အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ကွန်ပျူတာစကား..၁၄

ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်တွေ၊ အဓိပ္ပာယ်တွေကို ဖော်ညွှန်းတဲ့ ကွန်ပျူတာ စကားတွေ ပြောရာမှာ ရုပ်သဘောအရ တည်ရှိနေတဲ့ အစိတ်အပိုင်းတွေကို ချန်ထားလို့ မဖြစ်တာကြောင့် ပြောပြီးသား တချို့ကို ထပ်ပြောသလိုမျိုး ဖြစ်နေတာ တွေ့ရလိမ့်မယ်။ အသုံးအနှုန်းဆိုတာ သဘာဝ သဘောတရား မပါဘဲ ရှင်းလင်းရတာ ခက်ခဲတတ်ပါတယ်။ ဆေးပညာ အကြောင်းပြောတဲ့ နေရာမှာ ခန္ဓာဗေဒကိုတော့ အခြေခံရလိမ့်မယ်။ ခန္ဓာဗေဒကို မသိဘဲနဲ့ ရောဂါနဲ့ဆေး အခေါ်အဝေါ်တွေကို ပြောဖို့ ခက်ခဲသလိုမျိုးပေါ့။ ကွန်ပျူတာ စနစ်အကြောင်း ပြောတဲ့နေရာမှာလဲ သမားရိုးကျ အသုံးပြုလေ့ရှိတဲ့ အစိတ်အပိုင်းတွေ၊ ပစ္စည်းကိရိယာတွေနဲ့ ဝေါဟာရ အဓိပ္ပာယ်တွေကို တွဲဖက်ပြောဆိုရ ပြန်ပါတယ်။
 
 ကွန်ပျူတာ တစ်လုံးကို ဝယ်ယူ အသုံးပြုတော့မယ်ဆိုရင် ကွန်ပျူတာ စနစ်မှာ ဘာတွေပါမလဲ ဆိုတာကို သိဖို့သက်ဆိုင်ရာ အခေါ်အဝေါ်တွေ ကိုသိထားရပါမယ်။ မိမိဝယ်ယူမယ့် ကွန်ပျူတာကို တစ်ကိုယ်ရေသီးသန့် အသုံးပြုရမယ့် လုပ်ငန်းတွေ ရှိနိုင်သလို တခြားကွန်ပျူတာတွေနဲ့ဖြစ်ဖြစ်၊ ဆက်နွယ်ကိရိယာ တစ်ခုနဲ့ဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ ကွန်ရက် စနစ်ကို သုံးကြရတာတွေလဲ ရှိနေပါတယ်။ ဒါကို Network ချိတ်တယ် လို့ လွယ်လွယ်ပြောနိုင်ပါတယ်။
 
 ရုံးတစ်ရုံး ဒါမှမဟုတ် လုပ်ငန်းတစ်ခုခုအတွင်းမှာ ဌာနစိတ်ချင်း ဆက်သွယ်ဆောင်ရွက်တဲ့အခါမျိုးမှာ ဖြစ်ဖြစ်၊ ကွန်ပျူတာတစ်လုံးထက် မက အသုံးပြုတဲ့လုပ်ငန်းမှာ ပရင့်တာ တစ်လုံးကို အားလုံးဝိုင်းသုံးတဲ့အခါမှာ ဖြစ်ဖြစ်၊ Lan - Local Area Network ဆိုတဲ့ နယ်မြေတွင်း ကွန်ရက် စနစ်ကို အသုံးပြုကြရတယ်။ ပထဝီ ဝင်အနေအထားအရ ကွာလှမ်းတဲ့နေ ရာတွေမှာရှိတဲ့ ကွန်ပျူတာတွေနဲ့ ချိတ်ဆက်အသုံးပြုတဲ့ ကွန်ရက်စနစ် ကိုတော့ WAN-Wide Are Network လို့ခေါ်ပါတယ်။ ဒီလို ချိတ်ဆက် အသုံးပြုနိုင်ဖို့ Network Card တွေကို သက်ဆိုင်ရာ ကွန်ပျူတာတွေထဲမှာ တပ်ဆင်ထားပေးရပါတယ်။
 
