14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
အွန်လိုင်း Fake News တွေအတွက် ယုံကြည်မှုတိုင်းတာခြင်း စံသတ်မှတ်ချက်များ

Social Media ခေတ်ထဲမှာ လူတွေဟာ သတင်းရဖို့အတွက် Social Media တွေမှာ အများဆုံးရှာဖွေ လာကြပါတယ်။ ဒါကတော့ ရှင်းပါတယ်။ သူတို့ အမြဲအချိန်ပေးတဲ့  Social Media  ပေါ်ကို သတင်းရင်းမြစ်တွေကလည်း လိုက်ပါလာလို့ပဲဖြစ်ပါတယ်။

အဲဒီလို လိုက်ပါလာတဲ့ သတင်းရင်းမြစ်တွေထဲမှာ Mainstream သတင်းရင်းမြစ်တွေအပြင် မကြာသေးမီကမှ ပေါ်လာတဲ့ သတင်းရင်းမြစ်တွေကလည်း တစ်ပုံတစ်ပင်ပါ။

Social Media ပေါ်က လူတွေအနေနဲ့လည်း လူသားတွေရဲ့ သဘာဝအတိုင်း သတင်းထူးသတင်းဦးလို့ထင်ရတဲ့ သတင်းတွေကိုသိရတာနဲ့ မိတ်ဆွေတွေနဲ့ဝေမျှချင်တာ သဘာဝပါပဲ။ ဒီတော့ သတင်းထူးတယ်ထင်တာလေးတွေကို အလိုလို ရှဲမိတာများပါတယ်။ ဒီလိုနဲ့ သတင်းကွန်ရက်က ပိုမိုကျယ်ပြန့်လာပါတော့တယ်။

အဲဒီလို သတင်းတွေကို ဝေမျှတဲ့အခါမှာ သတင်းတွေက အစစ်အမှန် သတင်းတွေဆိုရင်တော့ ပြဿနာမရှိပေမယ့် သတင်းစစ်၊ သတင်းမှန်တွေထဲမှာ Fake News တွေ ရောနှောပါလာတဲ့အခါမှာတော့ ပြဿနာရှိလာပါပြီ။ လူတွေဟာ သူတို့ယုံကြည်လိုတဲ့အရာ၊ သတင်းတွေအပေါ်မှာ ပိုမိုယုံ ကြည်ဖို့ အားသာတတ်တဲ့ သဘာဝရှိပါတယ်။ ဒီလိုအခါမှာ Fake News တွေ ရောနှောထားတဲ့ သတင်းတွေဟာ လူတွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ လူတွေ ကြားလိုတဲ့သတင်းကို လုပ်ကြံထားတာတို့၊ လူတွေသိလိုတဲ့ အရာကို အမှန်ဖြစ်သယောင် ရေးထားတာတို့ အဲဒီလို သတင်းမျိုးတွေဟာ လှည့်စားရအလွန်လွယ်တဲ့ Fake News မျိုးတွေဖြစ်ပြီး အလွန်လည်းပေါများတာကို တွေ့ရပါတယ်။ အဲဒီလို Fake News ပုံစံမျိုးတွေဟာ လူတွေအထူးစွဲလမ်းတတ်တဲ့ လူမှုကွန်ရက်တွေပေါ်မှာ ပေါများစွာ တွေ့ရတတ်ပါတယ်။ လူတွေကလည်း မိမိနှစ်သက်တဲ့ သတင်းလေးကို တွေ့တာနဲ့ Sahre ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီးသား ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် Social Media ပေါ်က Fake News တွေရဲ့ ကြီးထွားမှုကလည်း ဒီဘက်နှစ်ကာလတွေမှာ ပိုပြီးတော့ ကြောက်စရာကောင်းလာတာ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားနိုင်ငံဟာ အွန်လိုင်းကို အသုံးပြုပြီး Fake News တွေကို တမင်ပျံ့နှံ့အောင် ပြုလုပ်ခဲ့ပါတယ်။ သူတို့အသုံးပြုခဲ့တဲ့ Social Media ကတော့ အဓိက Facebook ဖြစ်ပါတယ်။ အဲဒီ Fake News တွေဟာ Donald Trump အနိုင်ရသွားစေဖို့၊ ရွေးကောက်ပွဲရဲ့ မဲတွေကို တစ်ဖက်ကို ယိမ်းယိုင်သွားစေဖို့ တမင်ရည်ရွယ် ပြုလုပ်ဖြန့်ချိခဲ့တာလို့ သံသယရှိလျက် ရှိကြပါတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် Social Media တွေမှာ Fake News တွေဟာ မျောပါလာလျက်ရှိတယ်ဆိုတာကို တွေ့နိုင်ပါတယ်။

