Packard-Bell iPower X3.0 PC
ခံ့ခံ့ထည်ထည် ကြွားကြွားရွားရွား ရှိလှတဲ့ ဂိမ်းပီစီလို့ ပြောရပါလိမ့်မယ်။ ဒါပေမယ့်လဲ ဖျော်ဖြေရေး ကိစ္စ အဝဝ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် မီဒီယာစင်တာ ပီစီလို့ ဆိုညွှန်းထားပါတယ်။ Intel Core i5 Processor နဲ့ လည်ပတ်ဆောင်ရွက်စေတယ်။ Packard Bell iPower X 3.0 ကို ကိုင်တွယ်မောင်းနှင်ရာမှာ ပြိုင်ကားတစ်စီးရဲ့ ရှေ့ခန်းကနေ ထိန်းချုပ်မောင်းနှင် နေရသလားလို့ ထင်မှတ်မှားလောက်တဲ့ အာရုံမျိုး ရရှိစေပါလိမ့်မယ်။ Graffili - like Logo နဲ့အထူးပြုအနီရောင် အလင်းတွေနဲ့ အချက်ပြ မောင်းနှင်လည်ပတ် နေတာတွေ့ရတယ်။ USB Port နှစ်ခုကို မျက်နှာစာ ထိပ်ပေါ်မှာ တင်ပေးထားတဲ့အတွက် ဆက်စပ် ပစ္စည်းတွေ တပ်ဆင်တဲ့အခါ လွယ်လင့်တကူ ရှိစေတယ်။ အသုံးပြုသူအနေနဲ့ VRAM ပမာဏချင်းအတူတူ ATI Graphic Card ဖြစ်ဖြစ်၊ Nvidia GeForce Graphic Card ကိုဖြစ်ဖြစ် ရွေးချယ်ဝယ်ယူနိုင်တယ်။ သိုမှီးစနစ်အတွက် ၁1.5 TB HDD ထည့်ပေးထားတာကလဲ အလွန်အားရစရာ ကောင်းလှပါတယ်။ မော်နီတာမပါ System Unit သန့်သန့်တစ်လုံးကို ဒေါ်လာ ၁၃၅ဝ နဲ့ ရောင်းချလျက် ရှိပါတယ်။