14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
မီဒီယာ ၊ အွန်လိုင်း သတင်းများနောက်ကွယ်က Fake News များအကြောင်း-၃

မတိကျမရေရာတဲ့ အချက်အလက်တွေဆိုတာကိုလည်း ''စီအီးအို ငါးယောက်မှာ တစ်ယောက်ဟာ စိတ်ဝေဒနာရှင်တွေ ဖြစ်တတ်'' ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ သတင်းကို ဥပမာပေးပါတယ်။ အဲဒီသတင်းဟာ သက်ဆိုင်သူတွေအတွက် အရမ်းကို စိတ်ဝင်စားဖွယ်သတင်းဖြစ်ပေမယ့် တကယ်တမ်းရေးသားထားတာတွေကို ဖတ်ကြည့်မယ်ဆိုရင်တော့ စီအီးအိုဆိုတာ တကယ့်စီအီးအိုတွေကို ဆိုလို တာမဟုတ်ဘဲ နယ်ပယ်တစ်ခုထဲက ခေါင်းဆောင် အချို့လောက်ကိုသာ ဆိုလိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီ သတင်းကို အမှန်ရေးမယ်ဆိုရင် လူစိတ်ဝင်စားမှု မမြင့်တက်နိုင်တာ ကြောင့် စိတ်ဝင်စားစေမယ့် အသုံးအနှုန်းတွေနဲ့ လှည့်ပတ်ဖော်ပြခြင်းမျိုးလို့လည်း ဆိုနိုင်ပါတယ်။

 

Fake news တွေကို

ဘယ်လိုသိရှိ ရှောင်ကြဉ်နိုင်မလဲ

ဒီကိစ္စကတော့ ခုချိန်ထိအတိ အကျအဖြေမထုတ်နိုင်သေးတဲ့ အငြင်းပွားဖွယ်ပြသနာ တစ်ခု ဖြစ်နေဆဲပါ။ ဒါပေမယ့်လည်း အတတ်နိုင်ဆုံး ဖြစ်နိုင်ခြေအဖြေတွေကိုတော့ အသီးသီး ထုတ်လာကြပါတယ်။

မိမိဖတ်လိုက်မိတဲ့ သတင်းတွေဟာ ဘယ်လိုရင်းမြစ်ကလာတယ်ဆိုတာကတော့ အရေးပါဆုံး ဖြစ်နိုင်ပါတယ်။ အဲဒီသတင်းကို Publish ပြုလုပ်တဲ့ သတင်းရင်းမြစ်ဟာ မိမိ တစ်ကြိမ်တစ်ခါမျှ မကြားဖူးတဲ့ ရင်းမြစ်တစ်ခုဖြစ်နေရင်တော့ ဒါဟာ Fake News တစ်ခုခုဖြစ်ဖို့ ဖြစ်နိုင်ခြေ များနေပါပြီ။

အမေရိကန် စာရေးဆရာကြီး Edgar Allan Poe (၁၈ဝ၉-၁၈၄၉) က တစ်ခါက ပြောခဲ့ဖူးပါတယ်။ ''အမေရိကမှာ ကိုယ်ကြားသမျှ သတင်းတွေကို အားလုံးမယုံလိုက်ပါနဲ့၊ ကိုယ်တိုင်မြင်တဲ့ ကိစ္စတွေရဲ့ တစ်ဝက်လောက်ကိုသာ ယုံကြည်ပါ'' လို့ ဆိုခဲ့ပါတယ်။ ဆရာကြီးဟာ အင်တာနက်ခေတ်ကိုသာ မီလိုက်မယ်ဆိုရင် ကိုယ်တိုင်မြင်တာတွေရဲ့ တစ်ဝက် လောက်ကိုသာယုံပါဆိုတဲ့ ပမာဏကို ပြင်ပြောရင်ပြောလိမ့်မယ်လို့ www.aarp.org က ဆောင်းပါးတစ်ခုထဲမှာ ရေးသားထားပါတယ်။

