23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
အမေ့လျော့ခံ စစ်ဘေးဒဏ်သင့် ဒုက္ခသည်စခန်းများနှင့် အမျိုးသားရင်ကြားစေ့ရေး

ကရင်ပြည်နယ် မဲသဝေါဒေသနှင့် မဲသဝေါ-မြိုင်ကြီးငူသွား လမ်း တစ်လျှောက်တွင် ပြီးခဲ့သည့် ၂ဝ၁၆  စက်တင်ဘာလဆန်းပိုင်းက တိုက် ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ဒီကေဘီအေခွဲထွက်အဖွဲ့နှင့် တပ်မတော် နယ်ခြားစောင့်တပ်ဘီဂျီအက်ဖ်တို့ တိုက်ခိုက် ကြခြင်းဖြစ်သည်။ တိုက်ပွဲများ ဖြစ်ပွားသောအခါ မဲသဝေါဒေသရှိ ကျေးရွာများက ဒေသခံတိုင်း ရင်းသားပြည်သူများ မြိုင်ကြီးငူဒေသ သို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြရ သည်။ အချို့လည်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရသည်များ ရှိခဲ့သည်။

ယခုအခါ မြိုင်ကြီးငူ-ကျုံထော် ရေတံခွန် ပတ်ဝန်းကျင်နှင့် မဲသဝေါ သွား ကားလမ်းတစ်လျှောက်တို့ကို တပ်မတော် စစ်ကြောင်းများက လုံခြုံ ရေး ယူထားပြီးဖြစ်သည်။ သို့သော် ယင်းဒေသများရှိ ကျေးရွာချင်းဆက် လမ်းများ၊ လယ်မြေများ၊ တောင်ယာစိုက်ခင်းများတွင် မိုင်းများထောင် ထားကြသဖြင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေ သေးသည်။ ထို့ကြောင့် မိုင်းအန္တရာယ် ရှိနေသေးခြင်း၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများ မဆောင်ရွက်ရသေးခြင်း၊ ဒေသတွင်း လုံခြုံမှုစိတ်မချရသေး ခြင်းများ ရှိနေသေးသောကြောင့် မဲသဝေါဒေသကျေးရွာများက စစ်ဘေး ရှောင် ဒုက္ခသည်များ မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ ယမန်နှစ်က ဖြစ်ပွားခဲ့သော တိုက်ပွဲများဖြစ်ပွားစဉ်က တည်းက စစ်ဘေးရှောင်ဒုက္ခသည်များအား ဒေသခံ အလှူရှင်များ၊ ပရဟိတအဖွဲ့အစည်းများနှင့် ဒေသခံဌာနဆိုင်ရာ အဖွဲ့အစည်းများက နေ့စဉ်လာရောက် ထောက်ပံ့ကူညီမှုများ ရှိခဲ့သော် လည်း ယခုအခါ အချိန် ကာလကြာမြင့်လာသဖြင့် အလှူရှင်များ နည်းပါးပြီး လက်ပန်းကျလာ သည်ဟု သိရသည်။

ထို့ကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များသည် တဖြည်းဖြည်း စား ရေးသောက်ရေး ကျပ်တည်းလာကြသည်ဟု ဒေသခံ သတင်းများ က ဖော် ပြသည်။

ဘားအံမြို့ခံတစ်ဦး ပြောဆိုသည်မှာ ယခင်အပတ် (၂ဝ၁၇ ဖေဖော်ဝါရီ ဒုတိယပတ်) က ကရင်ပြည်နယ် အစိုးရက မြိုင်ကြီးငူ ဒုက္ခသည်စခန်း များသို့ ဆန်အိတ် ၁ဝဝ လာရောက် လှူဒါန်းပေးခဲ့သော်လည်း ဒုက္ခသည် စခန်းများတွင် တစ်ပတ်လျှင် ဆန် အိတ် ၂ဝဝ ကျော် ကုန်ကျနေသည့် အတွက် လိုအပ်ချက်များရှိသေးသည် ဟု ဆိုသည်။