ပြီးခဲ့တဲ့လထဲမှာလည်း Facebook, Google နဲ့ Twitter တို့က ဝန်ထမ်းအကြီးအကဲပိုင်း တချို့ဟာ ဝါရှင်တန်ဒီစီက လွှတ်တော်တရားရေးကော်မတီရုံးကို လာရောက်ကာ သမ္မတရွေးကောက်ပွဲကို စွက်ဖက်လို၊ လွှမ်းမိုးလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တဲ့ ရုရှားရဲ့အွန်လိုင်းလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး သွား ရောက်ထွက်ဆိုခဲ့ရပါတယ်။ အဲဒီ ကုမ္ပဏီကြီးသုံးခုစလုံးဟာ ကြားနေအဖွဲ့အစည်းတစ်ခုက ကမကထပြုလုပ်တဲ့ “The Trust Project” လို့ အမည်ပေးထားတဲ့ Fake News တိုက်ဖျက်ရေးစီမံကိန်းမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်တော့မယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ အဲဒီစီမံ ကိန်းက Trust Indicators ဆိုတဲ့ မှန်ကန်မှုတိုင်းတာတဲ့ Tool တွေကို ဖန်တီးဖို့ဖြစ်ပါတယ်။ အဲဒီ Trust indicator တွေက စာဖတ်သူတွေကို သတင်းတွေ၊ ဆောင်းပါးတွေဟာ ဘယ်လောက် အတိုင်းအတာထိ စစ်မှန်မယ်၊ ယုံကြည်နိုင်မယ်ဆိုတာကိုသိရှိနိုင်ဖို့ တစ်ဖက်တစ်လမ်းက ကူညီ ပေးမယ့် Tools တစ်မျိုးပါ။

Facebook, Google နဲ့ Twitter တို့ပါ ပါဝင်ပူးပေါင်းထားတဲ့ အဆိုပါအဖွဲ့အစည်းကြီးအနေနဲ့ ယုံကြည်စိတ်ချရတဲ့ စာနယ်ဇင်းများကို စာဖတ်သူတွေအနေနဲ့ သိရှိနားလည်လာစေဖို့ ဝိုင်းဝန်းကူညီမှာ ဖြစ်ပါတယ်။ ဒါကလည်း သူတို့ရဲ့ အကျိုးအမြတ်ကော၊ လူမှုကွန်ရက်သုံးစွဲသူတွေရဲ့ အကျိုးကော၊ ရေရှည်ရပ်တည်ဖို့အတွက်ပါ မလုပ်မဖြစ် လုပ် ရတော့မယ့်အဆင့်တစ်ခုလို့ ထင်မိပါတယ်။ အဲဒီအဆင့်မှာ သူတို့က ဒစ်ဂျစ်တယ်စံသတ်မှတ်ချက်လို့ အမည် ပေးထားတဲ့ Digital Stanards တစ်ခုချမှတ်ပြီး စတင်ဆောင်ရွက်တော့မယ်ဆိုပါတယ်။ အဲဒီစံသတ်မှတ် ချက်တွေကတော့-

