆင်းလာခြင်းပဲ ဖြစ်ပါတယ်။ တချို့ ရက်သတ္တပတ် တွေမှာဆို Social Media တွေနဲ့ လုံးဝမချိတ်ဆက်ဘဲကိုနေမိပါတယ်။ များသောအားဖြင့် အားလပ်ချိန်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေလိုနေ့မျိုးတွေမှာဆို ကျွန်မလုံးဝ Offline ပဲနေပါတယ်။ နောက်ဆုံးမှာတော့ အားလုံးကို (အလုပ်၊ အားလပ်ချိန်နဲ့ Media အသုံးတွေကို) ချိန်ညှိလာနိုင် ပြီလို့ထင်ပါတယ်။ Balance ညီ အောင် နေနိုင်ဖို့ပဲအဓိကပါ။ အဲဒီလိုဆို စိတ်ချမ်းသာစရာကောင်းတဲ့ အ လယ်အလတ်နေရာလေးမှာ ပျော်ရွှင်မှာသေချာပါတယ်။ ဘယ်ဟာမှ အ လွန်အကျွံမဖြစ်တာ အကောင်းဆုံးပါ။ အလယ်အလတ်လမ်းလေးမှာပဲ အေးအေးနေမိတော့ အပြန်အလှန်ဆက်သွယ်မှုတွေဆိုတာလည်း သိပ် အာရုံမထားမိတော့ဘူး။ ဘယ်တော့မှမဆုံးတဲ့ Online Information တွေဆိုတာ နောက်လည်း အသည်းအသန်မလိုက်ဖြစ်တော့ဘူး။

ဒါပေမယ့်လည်း Diet လုပ်သလိုတော့ ဘယ်တုန်းကမှမလုပ်မိပါဘူး။ တကယ်တော့ ဟန်ဆောင်မှု အဖုံးအကာတွေကိုသာ ငြီးငွေ့သွားတာပါ'' လို့ သူမရဲ့ ဒစ်ဂျစ်တယ် ဘဝ တစ်စိတ်တစ်ပိုင်းကို ဖွင့်ပြောပါတယ်။

 ဒါတွေဟာ တကယ်တော့ Social Media တွေပေါ်မှာ တစ်နေ့ တာရဲ့အချိန်များစွာ အကုန်ခံနေတဲ့ Balance လူသားတွေ တစ်နေ့ဖြစ်လာ မယ့်စိတ်နေစိတ်ထားလို့လည်း ဆိုနိုင်ပါတယ်။ အားလုံးသော အရာတွေဟာ တစ်နေ့မှာ စိတ်ကုန်ခြင်း၊ ငြီးငွေ့ခြင်းဆိုတဲ့တစ်နေရာကို ရောက်လာမှာသေချာပါတယ်။ ဒါကြောင့်လည်း အဲဒီလိုနေ့ရောက်တဲ့အခါ Social Media တွေဆိုတာကိုလည်း မသုံးချင် တော့လောက်အောင် ဒါမှမဟုတ်လည်း အနည်းငယ်သာသုံးဖြစ်တော့ အောင် ဖြစ်လာမှာပါပဲ။ ဒီလိုနေ့ မရောက်လာခင်မှာ ဆင်ခြင်သုံးသပ်ရမှာကတော့ Social Medai အသုံးဟာ မိမိဘဝအတွက် ဘယ်လိုအကျိုးဖြစ် ထွန်းနေသလဲဆိုတာနဲ့ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကိုပါ ဘယ်လိုသက်ရောက်နေလဲဆိုတာ ဖြစ်ပါတယ်။ ဒါကတော့ ဂရက်ချန် ကယ်လီရဲ့Digital အသုံးပြုမှုဆိုတာနဲ့ဆက်စပ်ပြီး အကြံပြုချင်တာလေးပါ။ ဆက်လက်ပြီး စာရေးဆရာတစ်ဦးဖြစ်တဲ့ စတိဗ်ရို့စ်  (Steve Rose) ရဲ့ သဘောထားကိုလည်း ဆက်လက်ဝေမျှပါဦးမယ်။