ဒုက္ခသည်များသည် မိမိတို့ အ ရပ်ဒေသသို့ ပြန်ချင်ပါသော်လည်း နယ်မြေဒေသ မအေးချမ်းသေးခြင်း၊ မလုံခြုံသေးခြင်းနှင့် မိုင်း အန္တရာယ် များရှိနေသေးခြင်းတို့ကြောင့် မပြန် နိုင်သေးဘဲ ရှိနေသည်။ ထို့ပြင် မြိုင် ကြီးငူဆရာတော်ကလည်း မိုင်းရှင်း လင်းရေး လုပ်ငန်းများ မဆောင်ရွက် နိုင်သေးခြင်းကို ထောက်ရှုပြီး ပြန်ခွင့် မပြုသေးခြင်းကြောင့် နယ်မြေအတွင်း ပိုင်းဒေသတွင် နေထိုင်ကြ သည့် ဒုက္ခ သည်များ နေရပ်ပြန်ခွင့်မရကြသေး ဟု သိရသည်။ ယခုအခါ မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းများတွင် ဆန် အိတ်များ လိုအပ်နေသည့်အပြင် ဟင်းရံအဖြစ် ဟင်းသီးဟင်းရွက်များ လည်း လိုအပ်လျက်ရှိနေပြီး အချိန် ကြာလာသည်နှင့်အမျှ ရိက္ခာပြတ် လပ်မည်ကို စိုးရိမ်နေကြသည်။ သည်ကြားထဲ ဟိုဟိုဒီဒီ မသွား လာရဲကြဘဲ မိုင်းထိမည့် အန္တရာယ်ကို လည်း ကြည့်ရှောင်နေကြ ရသေးသည်ဟု ဒေသခံသတင်းများက ဆိုသည်။ မိမိရွာသို့ မိမိသဘောဖြင့် ပြန်သွားပြီး လမ်းတွင် မိုင်းတက်နင်းမိသည့် အ ဖြစ်များ ကလည်း ရှိနေသည်။ မိုင်းတက်နင်းမိပြီဆိုလျှင်တော့ ခြေပြတ်၊ လက်ပြတ် ဒဏ်ရာအနာရတဖြစ်ကာ အသက်ပါဆုံးရှုံးရသည် အထိလည်း ရှိနေသည်။ ဒေသခံသတင်းများအရ ၂ဝ၁၇ ဇန်နဝါရီလကုန်ပိုင်းတွင် မြိုင် ကြီးငူ စစ်ဘေးရှောင်စခန်းများ ၌ နေရပ်မပြန်နိုင်သေးဘဲ ဆက်လက်ခို လှုံနေကြရသည့် ဒုက္ခသည်ပေါင်း ၅ဝဝဝ ကျော် ရှိနေသည်ဟု ဆိုသည်။ ယင်းစခန်းများတွင် စာရင်းကောက် ယူမှုအရ အိမ်ထောင်စု ၁ဝဝ၇ စု၊ ကျား ၂၇၆ ဦး၊ မ ၂၇၆၈ ဦး စုစု ပေါင်း ၅၅၃၅ ဦး စစ်ဘေးရှောင် ခိုလှုံ နေကြဆဲဖြစ်ကြောင်း သိရသည်။ ယင်းစစ်ဘေးရှောင်ဒုက္ခသည်များထဲတွင် အမျိုးသမီးဦးရေက များပြားနေပြီး၊ အမျိုးသားဦးရေ က နည်းပါးနေသည် ကို တွေ့ရမည်။ ယင်းသည် တိုက်ပွဲ များတွင် ဒေသခံအမျိုးသားများ ပါဝင်ပတ်သက်နေကြရသည် ကို ဖော် ပြနေခြင်းဖြစ်သည်။ မြိုင်ကြီးငူ စစ် ဘေးရှောင်စခန်း၌ ခိုလှုံနေသူ ကရင် ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မိစာလဲ ကျေးရွာ မှ ဒေသခံတစ်ဦးကတော့ ယခုလိုပြောဆိုသည်။

''နယ်မြေ အေးချမ်းပြီ၊ တည်ငြိမ် နေပြီလို့တော့ တစ်ထစ်ချ မပြောနိုင် သေးဘူး။ ကိုယ့်အိမ်ကိုယ်ရာကို အရဲ စွန့်ပြန်ချင်ပေမယ့် မိုင်းအန္တရာယ်က ရှိသေးတယ်။ ဆရာတော်ကြီးကလည်း တားမြစ်ထားတာကြောင့် မပြန်ဖြစ် သေးတာပါ။ စစ်ရှောင်ပြည်သူတွေ ဟိုမှာ မနေရဲသေးလို့ ဒီစခန်းမှာ ဆက် နေရတဲ့ သဘောပါ''ဟု ဆိုသည်။

တိုက်ပွဲဂယက်များကြောင့် မဲ သဝေါဒေသက စစ်ဘေးရှောင်နေရ သည့် ရွာများသည် ရွာပေါင်း ၃ဝ ကျော်ရှိသည်ဟု သိရသည်။ ယင်း စစ်ဘေးသင့် ကျေးရွာများမှာ ကျောက်တောင်၊ မယ်တော်ကြိုး၊ ထီး ထောဖလော်၊ တမိုဖိုး၊ ထီးနော့ထ၊ ထီးသာထ၊ ဘောသရော၊ ထီးကလိုး သော့၊ ထီးထောကြိုး၊ ထီးကနဲ၊ မယ် သဝေါ၊ ထီးတာဒို့၊ ထီးယက်ကလိုး၊ မယ်ပလိုခီး၊ လဲပယ်ဒဲ၊ ကလော်ကွီး၊ ထီးကနဲထ၊ ရင်ပိုင်းချောင်းဝ၊ ပလဲ ဝေါ်၊ ရင်းပိုင်းချောင်းမ၊ ကလောဒေး၊ ဒါဘောသော၊ ထောင်ကြား၊ ယောခု ခီး၊ ပိုင်လာကြီး မယ်သဝေါ မုဒ်ဝ၊ ဝသွေးတု၊ တဒေါကြိုးဘိုး၊ ကျုံ ထော်၊ ကလောတယ်ထ စသည့် ရွာပေါင်း ၃ဝ တို့ စစ်ဘေးသင့်နေရသည်ဟု ဒေသ ခံသတင်းများ က ဖော်ပြထားသည်။

