Joojoo Tablet
iPad ထက်မြင်ကွင်းအရွယ်အစား ပိုကြီးပြီး Resolution ပိုကောင်းတယ်။ Screen အရွယ်အစားက ၁၂.၁ လက်မရှိပြီး Resolution က 1366 x 768 Pixel ရှိတယ်။ Aspect Ratio 16:9 နဲ့ တည်ဆောက် ထားတယ်။ ထိပ်ပိုင်း ဘယ်ဘက်ထောင့်မှာ Webcam တပ်ထားတယ်။ 1.6 GHz Atom Processor ကို သုံးထားတယ်။ Memory အတွက် 1 GB RAM ထည့်ပေးထားပြီး 4 GB SSD Card နဲ့ အသုံးပြုရမှာ ဖြစ်တယ်။ ဒီမှာအသုံးပြုထားတဲ့ Atom Processor က အရင်မော်ဒယ်ဟောင်း Atom မျိုးမဟုတ်ဘဲ Nvidia Ion Chip တစ်ခုပါရှိလာတဲ့အတွက် HD Video Streamingကို ချောချောမွေ့မွေ့ နိုင်နိုင်နင်းနင်း တင်ဆက် ပေးနိုင်စွမ်းရှိပါတယ်။ Joojoo က အင်တာနက်သုံး သီးသန့် Tablet ဖြစ်တယ်။ ဘယ်လို Apps မှ ပါမလာဘူး။ email Client လဲမပါဘူး။ Linux Based OS ဖြစ်တယ်။ တစ်နည်းပြောရရင် Flash ကို အသုံးပြုပြီး iPad ကိုပြိုင်ဆိုင်တဲ့ ပုံစံနဲ့ ထွက်ပေါ်လာတာ ဖြစ်တယ်။ ကီးဘုတ်နဲ့ မောက်စ်တို့ကို ချိတ်ဆက်အသုံးပြုနိုင်ဖို့လဲစီစဉ်ထားပေးတယ်။ iPad ထက်ဈေးချိုပြီး Flash သုံးလို့ရတဲ့အပြင် မြင်ကွင်းကျယ်ကျယ် Resolution ကောင်းကောင်းနဲ့မို့ iPad ကိုစိန်ခေါ်နိုင်စွမ်းရှိတယ်။ သတ်မှတ် ရောင်းဈေးက ဒေါ်လာ ၄၇ဝ ဖြစ်တယ်။