22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
နယ်စပ် နန်းဖာလုံ၊ မိုးရေးဈေး၏ အိပ်မက်ဒိုင်ယာရီ

မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့ရောက်ပြီဆိုလျှင် ပထမဦးဆုံး သွားကြသည့်နေရာမှာနန်းဖာလုံ ဈေးနှင့် တစ်ဖက်နိုင်ငံအပိုင်း မိုးရေးမြို့ ဈေးဖြစ်သည်။ မြန်မာနိုင်ငံ အရပ်ရပ်မှ  အကြောင်း အမျိုးမျိုး ဖြင့် နယ်စပ်ရောက်လာသူတို့ အားလုံးနယ်စပ် စည်းရိုးပေါ်က နန်းဖာလုံဈေးထက် တစ်ဖက်နိုင်ငံ မိုးရေးဈေးကို ပိုစိတ်ဝင်စားသည်။ တစ်ဖက်နိုင်ငံသားများကလည်းမိုးရေးမြို့ဈေးထက် သည် ဘက်ကနန်းဖာလုံဈေးကို စိတ်ဝင်စားကြပေမည်။ နန်းဖာလုံဈေးက ကလေး၊ ချင်းတောင်၊ ချင်းတွင်းမြစ် တစ်ရိုးကထွက်သည့် ဒေသထွက် ကုန်စည်မျိုးစုံ၊ မြန်မာနိုင်ငံအနှံ့ကလာသည့် ကုန်စည်၊ မန္တလေး-မူဆယ် ဟိုမှာဘက်ဒေသက တစ်ဆင့်ဝင် ရောက်လာ သည့် ကုန်စည်မျိုးစုံ၊ ယိုးဒယား၊ စင်ကာပူ၊ မိတ်အင် အမေရိကန်အထိ ကုန်စည်အစုံတွေ့နိုင်သည်။

တစ်ဖက်မိုးရေးဈေးကတော့ ထိုသို့မဟုတ်။ မိတ်အင် အိန္ဒိယမှ အိန္ဒိယစစ်စစ်တွေရောင်းသည်။ စက်ဘီး၊ ဆိုင်ကယ်၊ ကားပစ္စည်းမျိုးစုံ၊ စောင်၊ ခြင်ထောင်၊ ပုဆိုး၊ ထဘီ၊ အလှကုန်စည်၊ လူသုံးကုန်စည်၊ စားသောက် ကုန်စည်၊ ပရဆေး၊ အင်္ဂလိပ်ဆေးမျိုး စုံရနိုင်သည်။ ဈေးကလည်းအပေါ်ဈေး၊ အောက် ဈေး၊ အလယ်ဈေး၊ ဈေးချည်းသုံးဌာနရှိသည်။ ထို့ပြင် တစ်ဖက်မှာ ထူးခြားချက်က မိုးရေး မြို့အတွင်းကို တုတ်တုတ်ခေါ် သုံးဘီးနှင့် ပတ်ကြည့်ချင်သလား၊ လေးဘီးမီနီဘတ်စ်နှင့် ပတ်ကြည့်ဦး မလား။ ၁ဝဝ ရူပီးပေးလျှင် မြို့တစ်ပတ်သွားလို့ရသည်။  မြန်မာငွေနှင့်တွက်လျှင် ၂ဝဝဝ ကျပ်ဖြစ်သည်။ နယ်စပ် အခေါ်ဘတ္တားဈေး၊ ငွေလဲလှယ်နှုန်းက အိန္ဒိယ ရူပီး ၁ဝဝ လျှင် မြန်မာငွေ ၁၉၅ဝ ဟုဆိုသည်။ သူက အခြေ အနေပေါ် မူတည်၍ အတက်အကျရှိသည်။