ယင်းသို့ ရွာပေါင်း ၃ဝ က ဒေသ ခံတိုင်းရင်းသား ပြည်သူများ မြိုင်ကြီး ငူ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံ နေရဆဲ အခြေအနေတွင် တဖြည်း ဖြည်း စိုးရိမ်ရေ မြင့်တက်လာနေရ သည့် ကိစ္စကတော့ အချိန်ကြာလာ သည်နှင့်အမျှ စားရေရိက္ခာ ပြတ် လပ်ကြမှာ ကိုပင် ဖြစ်သည်။ လှိုင်းဘွဲ့ မြို့နယ်ဝေါလကျေးရွာမှ ဒေသခံတစ် ဦးက ဒုက္ခသည်စခန်းများ၌ စားရေး သောက်ရေး စိုးရိမ်နေပုံကို လည်း ယခု လိုပြောကြားထားပါသေးသည်။

''အလှူရှင်တွေက တဖြည်းဖြည်း နည်းပါးလာတော့ စားနပ်ရိက္ခာ အ ခက်အခဲရှိလာတယ်။ ဒီမှာက အ သက်သတ်လွတ် နယ်မြေဖြစ် တဲ့အ တွက် လှူချင်သလို လှူလို့မရဘူး။ အဓိက ဆန်၊ ဟင်းသီး ဟင်းရွက်၊ စား သုံးဆီလိုအပ်နေတယ်။ ရှေ့ဆက်ခိုလှုံ ရက်ကြာမြင့် လာရင် ဒီထက် အခြေ အနေဆိုးဝါးလာနိုင်တဲ့ အနေအထား ရှိလာနိုင်တယ်။ လောလောဆယ် ရိုး ရာတာလပေါ ဟင်းချိုနဲ့ပဲ နပန်းသွား နေရတယ်'' ဟု ဆိုသည်။ တိုက်ပွဲများ ကြောင့် မြိုင်ကြီးငူစခန်းများတွင် စစ်ဘေးရှောင်တိုင်းရင်းသား ဒေသ ခံများ ရှောင်တိမ်းခိုလှုံနေကြရသည်မှာ ယခုအခါ လေးလကျော် ငါးလနီးပါးရှိလာပြီ ဖြစ်သည်။ စားရေ ရိက္ခာလည်း ပြတ်လပ် လုဆဲဖြစ်နေသည်။ ဇန်နဝါရီလကုန်ပိုင်းကတော့ နယ်ခြားစောင့်တပ်တာဝန်ရှိသူများက ဆန်အိတ် ၅ဝဝ ကို ပေးပို့လှူ ဒါန်းလိုက်သေး သည်ဟု ဆိုသည်။ သို့ သော် စစ်ဘေးရှောင်စခန်းများတွင် ရက်သတ္တတစ်ပတ်လျှင် ဆန်အိတ် ၂ဝဝ နီးပါး ချက်ပြုတ်ကျွေးမွေးကုန် ကျနေရသည်။ ထို့ကြောင့် ရိက္ခာပြတ် လပ်ပြီး အငတ်ဘေးဆိုက်မည်ကို စိုး ရိမ်မှု မြင့်တက်လာရခြင်းဖြစ်သည်။ စစ်ဘေး လည်း ရှောင်ရသေး၊ မိုင်း အန္တရာယ်လည်း စိုးရိမ်ရသေး၊ သည် ကြားထဲ ငတ်တစ်လှည့်ပြတ်တစ်လှည့် ဖြင့် ဒုက္ခသည်စခန်းတွင် ဆက်လက် ခိုလှုံနေရဦးမည်ဆိုလျှင် ကိုယ့်ရေ ကိုယ့်မြေ၊ ကိုယ့်အမိ ပြည်နယ်တွင် နေထိုင်အသက်ရှင်နေရခြင်းသည် 'သေသော်မှ တည့် သြော်ကောင်း၏' ဟု ဒေသခံတိုင်းရင်းသား ပြည်သူ စစ်ရှောင်နေရသူများက ဆိုကြပေ တော့မည်။

ယင်းကို တစ်နိုင်ငံလုံးရှိ ပြည်သူ များနှင့် လက်ရှိအစိုးရ တပ်မတော်တို့ က သတိမူပြီး ဂူမြင်ကြဖို့လိုသည်။ တိုင်းရင်းသား စစ်ဘေး ဒုက္ခသည် များအား ကူညီရမည်၊ ကယ်တင် ရမည်၊ စောင့်ရှောက်ရပါမည်။