 နည်းပညာသဘောအရ အင်တာနက် ဆိုတာလဲ Wide Area Network တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ယေဘုယျအနေနဲ့ ခရီးကွာဝေးတဲ့ ကွန်ရက်ချိတ်ဆက်မှုကို WAN လို့ ခေါ်ဝေါ်သုံးစွဲကြတယ်။ ဒါကိုပိုပြီး ကွဲပြားအောင် PDN - Public Data Network လို့ခေါ်လိုက်တယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ အစိုးရဌာနတွေအတွက် PDN အနေနဲ့ သုံးကြတယ်။ လုံခြုံမှုအဆင့်ဝင် ဖြစ်နေရသလို Band width အတွက်လဲ အာမခံချက် ရှိနေရပါတယ်။
 
 စုပေါင်းအသုံးပြုခြင်းအားဖြင့် ဟာ့ဒ်ဝဲပမာဏ လျော့ကျပြီး ကုန်ကျစရိတ် သက်သာစေတယ်။ ဆော့ဖ်ဝဲ ပရိုဂရမ်တွေကို အသုံးပြုရာမှာလဲ Network Version နဲ့ အသုံးပြုတဲ့ အတွက် ကုန်ကျစရိတ်ကို လျှော့ချနိုင်တယ်။ ဒီလိုအသုံးပြုဖို့ Server တစ်လုံးတော့လိုပါလိမ့်မယ်။ Data တွေကို တစ်နေရာတည်းကနေ ရယူပြီး မျှဝေသုံးစွဲနိုင်တဲ့သဘော ဖြစ်တယ်။ နောက်ပိုင်းမှာ Group Ware Application ဆိုတဲ့ အုပ်စုလိုက်အသုံး ပြုနိုင်တဲ့ အသုံးချဆော့ဖ်ဝဲတွေကို ထုတ်လုပ်လာကြတယ်။ သုတေသန လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ အဖွဲ့လိုက်အသုံးပြုကြတဲ့ ပုံစံမျိုးဖြစ် တယ်။
 
 ကွန်ရက်အခြေခံ ဖွဲ့စည်းမှုမှာ Cable ကြိုးတွေ၊ ခလုတ်တွေနဲ့ Routers တွေပါဝင်လေ့ရှိတယ်။ Router ဆိုတာ လိုအပ်တဲ့နေရာကို အရောက်ပို့ပေးတဲ့ လမ်းပြကိရိယာဖြစ်တယ်။ ဆက်သွယ်ရေး ကွန်ရက်ပေါ်က ကြားခံကိရိယာလို့လဲ သတ်မှတ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ကွန်ပျူတာတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်မိစေဖို့ Standard တွေထားပေးရတယ်။ ဒါကို Protocol လို့ ခေါ်ကြပါတယ်။
 
 ကွန်ရက်ချိတ်ဆက်ရာမှာ အသုံးပြုတဲ့ တယ်လီဖုန်းလိုင်း၊ Protocol မိုက်ကရိုဝေ့ဖ် လက်ဆင့်ကမ်း စနစ်၊ ဂြိုဟ်တုစနစ်၊ ကြိုးမဲ့စနစ် အပါအဝင် ဘယ်လို Telecommunication Medium ကိုမဆို အသုံးချ နိုင်တယ်။ ဈေးနှုန်းအချိုသာဆုံး ကေဘယ်စနစ်တစ်ခုဟာ 1.5Mbps နှုန်းထားနဲ့ပြောင်းရွှေ့ပို့ လွှတ်ပေးနိုင် စွမ်းရှိပါတယ်။
 