စာနယ်ဇင်းလောကဆိုတာ ပေါ်လာကတည်းက အဝါရောင် စာနယ်ဇင်း (Yellow Journalism) ဆိုတာကလည်း ကပ်လျက်ဖြစ်တည်ခဲ့ပါတယ်။ လူစိတ်ဝင်စားမှု ပိုများအောင် သတင်းခေါင်းစဉ်တွေကို ချဲ့ကားပေးခြင်းတို့၊ ထင်ယောင်ထင်မှားတွေ ထင်မြင်ယူဆသွားအောင် လမ်းလွဲစေမယ့်သတင်းခေါင်းစဉ်တွေ တပ်ခြင်းတို့ စတာတွေဟာ လုပ်ကြံသတင်းလို့ ခေါ်နိုင်မယ့် Fake News တွေရဲ့ တစ်စိတ်တစ်ပိုင်းတွေ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း Fake News တွေဟာ ဟိုဘက်ခေတ်ကနေ သည်ဘက်ခေတ်အထိ နိုင်ငံရေးနယ်ပယ်မှာ အသုံးချစရာလက်နက်တစ်ခုလို ခေတ်အဆက်ဆက် သုံးခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးနယ်ပယ် တစ်ခုတည်းမှာတင် မဟုတ်ဘဲ တခြားနယ်ပယ်တွေမှာလည်း Fake News ဆိုတဲ့ လက်နက်ကို သုံးနေကြပေမယ့် အများဆုံးတွေ့နိုင်တာက နိုင်ငံရေးနယ်ပယ်ဖြစ်တဲ့အတွက်လည်း ဒီလိုဆိုရခြင်းပါ။

ဘယ်လိုပဲဖြစ်ဖြစ် Fake News တွေကို ဖန်တီးထုတ်လုပ်ခြင်းရဲ့ အဓိကတွန်းအားကတော့ ငွေကြေးလို့ ဆိုပါတယ်။ စာရေးဆရာ တစ်ဦးဟာ Fake News သတင်းဆောင်းပါးတွေ ကို ရေးသားပေးဖို့အတွက် ကြော်ငြာလုပ်ငန်းတစ်ခုဆီက လစဉ် ကန်ဒေါ်လာတစ်သောင်း ရရှိတယ်လို့လည်း သိရပါတယ်။ ဒါကတော့ Fake News တွေရဲ့ အခြေခံဟာ ငွေကြေးပဲဆိုတာကို သိနိုင်ပါတယ်။

သီအိုရီကြီးလေးခုအပေါ်မှာ အခြေပြုထားတဲ့ ကမ္ဘာ့စာနယ်ဇင်း လောကဟာ ပုံစံမျိုးစုံသော စာနယ်ဇင်းသမားတွေ၊ ခံယူချက်မျိုးစုံသော စာနယ်ဇင်းသမားတွေနဲ့ အပြည့်ပါပဲ။ စာနယ်ဇင်းသီအိုရီလေးခုကို  အကျဉ်းဖော်ပြရရင် အာဏာရှင် သီအိုရီ (Authoritarian Theory)၊ ဆိုဗီယက် ကွန်မြူနစ်သီအိုရီ (Soviet Communist Theory)၊ လွတ်လပ်သော အတွေးအခေါ်ရှိခြင်း (Libertarian)နဲ့ လူမှုတာဝန် သိတတ်မှု (Social Responsibility) တို့ ဖြစ်ပါတယ်။

အာဏာရှင်သီအိုရီကတော့ ရှေးအကျဆုံးစာနယ်ဇင်း သီအိုရီတစ်ခုဖြစ်ပြီး ဘုရင်စနစ်၊ အာဏာရှင်စနစ်တိုင်းပြည်တွေမှာ တွေ့ရလေ့ရှိပါတယ်။ စာနယ်ဇင်းတွေဟာ အစိုးရရဲ့ လက်ကိုင်တုတ်အဖြစ် အစိုးရက ထိန်းချုပ်အသုံးချခံရတာကြောင့် လူထုအတွက် စာနယ်ဇင်း (Servant of Citizen) မဟုတ်ဘဲ အစိုးရအတွက် (Servant of Government) သာဖြစ်ရတဲ့ စာနယ်ဇင်း အမျိုးအစားဖြစ်ပါတယ်။

ဆိုဗီယက်ကွန်မြူနစ် စာနယ်ဇင်း အမျိုးအစားကတော့ အစိုးရရဲ့ ဝါဒဖြန့်မှုတွေအတွက် အသုံးချခံဖြစ်တဲ့ စာနယ်ဇင်းဖြစ်ပြီး သတင်းအချက် အလက်အားလုံးကို အစိုးရက ထိန်း ချုပ်ထားတာ ဖြစ်ပါတယ်။