ယင်းသို့ စဉ်းစားတွေးတောနေဆဲ ဗြုန်းဆို စစ်ပွဲတွေ ထပ်ဖြစ်လာပြန်ပြီ ဆိုသည့် သတင်းက တစ်မုဟုတ်ချင်း ပေါ်ပေါက် လာပြန်သည်။ ဖေဖော်ဝါရီ ၁၈ ရက်က ဖြစ်သည်။ ကရင်ပြည် နယ် ဖာပွန်ခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းရွာအနီး ခွားသခီးတောင်၊ ပန်းထော်မီးဒေသ ကေအင်န်ယူတပ်မ ဟာ (၇) နယ်မြေအတွင်း၌ ဒီကေဘီ အေခွဲထွက် အဖွဲ့နှင့် နယ်ခြားစောင့် တပ် ဘီဂျီအက်ဖ် တပ်ဖွဲ့တို့ တိုက်ပွဲ များတစ်ကျော့ပြန် ဖြစ်ပွားကြပြီး နှစ် ဖက်အထိအခိုက်၊ အကျအဆုံးရှိခဲ့ သည်ဟူသော သတင်းက ပေါ်ထွက် လာသည်။ ဖြစ်စဉ်မှာ လှိုင်းဘွဲ့မြို့နယ် အလွန် ကြာအင်းရွာအနီး ခွားသခီး တောင်အနီးအပါးတွင် ဒီကေဘီအေ ခွဲထွက်အဖွဲ့ အင်အား ၂ဝ လောက်က လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး နယ် ခြားစောင့်တပ် ဘီဂျီအက်ဖ်၊ ကေ အင်န်ယူတပ်မဟာ ၇ နှင့် တပ်မ တော် စစ်ကြောင်းတို့က ပူးပေါင်းပြီး ပြန်လည်ပစ်ခတ်နယ်မြေရှင်းလင်းခဲ့ သည်ဟု ဆိုသည်။ တိုက်ပွဲဖြစ်စဉ် အတွင်း ဒီကေဘီအေ ခွဲထွက်အဖွဲ့က ခြောက်ဦးကျဆုံးပြီး လက်နက်အချို့ သိမ်းဆည်းရမိသည်။ နယ်ခြားစောင့် တပ်ဘက်က တစ်ဦးကျဆုံးပြီး လေး ဦးဒဏ်ရာရခဲ့သည်။

ယခုတော့ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ ဆဲဖြစ်သည်။ ယင်းဒေသသည် မလုံ ခြုံသေး၊ မအေးချမ်းသေး၊ စိတ်မချရ သေး။

ဒီကေဘီအေ ခွဲထွက်အဖွဲ့နှင့် ဒီကေဘီအေတပ်ဖွဲ့၊ ကေအင်န်ယူ တပ်ဖွဲ့တို့ ဘာကြောင့် မကြာခဏ တိုက်ပွဲများပြန်လည် ဖြစ်ပွားရ သနည်း။ အကြောင်းကတော့ ဒီကေ ဘီအေထပ်ဖွဲ့သည် ကေအင်န်ယူ၊ ကေအင်န်အယ်လ်အေ တပ်ဖွဲ့တို့နှင့် အတူတကွ နိုင်ငံလုံး ဆိုင်ရာ အပစ် ရပ်စာချုပ် ဃြဗ တွင် ပါဝင် လက် မှတ်ရေးထိုးခဲ့သည်ကို ဒီကေဘီ အေတပ်ဖွဲ့ထဲက အချို့တပ်ဖွဲ့ဝင်များ က မကျေနပ်၍ ခွဲထွက်ကာ ပြန် လည်လက်စားချေတိုက်ခိုက်နေကြ ခြင်း ဖြစ်သည်ဟု သိရသည်။ အခြား အကြောင်းများလည်း ရှိနိုင်ပါသေး သည်။ ကရင်တိုင်းရင်းသား အချင်း ချင်း ပူးပေါင်းကာ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် ရရှိရေး၊ တိုင်းရင်းသား အခွင့်အ ရေး အပြည့်အဝရရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံပေါ်ပေါက်ရေး ယုံ ကြည်ချက်များဖြင့် လက်နက်ကိုင် ကာ တော်လှန်ရေး ဆင်နွှဲကြရာ ယခု အခါ အချင်းချင်းသဘောထားမညီမျှ ခြင်းကြောင့် တိုက်နေခိုက်နေရန်ဖြစ် နေကြသည်။ ထိုသောအခါ ခံနေကြရ သည်ကတော့ အသက်စတေးနေရ သည့်ကတော့ မိမိတို့ ဒေသခံ ကရင် တိုင်းရင်းသားများပင်ဖြစ်သည်။ သည် ကြားထဲ မြေမြှုပ်မိုင်းထောင်သည့် ကိစ္စ ကလည်းြေ>ွမပူရာကင်းမှောင့်ဖြစ်နေ သည်။ ယခုတော့  စစ်ပွဲများ ကာလ တာရှည်လာသည်နှင့်အမျှ စစ်ဘေး ရှောင် ဒုက္ခသည်များလည်း ထပ်တိုး လာနိုင်ပြီး စစ်ဘေးရှောင်စခန်းများ တွင် စားရေရိက္ခာ ပြဿနာများလည်း ပိုမိုကျပ်တည်း ခက်ခဲ လာမည်ဖြစ်သည်။ ထို့ကြောင့် ယင်းစစ်ဘေးရှောင် စခန်း များ၏ ဒုက္ခဆင်းရဲအပေါင်းကို တိုင်း ဒေသကြီးနေ ပြည်သူများနှင့် အာဏာပိုင်အစိုးရ ဌာနဆိုင်ရာအဖွဲ့ အစည်းများက ကျော်ခွမေ့လျော့မ ထားကြဖို့ လိုနေသည်။ စစ်ပွဲများအ ပြီးတိုင် မရပ်နိုင်သေး ပင်ဖြစ်သော် ငြား စစ်ဘေးဒဏ်သင့်အဖြစ်များကို တော့ မမေ့မလျော့၊ မပေါ့မဆဖြင့် ဝိုင်းဝန်းကူညီစာနာထောက်ထားရေး၊ ဝိုင်းဝန်းကြည့်ရှု ထောက်ပံ့ကူညီရေး တစ်ပိုင်တစ်နိုင်ပဲဖြစ်ဖြစ် ပြုလုပ်ရပါ တော့မည်။