(၁) သတင်းတွေ၊ ဆောင်းပါးတွေကို ထုတ်ဝေဖြန့်ဖြူးရာမှာ ဘယ်သူက ငွေစိုက်ထုတ်ပေးထားတဲ့ သတင်းဌာန၊ အဖွဲ့အစည်းလဲ၊ ဘယ်လောက် အတိုင်းအတာထိ တိကျမှန်ကန်ခဲ့လဲစတဲ့ သမိုင်းကြောင်းနဲ့ နောက်ခံအနေအထား။

(၂) စာရေးသူရဲ့ ကိုယ်ရေးအပြည့်အစုံ၊ ကျွမ်းကျင်မှု၊ ဘယ်အကြောင်း အရာတွေအပေါ်မှာ အများဆုံးရေး သားခဲ့တယ်ဆိုတဲ့အချက်။

(၃) အတွေးအမြင်၊ လေ့လာဆန်းစစ်မှု၊ ကြော်ငြာစတဲ့ ကွဲပြားတဲ့ စာရေးသားမှုအမျိုးအစား။

(၄) သတင်း၊ ဆောင်းပါးများရဲ့ နောက်ကွယ်က ပင်မသတင်းရင်းမြစ်တွေ (Citations and References) နဲ့ အဲဒီ ပင်မသတင်းရင်းမြစ်တွေကို ကြည့်လို့ရမရ။

(၅) သတင်းနောက်ကွယ်က ရည်ရွယ်ချက်နဲ့ လုပ်ငန်းအဆင့်ဆင့်။ သတင်းထောက်တစ်ဦးဟာ သတင်းတစ်ပုဒ်ကို ဘာကြောင့်လိုက်သလဲ၊ ဘယ်လိုလိုက်ပြီး ရေးသားခဲ့သလဲဆိုတဲ့ နည်းနာ။

(၆) သတင်းတစ်ပုဒ်ဟာ ဒေသခံတွေဆီက သတင်းရင်းမြစ်ယူပြီး ရေးတာမျိုးလည်း ဖြစ်သင့်ပါတယ်။

(၇) သတင်းရင်းမြစ်တစ်ခုတည်းဆီက အသံမဟုတ်ဘဲ ဘက်ပေါင်းစုံ အမြင်တွေဆီက မတူညီတဲ့အသံတွေပါဝင်ခြင်း။

(၈) စာဖတ်သူတွေဘက်ကလည်း သတင်းဆောင်းပါးတွေကို ထင်မြင်ချက်ပေးနိုင်ခြင်း။ စာဖတ်သူများရဲ့အမြင်ကို အရေးတယူဆောင်ရွက်ပေးခြင်း။ စတာတွေဖြစ်ပါတယ်။

၂ဝ၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ Donald Trump အောင်ပွဲခံခဲ့တဲ့နောက်ပိုင်း ပိုမိုထင်ရှားလာတဲ့ Fake News ဆိုတဲ့ ဝေါဟာရနဲ့အတူ Fake News Issue ဟာ ဒီနှစ်ထဲမှာတော့ မဖြစ်မနေအရေးယူ ဆောင်ရွက်ရတော့မယ့် ကိစ္စတစ်ခု ဖြစ်လာပါပြီ။ လူပေါင်းများစွာအပေါ် လွှမ်းမိုးနေတဲ့ Social Media ဟာ Fake News တွေအတွက် အကောင်းဆုံးနဲ့ အလွယ်ကူဆုံး Platform တစ်ခုဖြစ်နေတဲ့အတွက် အင်တာနက်က သတင်းတွေအပေါ် ဘယ်လိုနည်းတွေနဲ့ လွှမ်းမိုးသက်ရောက်နေတယ်ဆိုတာကို ဆန်းစစ်ပြီး မှန်ကန်တဲ့ အဖြေရှာဖို့ လိုအပ်လာတာလည်း ဖြစ်ပါတယ်။ အဲဒီလိုအပ်ချက်ကြောင့် Trust Project ကို စတင်ဖန်တီးလိုက်ခြင်းသာ ဖြစ်ပါတယ်။

 

ကလျာအိအိလွင်

Ref: www.nst.com.my, www. techcrunch.com, www.cjr.org, www.media.fb.com.

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.