Lenovo Thinkpad X-100e Netbook
Netbook အမျိုးအစားဖြစ်ပေမယ့် Processor ပါဝါစွမ်းအားနဲ့ ဂရပ်ဖစ်စွမ်းအားတွေ မြှင့်တင်ထား ပေးတဲ့အပြင် Screen Resolution ကလဲ HD အရည်အသွေးနဲ့ ပံ့ပိုးဆောင် ရွက်ပေးနိုင်တယ်။ လှပကျော့ရှင်းတဲ့ ဒီဇိုင်းနဲ့ အဖြူရောင်၊ အနက်ရောင် နှစ်မျိုးထုတ်လုပ်ထားတယ်။ ၁၁.၆ လက်မ (1366 x 768) Matt LCD Screen တပ်ဆင်ထားတယ်။ 1.6 GHz AMD Athlon Neo MV- 40 Processor (512 KBL2 Cache )နဲ့ မောင်းနှင်ပေးပြီး Windows 7 Pro-fessional (32 bit ) နဲ့ လည်ပတ် ဆောင်ရွက်ပါတယ်။ 2 GB- DDR2 (667 MHz) RAM eJY 250 GB SATA HDD တို့ပါရှိတယ်။ ဂရပ်ဖစ်အတွက် ATI Radeon HD 3200 ကို သုံးထား တာကလဲ Atom Processor သုံးတဲ့ တခြား Netbook တွေကို ကျော်လွှား လိုက်တာဖြစ်တယ်။ SD Card Reader, Webcamနဲ့ Mic ကို Built-in တပ်ဆင်ပေးထားတဲ့ အပြင် Combo Mic နဲ့ Headphone အတွက် Jack လဲပါရှိတယ်။ 6 cell ဘက် ထရီအမျိုးအစားကို ထည့်ထားပေး ပြီး ၂၂၂ မိနစ် အသုံးခံနိုင်အောင် စီစဉ်ပေးထားတယ်လို့ဆိုတယ်။ Ethernet LAN နဲ့ WLAN နှစ်မျိုးလုံး အသင့်အသုံးချနိုင်တယ်။ သတ်မှတ် ရောင်းဈေးက ဒေါ်လာ ၆၇ဝ ဖြစ် တယ်။