မြိုင်ကြီးငူဒေသရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများအား မမေ့မလျော့ ထောက်ပံ့ကူညီရမည်နည်းတူ အမေ့ လျော့ခံ သဖွယ်ဖြစ်နေသော မိုးကုတ် မြို့နယ်အတွင်းက စစ်ဘေးရှောင် စခန်းများကိုလည်း ဝိုင်းဝန်းကူညီ ကယ်တင်ရပေဦးမည့် အကြောင်း ကို တစ်ဆက်တည်း တင်ပြချင်ပါသည်။ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ နယ် ပိန်းပြစ်ကျေးရွာတွင် ရှမ်းပြည် နယ်အတွင်းနှင့် အနီးဝန်းကျင်ဒေသ များမှ တိမ်းရှောင်လာသော တိုင်းရင်း သား စစ်ဘေးရှောင်ဒုက္ခသည် ၄၅ဝ ကျော်သည် နှစ်နှစ်ကျော် ကြာ မြင့်လာသည်အထိ မိမိတို့နေရပ်သို့ ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးဘဲ လုပ်ကိုင်စားသောက်ရန် အခက်အခဲ များကြုံတွေ့နေ ရကြောင်း ဒေသခံ သတင်းများအရ သိရသည်။ ရှမ်း ပြည်နယ် ရွှေညောင်ပင် ကျေးရွာ၊ ခပ်ခြေကျေးရွာ၊ ပန်ခမ်းဒေသနှင့် မိုးကုတ်မြို့နယ် လွိုင်ကျော့ဒေသတို့ က ဒေသခံများသည် ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့သော တိုက် ပွဲများကြောင့် မိုးကုတ်မြို့နယ် ပိန်း ပြစ်ကျေးရွာသို့ စတင်ပြောင်းရွှေ့လာ ခဲ့ခြင်းဖြစ်သည်။ ¤င်းတို့သည် ဒေသ နယ်မြေ မတည်ငြိမ်နိုင်သေးခြင်း ကြောင့် နှစ်နှစ်ကျော်ကြာသည်အထိ ပိန်းပြစ်ကျေးရွာတွင် အခြေချနေထိုင် နေကြရပြီး ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေကြရသည်ဟု ဆို သည်။ လာရောက်လှူဒါန်းမှုများ လည်း လုံးဝမရှိ ဖြစ်နေပြီး အမေ့ လျော့ခံ ဒုက္ခသည် စခန်းအဖြစ် ရပ် တည်နေကြရသည်။

''ကျွန်တော်တို့ ပိန်းပြစ်ကျေးရွာ မှာ အခြေချရွှေ့ပြောင်းလာသူဦးရေ က လက်ရှိ ၄၅ဝ ကျော်လောက်ရှိပါ တယ်။ ဒီခါနန်စခန်းမှာ အိမ်မြေ ၈၂ အိမ်ရှိပြီး၊ ဒီမြေနေရာကို လီဆူးတိုင်း ရင်းသားနာယက တစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းက ဝယ်ယူနေထိုင် ခွင့် ပြုထားတာပါ။ နောက်ပြီး နေထိုင်ဖို့ အဆောက်အအုံတွေ တဖြည်းဖြည်း နဲ့ ဖြည့်ဆည်းပေးခဲ့ပေမယ့် စစ်ဘေး ရှောင်သူတွေ အနေနဲ့ နှစ်တွေကြာ လာတော့ ကြုံရာလုပ်ကိုင်စားသောက် နေထိုင်ရင်း အခက်အခဲမျိုးစုံ တွေ့ကြုံ နေကြ ရတယ်။ အဓိကကတော့ အိမ် ထောင်စုစာရင်းနဲ့ မှတ်ပုံတင်တွေက စစ်ဘေးရှောင်စဉ်ကတည်းက ပျောက် ဆုံးသွားကြတာမို့ ရပ်ဝေးမှာ သွား ရောက်အလုပ် လုပ်ကိုင်ကြဖို့ အခက် အခဲရှိတယ်။ ဒီတော့ ညအိပ်ညည့်နေ လုပ်ရတဲ့ အလုပ်တွေမှာ အလုပ်အ ကိုင်ရဖို့ မရှိကြ ဘူး။ တောခုတ်၊ ကျောက်ရွေးနဲ့ လက်ဖက်ခူးလောက်ပဲ အနီးအနားလိုက်လုပ်နေကြရတာ ပေါ့''ဟု ရှမ်းပြည်နယ် ရွှေညောင်ပင် ကျေး ရွာ မှ စစ်ဘေးရှောင်လာသူ လီ ဆူးတိုင်းရင်းသားတစ်ဦးကပြောသည်။