 ရုပ်ဝတ္ထုကြားခံ မီဒီယာကို Physical Media လို့ခေါ်ကြတယ်။ Physical Media အမျိုးမျိုးနဲ့ ကွန် ရက်ကိုလုပ်ပေးနိုင်တယ်။ ပို့လွှတ်တဲ့ ကွန်ပျူတာနဲ့ လက်ခံရယူတဲ့ ကွန်ပျူတာတွေအကြား End-to-End Cricuit ပုံစံပြုလုပ်ပေးထားရတယ်။ ဒီအခါ မှာ နှောင့်နှေးကြန့်ကြာမှုမရှိစေဖို့ Circuti Swithchip ဆိုတာကို အသုံးပြကြတယ်။ ဒီလိုအမြန်နှုန်းမြင့်မြင့်နဲ့ လုပ်ကိုင်ပေးတာကြောင့်လဲ Real -Time Videoconfrencing ဆိုတဲ့ စားပွဲတစ်ခုတည်းမှာ မျက်နှာချင်းဆိုင် ထိုင် ဆွေးနွေးပြောဆိုတဲ့ သဘာဝမျိုးအထိ အသုံးချနိုင်လာကြပြီဖြစ် တယ်။
 
 သတင်းတွေ ပို့ရာမှာတော့ Data တွေကို အပိုင်းလိုက်ခွဲပို့တဲ့ Packet Switching ကိုသုံးလေ့သုံးထ ရှိကြပါတယ်။ ဘယ်ကိုပို့ရမယ်၊ ဘယ်ကိုသွားရမယ် ဆိုတာကတော့  Routers တွေက လမ်းပြပေးကြရပါတယ်။
 
 ဒီနေရာမှာ Circuit Switching နဲ့ Packet Switching ဘယ်ဟာက ပိုကောင်းသလဲလို့ မေးစရာရှိပါလိမ့်မယ်။ Packet Switching မှာ အခွင့်အလမ်းကောင်းတွေ များပြီး အားသာချက်တွေ ရှိတယ်။ ပိုပြီး ထိထိရောက်ရောက် လုပ်ကိုင်ပေးသလို ကုန်ကျစရိတ်လဲ သက်သာနေတာ တွေ့ကြရမှာ ဖြစ်တယ်။ ဒါပေမယ့် သူ့မှာ အားနည်းချက်တချို့ ရှိပါတယ်။ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းတွေပုံစံနဲ့ ရောက်လာတာ ဖြစ်တဲ့အတွက် Routers ကိုနှေးကွေးသွားစေတဲ့ အနေအထား ရှိလာပါတယ်။ ဒီလိုသိသိသာသာ နှောင့်နှေးမှုကို Latency လို့ခေါ်ကြတယ်။ မနိုင်ဝန်ထမ်းရတဲ့ အခြေ အနေမျိုးကိုတော့ Congestion ဖြစ် တယ်လို့ ပြောလေ့ပြောထ ရှိကြတယ်။
 
 လုပ်ဆောင်ချက် Standard တွေ ကို Protocol လို့ခေါ်ကြတယ်။ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ Protocol မျိုးကို Proprietary Protocol လို့ သတ်မှတ်ကြပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တာကိုတော့ Open Protocol လို့ပြောဆိုကြလေ့ရှိတယ်။
 
 LAN ဆိုတဲ့ဝေါဟာရ ပတ်သက်လို့ တိတိကျကျ ပြောရရင် တစ်မိုင်အကွာအဝေး အတွင်းသာ အသုံးပြုကြတယ်။ Data ပြောင်းလဲပေးပို့တဲ့ နှုန်းထားက 10 Mbps လောက်ရှိပါတယ်။ အသစ်လွင်ဆုံး LAN နည်းပညာက Gigabit Ethernet ပဲ ဖြစ်တယ်။ အခေါ်အဝေါ်နဲ့ လျော်ညီစွာ 1000 Mbps နှုန်းထားနဲ့လုပ်ကိုင်ပေး နိုင်ပါတယ်။ LAN တစ်ခုကို အသုံးပြုဖို့အတွက် Network Interface Card - NIC သာမက ဆော့ဖ်ဝဲပရိုဂရမ် တစ်ခုထည့်သွင်းအသုံးချဖို့လဲလိုအပ် ပါတယ်။
 
