ဆီလီကွန်ကီးဘုတ်-103 Round Keys Silicone Keyboard
ခလုတ်ပေါင်း ၁ဝ၃ ခုပါဝင်ဖွဲ့စည်းထားသော ခေါက်သိမ်း ထားနိုင်သည့် ဆီလီကွန်ကီးဘုတ်အမျိုးအစားဖြစ်သည်။ မော်ဒယ်နံပါတ်မှာ IMB-3008-1 ဖြစ်သည်။ အရောင်နှစ်မျိုးစီဖြင့် ဒီဇိုင်းထုတ်ထားသော ရေစိုခံကီးဘုတ်တစ်မျိုးဖြစ်သည်။ ဘာသာစကားမျိုးစုံ ရွေးချယ် အသုံးပြုနိုင်မည် ဖြစ်သည်။ မိုက်ခရိုဆော့ WindowNT, XP, Vista, Window7 နှင့် Apple Mac OS အမျိုးအစားတွင် ၁ဝ.၅.၁ နှင့်အထက် OS စနစ်များနှင့် တွဲဖက်အသုံးပြုနိုင်သော ကီးဘုတ်ဖြစ်သည်။ တရုတ်နိုင်ငံမှ ထုတ်လုပ်ပြီး ဈေးနှုန်းမှာ ယူအက်စ်ဒေါ်လာ ၁ဝ ဝန်းကျင်ဖြစ်သည်။