ယင်းပိန်းပြစ်ကျေးရွာ ခါနန် စခန်းတွင် ရောက်ရှိနေသည့် စစ် ဘေးရှောင်သူ အများစုမှာ လီဆူး တိုင်းရင်းသားများဖြစ်ကြပြီး ရပ်ဝေး ဒေသသို့ သွားရောက်အလုပ်လုပ်နိုင် ရန်အတွက် မှတ်ပုံတင်ပြုလုပ်ပေးရန် အဓိကလိုအပ်နေသည်ဟု ဆိုသည်။ မိုးကုတ်မြို့ခံတစ်ဦးကလည်း လီဆူး လူမျိုးဆိုသည်မှာ တိုင်းရင်းသား ၁၃၅ မျိုးထဲတွင် အပါအဝင်ဖြစ်ကြောင်း၊ သူတို့ သည် ဒေသ မတည်ငြိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ် ကြောင်း၊ ယခုနှစ်နှစ်ကျော်လာပြီး နေရာထိုင်ခင်း အတွက် ကျောတစ်ခင်း စာ အဆင်ပြေပေသည့် လုပ်ကိုင် စား သောက်ရန်တွင် အခက်အခဲများ ကြုံ တွေ့နေရကြောင်း သက်ဆိုင်သူများ ကလည်း အကူအညီပေး၊ အထောက် အပံ့ပေးရန် မေ့လျော့နေကြကြောင်း များကိုလည်း ပြောဆိုခဲ့သေးသည်ဟု ဒေသခံ သတင်းများ က ဖော်ပြသည်။ ထို့ပြင် ရှမ်းပြည်နယ် ပန်ခမ်းဒေသမှ ရောက်ရှိလာသူ တိုင်းရင်းသူတစ်ဦးက လည်း။

''ကျွန်မတို့ ထွက်ပြေးလာခဲ့ရ တုန်းက ဘာမှမယူနိုင်ခဲ့ကြပါဘူး။ ရွာထဲမှာ တိုက်ပွဲဖြစ်သံတွေကြောင့် ကိုယ်လွတ်ရုန်းပြီး ထွက်ပြေး ခဲ့ရတာ ပါ။ တချို့ဆို လက်နက်ကြီးထိပြီး သေကြရတယ်။ ဒီမှာက လုပ်ကိုင်ရှာ ဖွေ စားသောက်ဖို့ အခက်အခဲရှိပေ မယ့် နေရတာ လုံခြုံမှုရှိတယ်။ ဒါ ကြောင့် မပြန်တော့ဘူး''ဟု ဆိုပါ သေးသည်။ ကြားသိရသည့် သတင်း များအရတော့ မိုးကုတ်မြို့နယ်ထဲတွင် ခါနန်စစ်ဘေးရှောင်စခန်းနည်းတူ ပလောင်တိုင်းရင်းသား စစ်ဘေးဒုက္ခ သည် စခန်းတစ်ခုလည်း ရှိနေသေး ကြောင်း သိရသည်။

 မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် စစ်ဘေးရှောင် ဒုက္ခ သည်ဦးရေ အများဆုံးနိုင်ငံဖြစ်နေ သည်။ အာဆီယံနိုင်ငံများ တွင် မြန်မာ နိုင်ငံကလွဲလျှင် အခြားနိုင်ငံများ၌ စစ်ဘေးရှောင်ဒုက္ခသည်များ မရှိသ လောက်ရှားပါးသည်။ ယင်းသည် နိုင်ငံသိက္ခာ ကျရသော အမည်းစက် ဖြစ်သည်။ ယင်းသည်လည်း နှစ် ပေါင်း ၇ဝ နီးပါးကြာလာပြီဖြစ်သော ပြည်တွင်း စစ်မီးများကို မငြှိမ်းသတ် နိုင်ခြင်းကြောင့် ဖြစ်သည်။ တကယ် တော့ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်း လဲရေး ပြုလုပ်နေသည်။ ဒီမိုကရေစီ အသွင် ကူးပြောင်းနေသည်ဟု ဆိုနေ သော်လည်း မငြိမ်းချမ်းသေးသော၊ မလုံခြုံသေးသော အနေအထားတွင် ရှိနေသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။

ယူနိုချာ မြန်မာအစီရင်ခံစာဟု ခေါ်သော ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး UNOCHA Myanmar က အစီ ရင်ခံစာ တစ်စောင်ကို ဖေဖော်ဝါရီ အတွင်းက ထုတ်ပြန်ခဲ့သည်။ ယင်း အစီရင်ခံစာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူတစ်သိန်းနီးပါး သည် ကာလတာရှည်နေရပ်စွန့်ခွာ တိမ်းရှောင်နေရလျက် ရှိနေဆဲဖြစ်သည် ဟု ဖော်ပြထားသည်။ ၂ဝ၁၁ ခုနှစ် တွင် တစ်ကျော့ပြန်စတင်ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် လူဦးရေ တစ်သိန်း နီးပါး ကာလတာရှည် နေရပ်စွန့်ခွာ ကာ စစ်ဘေးရှောင်စခန်းများတွင်ဖြစ် သလို နေထိုင်နေကြရဆဲဖြစ်ကြောင်း ယင်းဒုက္ခသည်များအး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေး  နိုင်ရေး သွားလာခွင့်မှာ ယနေ့ထိတိုင် တင်းတင်းကျပ်ကျပ် ကန့်သတ်ခံနေရ ဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ၂ဝ၁၆ ခုနှစ် မေလက စတင်ပြီး နိုင်ငံတော် အစိုးရက ကုလသမဂ္ဂ၏ ကချင်ပြည်နယ်အတွင်းရှိ အစိုးရ ထိန်းချုပ် ပြင်ပ နယ်မြေများမှ နေရပ် စွန့်ခွာတိမ်းရှောင်သူများထံ အကူအ ညီများ ပေးပို့နိုင်ရန် ကြိုးပမ်းမှုများ ကို  စနစ်တကျ ကန့်သတ်ထားသည် ဟုလည်း ဆိုသည်။