''အစားအစာတွေကို သင့်တင့်မျှတစွာစားတဲ့ Diet လိုပဲ ၂ဝ၁၇ အတွက် ကျွန်တော့်ရဲ့ ဒစ်ဂျစ်တယ်လျှော့ချမှုကလည်းကျန်းမာတဲ့ Balance ဖြစ်စေမယ် ထင်ပါတယ်။ ဒစ်ဂျစ်တယ် Diet  မှာ ခန္ဓာကိုယ်အ တွက် လိုအပ်တဲ့အာဟာရတွေဖြစ်တဲ့ ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေကို မျှမျှတတစားသုံးဖို့လိုအပ်သလို ဒစ်ဂျစ်တယ်ဘဝမှာလည်း ကျွန်တော့်ရဲ့ကစီဓာတ်တွေကို ကျစ် လျစ်တဲ့စိတ်ကူးစိတ်သန် တွေပါတဲ့ စာတွေ၊ အသံဖိုင်တွေနဲ့ Podcasts တွေဆီကနေ ရယူပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကြွက်သားတွေ ဖြေလျှော့ဖို့အတွက်ကတော့ အသားဓာတ်တွေက ပြန်လည်သန်စွမ်းဖို့အတွက် အလိုအပ်ဆုံးဓာတ်တစ်မျိုးပါ။ ကျွန်တော့်အတွက် လိုအပ်တဲ့ဒစ်ဂျစ်တယ် အသားဓာတ်တွေကတော့ တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ပေးထားတဲ့အသံဖိုင် (audiobooks) စာအုပ်တွေ ဖြစ်ပါတယ်။ နောက်ဆုံး အဆီဓာတ်တွေကိုတော့ မေ့ထား လိုက်ပါတယ်။ ခုနကီငနအ တွေနဲ့တင် ကျွန်တော့်အဖို့ကလုံလောက်ပါပြီ။ ဒါပေမယ့် ကမ္ဘာမှာခေတ်စားနေတဲ့ ရေစီးတွေကိုလည်း အဆက်မပြတ်ရအောင်တော့ YouTube က ဗီဒီယို တွေကို ရံဖန်ရံခါကြည့်ပါတယ်။ လတ်တလောပွဲလေးတွေနဲ့ နိုင်ငံရေးခြေလှမ်းတွေကို အလျဉ်းသင့်သလို ဝင် ကြည့်ဖြစ်ပါတယ်။

အဲဒီလိုမျှတတဲ့ Ditital Diet ပုံစံနဲ့ ၂ဝ၁၇ ဟာ စိတ်ချမ်းသာဖွယ် အင်မတန်ကောင်းတဲ့ Digital နှစ် တစ်နှစ် ဖြစ်လာပါစေလို့ မျှော်လင့်မိ ပါတယ်''

 နောက်ထပ်တစ်ဦးဖြစ်တဲ့  ဆရာ ဒါလင်စီကူးလ်ဟိုဗင် (Dalindey Koolhoven) ရဲ့ Digital diet  အကြောင်းကိုလည်း လေ့လာမေးမြန်းဖြစ်ပါတယ်။

 ''ဒီနှစ်ကတော့ ကျွန်မအတွက် ဒစ်ဂျစ်တယ်အပြောင်းအလဲတစ်ရပ် ဖြစ်လာမှာပါ။ လောလောဆယ်မှာ ကျွန်မဖုန်းတွေနဲ့ ဝေးဝေးမှာပဲ နေချင်လာတယ်။ အပြင်လောကနဲ့ ပိုနီးနီး ကပ်ကပ်နေချင်လာတယ်။ ကိုယ့် အနေနဲ့က စာရေးတဲ့အလုပ်နဲ့ ဆက်နွယ်ပြီး ဘလော့တစ်ခု ထောင်ထားတယ်၊ Youtube Channel  တစ်ခု ဖွင့်ထားတဲ့အချိန်မှာ ဒီလို စိတ်ဖြစ်လာတာ နည်းနည်းတော့ ခက်ခဲတယ်လို့ ဆိုရပါမယ်။

 

ကလျာအိအိလွင်

 

(ဆက်လက်ဖော်ပြပါမည်)

 Ref: www.discover.wordpress.com

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.