လွတ်လပ်စွာရပ်တည်တဲ့ Libertarian စာနယ်ဇင်းမျိုးကတော့ ကိုယ်ပိုင် အတွေးအမြင်နဲ့ လွတ်လပ်စွာ တွေးခေါ်ရပ်တည်ပြီး အမှန်တရားကို နားလည်ကာ ကျိုးကြောင်းမျှတစွာ ဆင်ခြင်နိုင်စွမ်းရှိတဲ့ စာနယ်ဇင်းမျိုးကိုခေါ်ပါတယ်။ အာဏာရှင်သီအိုရီနဲ့ ဆန့်ကျင်ဘက်လည်း ဖြစ်ပါတယ်။ ''စာနယ်ဇင်းဆိုတာ လူထုအကျိုးအတွက် ဆောင်ရွက်ပေးတဲ့ သီးခြားအဖွဲ့အစည်းတစ်ခုသာ ဖြစ်သင့်တယ်'' ဆိုတဲ့ သီအိုရီပါ။ အဲဒီသီအိုရီဟာ စာနယ်ဇင်းနဲ့ အစိုးရတို့ရဲ့ ကဏ္ဍကို သီးခြားစီခွဲခြားရှုမြင်ပြီး လွတ်လပ်တဲ့ စာနယ်ဇင်းအတွေးအခေါ်ကို တည်ထောင်တဲ့သီအိုရီလည်း ဖြစ်ပါတယ်။

နောက်တစ်မျိုးကတော့ လွတ်လပ်စွာ  ရပ်တည်နိုင်တဲ့ စာနယ်ဇင်းများအတွက် ပိုမိုအထောက်အပံ့ဖြစ်စေတဲ့ အတွေးအခေါ်တွေနဲ့ မွမ်းမံထားတဲ့ Social Responsibility ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်တွေ ကောင်းကောင်းလည်ပတ်နိုင်စေဖို့၊ လူထု အနေနဲ့လည်း လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရရှိသိရှိနေစေဖို့၊ အမျိုးမျိုးသော အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့၊ ဖျော်ဖြေပေးနိုင်ဖို့၊ လူထုအတွက် အစိုးရကိုစောင့်ကြည့် ဝေဖန်ပေးဖို့၊ ရောင်းသူဝယ်သူကြားမှာ ဆက်သွယ်မှုတွေ ဖန်တီးပေးနိုင်ဖို့၊ စီးပွားရေးလုပ်ငန်းရှင်တွေလို ပြင်ပက အင်အားရှိသူတွေရဲ့ ဖိအားတွေကို ရှောင်ကြဉ်နိုင်ဖို့၊ ကိုယ်ပိုင်အကျိုးအမြတ် တစ်စုံတစ်ရာရှာဖွေဖို့ စတဲ့ လူမှုတာဝန်သိတတ်မှုတွေရှိဖို့ပဲ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ လူသားတွေက သတင်းစစ်၊ သတင်းမှန်ကိုသာ တောင့်တမှုနဲ့အတူ နောက်ဆုံး သီအိုရီနှစ်ခုကသာ ပိုမိုခေတ်စား သုံးနှုန်းလာကြပါတယ်။

သတင်းစစ်၊ သတင်းမှန်တွေနဲ့အတူ Fake News တွေလည်း လက်ညှိုးထိုးမလွဲ ပေါများနေတဲ့ ခေတ်အခါမှာ ဘယ်ဟာတွေကတော့ ယုံကြည်သင့်တယ်၊ ဘယ်ဟာတွေကတော့ ချင့်ချိန်ယုံကြည်ရမယ်ဆိုတာတွေကို ဖတ်မိ၊ စုဆောင်းမိသလောက် အချက်အလက်တွေနဲ့ ဖော်ပြလိုက်ပါ တယ်။

- သတင်းရင်းမြစ်ကို အဓိကကြည့်ပါ။

- သတင်းခေါင်းစဉ်ကိုချည်း မဖတ်ဘဲ

- သတင်းတစ်ပုဒ်လုံးကို ဖတ်ပါ။

- သတင်းရေးသူ (Author) ဘယ်သူလဲ ဆိုတာလည်း ကြည့်ပါ

- သတင်းရဲ့ နေ့စွဲကို ကြည့်ပါ

- ဟာသပုံစံရေးသားခြင်းလားဆိုတာကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။

- ကျွမ်းကျင်သူများကို တိုင်ပင်ပါ။

- အလားတူသတင်းတွေကို ဘယ်သူတွေကလည်း ရေးသားဖြန့်ချိလဲ။ (Source တစ်ခုတည်းကဖော်ပြတဲ့ သတင်းတွေက ယုံကြည်ရဖို့ အားနည်းတတ်ပါတယ်။ မိမိဖတ်နေကျ သတင်း မိဒီယာတွေအားလုံးမှာ ပါလာတဲ့ သတင်းမျိုးကတော့ ယုံကြည် နိုင်ဖို့ ရာခိုင်နှုန်းများတတ်ပါတယ်။)

- လူမှုမီဒီယာခေတ်မှာ Comment တွေကိုလည်း ထည့်သွင်းတွက်ချက် နိုင်ပါတယ်။

 

ကလျာအိအိလွင်

Ref: www.favecheck.org,wikipedia,www.aarp.org , www.comm,uky.edu

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.