ယခင်က ကုလသမဂ္ဂအနေဖြင့် အစိုးရထိန်းချုပ်နယ်မြေ၊ ထိန်းချုပ်မှု ပြင်ပနယ်မြေတို့ရှိ စခန်းများတွင် နေ ထိုင်ကြသည့် နေရပ်စွန့်ခွာ တိမ်း ရှောင်သူများထံသို့ အကူအညီပေးရေး ပစ္စည်းများကို ယာဉ်တန်းများဖြင့် ပုံမှန်ပို့ဆောင် သွားလာခွင့်ရရှိခဲ့သော် လည်း ယခုအခါ ယင်းကဲ့သို့ သွားလာ နိုင်ခြင်း မရှိကြောင်း၊ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများ သည် အစိုးရ ထိန်းချုပ် မှုပြင်ပနယ်မြေ များရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူဦး ရေ လေးသောင်းကျော်အတွက် ကယ် ဆယ်ရေး အကူပစ္စည်းများ ပေးပို့နိုင် ခြင်း မရှိကြောင်း၊ ဒေသခံများ၊ ရပ်ရွာ အခြေပြုလူမှုအဖွဲ့အစည်းများသည် ပင်လျှင် ¤င်းတို့၏ ကူညီကယ်ဆယ် ရေး လုပ်ငန်းများ ဆောင် ရွက်ရာတွင် အခက်အခဲများ ပိုမိုကြုံတွေ့လာရ ကြောင်းတို့ကို ဖေဖော်ဝါရီ ၂၂ ရက် က ထုတ်ပြန်ခဲ့သည့် ယူနိုချာမြန်မာ ၏ လူသားချင်းစာနာမှုဆိုင်ရာ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

တိုက်ပွဲများ ပိုမိုဖြစ်ပွားနေသော် လည်း နိုင်ငံတော်အစိုးရအနေဖြင့် အစိုးရထိန်းချုပ်မှု နယ်မြေပြင်ပဒေသ များရှိ နေရပ်စွန့်ခွာ တိမ်းရှောင်သူ များကို အကူအညီများ ရယူလိုပါက အန္တရာယ်ရှိသည့် ရှေ့တန်းစစ် မျက် နှာပြင်ကို ဖြတ်ကျော်ပြီး အစိုးရထိန်း ချုပ်မှု နယ်မြေဒေသတွင်းရှိ အစိုးရ ဘက်က သတ်မှတ်ထားသောနေရာ သို့ လာရောက်အကူအညီများ ရယူရ မည်ဟူသော မူဝါဒမှာ ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း ယင်းအစီ ရင်ခံစာက ဆက်လက်ဖော်ပြထား ပါသေးသည်။

လူသားချင်းစာနာမှုဆိုင်ရာ အစီ ရင်ခံစာတွင် ထပ်မံဖော်ပြထားချက် အရ ၂ဝ၁၇ ခုနှစ် မတ်လထဲတွင် နောက်တစ်ကြိမ် ကျင်းပဦးမည့် ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံမတိုင်  မီ မြန်မာ့တပ်မတော်နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ အကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း ကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်အတွင်း လူသားချင်းစာနာမှုဆိုင် ရာ ကူညီဆောင်ရွက်ရေး လုပ်ငန်းများ မှာ လွန်ခဲ့သည့် လအနည်းငယ်အ တွင်း သိသာစွာထိခိုက်လာနေသည် ဟု ဆိုထားသည်။ ကချင်ပြည်နယ် တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်း ကြောင့် မန်စီမြို့နယ်၊ ရွှေကူမြို့နယ် နှင့် အဓိက စခန်းသုံးခုက ဦးရေ ခုနစ်ထောင်နီးပါးသည် ထပ်မံ၍ နေ ရပ်စွန့်ခွာတိမ်းရှောင်လာခဲ့ကြောင်း၊ ၂ဝ၁၇ ဇန်နဝါရီ ၂၆ ရက်အထိ လူဦးရေ လေးထောင်ခန့်မှာ ရှမ်းပြည် နယ် မြောက်ပိုင်းရှိ မူဆယ်၊ နမ္မတူ၊ သီပေါ၊ ကွတ်ခိုင်၊ မန်တုံ၊ နောင်ချို နှင့် လားရှိုးမြို့နယ် ခုနစ်မြို့နယ်အ တွင်း ယာယီနေရပ် စွန့်ခွာတိမ်း ရှောင်လျက်ရှိသည်ဟု ခန့်မှန်း ကြောင်း အစီရင်ခံစာက ဆိုသည်။ ထို့ပြင် ၂ဝ၁၆ ဒီဇင်ဘာလ အစော ပိုင်းတွင်လည်း နေရပ်စွန့်ခွာ တိမ်း ရှောင်လာသူ  တစ်သောင်းငါးထောင် ခန့်သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်နိုင်ငံထဲသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့သည်ဟု ခန့်မှန်းကြောင်း၊ ¤င်းတို့အနက် အများစုမှာ ရှမ်းပြည် နယ်မြောက်ပိုင်း သို့ ပြန်လည် ဝင် ရောက်ခဲ့ပြီး ဖြစ်သော်လည်း နေရပ် စွန့်ခွာ တိမ်းရှောင်သူပေါင်းများစွာ သည် ထပ်ကာထပ်ကာ ခိုနားနေရာ အဖြစ် အသုံးပြုခဲ့သည့် အများပိုင် အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများတွင် ယာယီနေ ထိုင်ရလျက်ရှိကြောင်း အစီရင်ခံစာ က ဖော်ပြထုတ်ပြန်ထားသည်။

