JVC Picsio GC-FM1 Pocket Camera
အက်ႌအိတ္ထဲ ထည့်ယူသွားလို့ရနိုင်တဲ့ အရွယ်အစားနဲ့ အလေးချိန်ရှိတယ်။ ကိုယ်ထည်ဒီဇိုင်းပုံစံ ချစ်စရာကောင်းတယ်။ JVC က ဒီကင်မရာလေးကို Picsio GC-FM 1လို့အမည်ပေးထားတယ်။ ဗီဒီယိုရိုက်ကူးတဲ့နေရာမှာ 1080P အဆင့် HD အရည်အသွေးပြည့်နဲ့ ရိုက်ကူးရယူနိုင်တယ်။ ဗီဒီယိုရိုက်တဲ့အခါ အသံပိုင်းအတွက် အသံကြည်လင် ပြတ်သားစွာ ဖမ်းပေးနိုင်တဲ့အပြင် ရိုက်ကူးတဲ့ ရိုက်ကွင်းရိုက်ကွက်အတွက် နောက်ခံပြောလိုတဲ့ အကြောင်းအရာတွေကို ဖြည့်စွက်ပြောဖို့ မိုက္ကရိုဖုန်းပေါက်လဲ ထည့်ပေးထားပါတယ်။ File Transfer အတွက် USB Connection ကို အသုံးပြုရတယ်။ Drag and Drop စနစ်နဲ့ အပြောင်းအရွှေ့ လုပ်နိုင်တယ်။ SD Card လဲ ထည့်သုံးနိုင်တယ်။ 1080 P အရည် အသွေးနဲ့ ရိုက်ကူးချိန် ခုနစ်မိနစ်စာအတွက် 2GB အသုံးချသွားမှာဖြစ်လို့ အသုံးပြုသူအနေနဲ့ လိုအပ်သလို တွက်ချက်ဝယ်ယူ အသုံးပြုနိုင်မှာဖြစ်တယ်။ ရိုက်ကူးရယူထားချက်တွေကို You Tube မှာ Upload လုပ် လိုသူတွေအတွက် အလွန်အဆင်ပြေပါတယ်။ ဒါပေမယ့် LED Spotlight မပါတာကိုတော့ စိတ်တိုင်း မကျလှဘူး။ အသုံးပြုသူတွေအတွက် လမ်းညွှန်လဲပါမလာဘူး။ ဒေါ်လာ ၁ဝဝ နဲ့ ရောင်းချတဲ့အတွက် အံ့အားသင့်စရာကောင်းတယ်။