 LAN Protocol တွေကို အမျိုး အစားအလိုက် ခွဲခြားထားလေ့ရှိတယ်။ Apple ကွန်ပျူတာတွေ အတွက် Apple Talk Protocol လို့ ခေါ်တယ်။ Novell Netware ကွန် ရက်တွေမှာ Layer တွေနဲ့သုံးတာ မျိုးကို 1PX/SPX လို့သုံးတယ်။ Microsoft Intranet လို့ခေါ်တဲ့ အဖွဲ့အစည်း အတွင်းသာ အသုံးပြုတာမျိုးကတော့ YCP ဒါမှမဟုတ် IP Transmission Control Protocal or Internet Protocol လို့သုံးကြတယ်။
 
 ခရီးဝေး အနေအထားရှိတဲ့ ကွန်ရက်နဲ့ ပတ်သက်ပြီး WAN ဆိုတဲ့ ကွန်ရက်ကို သုံးကြတယ်။ အမြန် နှုန်းထားအမျိုးမျိုးရှိနိုင်တယ်။ အနိမ့် ဆုံးသမားရိုးကျ Modem နဲ့တယ်လီ ဖုန်းလိုင်းကို အသုံးချတဲ့ ဆက်သွယ်မှုမျိုးမှာ 56Kbps နဲ့ ပို့လွှတ်ပေးနိုင်တယ်။ ISDN ကတော့ ၅၆ ကနေ 128 Kbps နှုန်းထားအတွင်းရှိပြီး ADSL ကတော့ 1Mbps နှုန်းထားအထက်မှာ ရှိနေပါတယ်။ အလွန်ကြီးမား ကျယ်ပြန့်စွာ လုပ်ကိုင်ကြတဲ့ အဖွဲ့အစည်းကြီးတွေအတွက်T1 Live ဆိုတာနဲ့ သုံးလေ့သုံးထ ရှိပါတယ်။
 
 အလွန်ကြီးမားတဲ့ ပမာဏနဲ့ WAN လမ်းကြောင်းတွေကို Back Bones ဆိုတဲ့ ပင်မလိုင်းကြီးနဲ့ သယ်ပို့ပေးတာ ဖြစ်တယ်။ ဒေသနိုင်ငံမတူတဲ့ ဆက်သွယ်ရေး ကွန်ရက်တွေမှာ Back Bone တွေနဲ့ဆက်သွယ်ကြရတယ်။
 
 ဥပမာ မြန်မာနိုင်ငံအတွက် အင်တာနက် ဆက်သွယ်ရေး အသုံးချနိုင်ဖို့ Back Bone နဲ့ သယ်ဆောင်ပေးနေတာ ဖြစ်တယ်။ Back Bone တွေရဲ့ Data သယ်ပို့နိုင်မယ့် နှုန်းထားက အနိမ့်ဆုံး 2.5 Gigabit/Sec ရှိရပါတယ်။
 
 Dial-up  လို့ ပြောပြောနေတဲ့ WAN ရဲ့ နှုန်းထားက ၉.၆ ကနေ 64 Kbps အတွင်းရှိနိုင်ပြီး ဒီဆက်သွယ်မှုကို X 25 လို့လဲခေါ်ကြတယ်။ WAN တွေမှာ ဟာ့ဒ်ဝဲသာမက ဆော့ဖ်ဝဲပရိုဂရမ်တွေကိုလဲ ပြုကြရပါတယ်။

ဝင်းစံ
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.