အထက်က ဖော်ပြခဲ့သမျှများ သည် မြန်မာနိုင်ငံတွင် လက်ငင်းကြုံ ကြိုက်နေရသော ပြည်တွင်းစစ်ပွဲများ ၏ အနိဋ္ဌာရုံများပင်ဖြစ်သည်။ မရှိပါ၊ မသိပါဘူးဟု ဇွတ်ငြင်းဖုံးကွယ်၍ မရသော၊ ကမ္ဘာလည်း သိနေပြီးဖြစ် သော မြန်မာ့ဒုက္ခများပင်ဖြစ်သည်။ ယင်းမြန်မာ့ဒုက္ခများ ကို ပြည်သူလူထု နှင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့ က ဝိုင်းဝန်းဖြေရှင်းပေးရပါမည်။ စစ် ပွဲများရပ်စဲရေး၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု စာချုပ်တွင် လက်မှတ် ရေးထိုးရေး အားလုံးပါဝင်ပြီးမှဟု စောင့်ဆိုင်းနေ၍မရပါ။ လက်မှတ် ရေးထိုးရေး ဆောင် ရွက်နေစဉ် အ တွင်း စစ်ဘေးရှောင်ဒုက္ခသည်များ အား ကူညီကယ်တင်ရေးကို တစ်ပါ တည်း ပူးတွဲဆောင်ရွက်ရပါမည်။         

ဒုက္ခသည်စခန်းများတွင် တာလ ပေါ ဟင်းရည်ကျဲကျဲ သောက်နေရ ချိန်တွင် တိုင်းဒေသကြီးနေပြည်သူ များက ရယ်မောပျော်ရွှင်ကာ ထမင်း နှင့် ဟင်းနှင့် ဝဝလင်လင်စားနေကြ ပြီး တီဗီထိုင်ကြည့် ဇိမ်ကျနေမည်ဆို လျှင်တော့  သဘာဝက မကျနိုင်ပေ။ 'တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ' ဟူသော လောကပါလတရားထွန်း ကားသည့် နိုင်ငံလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူ အားလုံးသည် စစ်ဘေးရှောင် ဒုက္ခ သည်များအား ကိုယ်ချင်းစာနာစိတ် အပြည့်ဖြင့် ကူညီထောက်ပံ့ရေး အစီအစဉ်များကို စိစစ်ဆောင်ရွက်ပေး ရန် နိုင်ငံတော်အစိုးရအား ဝိုင်းဝန်း တိုက်တွန်းနှိုးဆော်ကြဖို့ လိုနေပါ သည်။ အစိုးရသည်လည်း အရေးပေါ် ကယ်ဆယ်ရေး အစီအစဉ်၊ လူမှုဝန် ထမ်း ကူညီကယ်ဆယ်ရေး အစီအစဉ်၊ သီးသန့် ရန်ပုံငွေကူညီထောက်ပံ့ရေး အစီအစဉ် စသည်ဖြင့် တတ်နိုင်သ လောက်၊ တတ်စွမ်းသလောက် ဘတ် ဂျက်အနေအထားဖြင့် ကူညီကယ် ဆယ်ရေးလုပ်ငန်းများ မနှေးအမြန် လုပ်ဆောင်ဖို့ လိုနေပါသည်။ ပြည်သူ လူထု၏ လှူဒါန်းမှု အစုစုအင်အားကို လည်း ရယူဖို့လိုပါသည်။

ယခုအခါ အမေ့လျော့ခံဘဝ ရောက်နေရသည့် စစ်ဘေးရှောင် ဒုက္ခသည်စခန်းများအား အမျိုးသား ရေးစိတ်ဓာတ်ဖြင့် ကူညီ ကယ်ဆယ် ကြခြင်းမှာ အမျိုးသား ရင်ကြား စေ့ရေးအတွက်များစွာ အရေးပါ အရာရောက်မည့် ကိစ္စဟု ထင်မြင် ယူဆမိ ပါကြောင်း လေ့လာစုဆောင်း ရေးသားတင်ပြလိုက်ရပါသည်။

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.