ViewSonic Multimedia ပရိုဂျက်တာ
ViewSonic မှထုတ်လုပ်သည့် သယ်ဆောင်ရ လွယ်ကူပေါ့ပါးသော Multimedia ပရိုဂျက်တာဖြစ်သည်။ အလေးချိန် ၅.၇ ပေါင်ရှိပြီး
DLP-2700 lumen အမျိုးအစားပရိုဂျက်တာဖြစ်သည်။ Contrast Ratio မှာ 3000:1 ဖြစ်သည်။ ခပ်ပါးပါးဒီဇိုင်း ပရိုဂျက်တာဖြစ် ၍ ကျောင်းတွင်းသုံးဖြစ်စေ၊ ရုံးတွင်းသုံးဖြစ်စေ တစ်ခန်းမှတစ်ခန်းသို့ လွယ်လင့်တကူပြောင်းရွှေ့ အသုံး ပြုနိုင်မည့် ပစ္စည်းဖြစ်သည်။
ကွန်ပျူတာမျိုးစုံဖြင့် တွဲဖက်အသုံးပြုနိုင်ပြီး 1.1x manual optical zoom ပါဝင်သည်။ ရုပ်ပုံများကို မိမိကိုယ်တိုင်စိတ် ကြိုက်ထိန်းညှိနိုင်သည့်အပြင် အလိုအလျောက်ထိန်းစနစ်လည်း ထည့်သွင်းပေးထားသည်။ လျှပ်စစ်မီးဆွဲအားနည်းပါးစေသည့် Energy-Saving Eco-Mode ပါဝင်သဖြင့် အသုံးပြုသူများနှစ်သက်မှုရရှိနေသည့် ပရိုဂျက်တာဖြစ်သည်။ မော်ဒယ်နံပါတ် PJD5123 ဖြစ် ပြီး ဈေးနှုန်းမှာအမေရိကန်ဒေါ်လာ ၃၂ဝ ဝန်းကျင်ဖြစ်သည်။