မှတ်မှတ်ရရ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလကုန်ရက်မှာ တမူးမြို့ကို အကြောင်းတစ်ခုနှင့် ရောက်ဖြစ်ခဲ့သည်။ ထုံးစံအတိုင်း တမူးရောက်ပြီ ဆိုတော့ နယ်စပ် နန်းဖာလုံဈေးကို သွားမည်။ တစ်ဖက်နိုင်ငံအပိုင် မိုးရေးဈေးကိုလည်း ရောက်အောင်သွားရမည်။ သည်ဘက်က မိတ်ဆွေတွေ ကမှာလိုက်သည့် ပစ္စည်းကလည်း ဟိုဖက်မှာ ဝယ်ရမည်ပစ္စည်းက ခပ်များများ၊ မြန်မာငွေ ငါးထောင် တန် တယ်လီဖုန်းတဲ့၊ နောက်အိန္ဒိယနိုင်ငံဖြစ် ဖီးလစ်ရေဒီယိုတဲ့၊ အယ်ဗာရယ်ဒီ လက်နှိပ်ဓာတ်မီး၊ ပစ္စည်းသုံးလေးငါးမျိုးဖြစ်သည်။ နန်းဖာလုံဈေးလောက်နှင့်မပြီး တစ်ဖက်ကိုရောက်အောင် သွားရမည်။

တမူးကိုရောက်တော့ ညနေလေး နာရီထိုးနေပြီဖြစ်ရာ တည်းခိုခန်းမှာ နေရာ ယူအိပ်လိုက်သည်။ တမူးနယ်စပ်တွင် တည်းခိုရိပ်သာတွေပေါသည်။ အခန်းလွတ်လွယ်လွယ်ကူကူ ရသည်။ ဈေးလည်းချို သည်။ တည်းခိုခန်းခ ၅ဝဝဝ ကျပ်ပေးရသည်။

 နောက်တစ်နေ့မနက် နန်းဖာလုံ ဈေးသို့ကူးခဲ့သည်။ တမူးမြို့နှင့် နန်းဖာလုံဈေးက သုံးမိုင်ဝန်းကျင် လောက်ဝေးသည်။ တမူးမြို့နှင့် နန်းဖာလုံဈေးကို သုံးဘီးဆိုင်ကယ်၊ တုတ်တုတ် သုံးသီး၊ ဆိုင်ကယ် ကယ်ရီကြိုက်ရာနှင့် သွားလို့ရသည်။

ဈေးနှုန်းက နှစ်ရာ၊ သုံးရာ၊ ငါးရာ ကြိုက်ရာနဲ့ လိုက်လို့ရသည်။ သူတို့က လူပြည့်ထွက်စနစ်။ မနက်ဈေးထွက် ချိန်၊ ဈေးဝယ်ချိန်မို့ သုံးဘီး၊ တုတ် တုတ်ကားအားလုံးခဏနှင့် ခရီးသည် ပြည့်သည်။

မိုးရေးဈေးကို ဈေးဖွင့်လျှင်ဖွင့် ချင်းမနက် ၈ နာရီလောက်ဝင်ဖို့ဖြစ် သော်လည်း နန်းဖာလုံဈေးအတွင်း ဟိုငေးသည်ငေးနှင့် တကယ် ဝင်ဖြစ် တော့မနက် ၁ဝ နာရီ ထိုးနေပြီဖြစ် သည်။ နယ်စပ်ဈေးမှာက အခြား အခြား ဈေးတွေနှင့်မတူ။ နေမြင့်မှ ဈေးစုံသည်။ အိန္ဒိယနိုင်ငံအပိုင်မိုး ရေးမြို့ဈေးနှင့် မြန်မာအပိုင် တမူးမြို့နယ် နန်းဖာလုံဈေးက နယ်စပ်စည်း ရိုးသာခြားသည့် ဈေးနှစ်ဈေးဖြစ်သော် လည်း သည်မှာဘက်ဈေးက စနေ၊ တနင်္ဂနွေရက်များတွင် ဈေးဖွင့်ပြီး ဥပုသ်နေ့အခါကြီးရက်ကြီးများနှင့် နိုင်ငံတော်မှ သတ်မှတ်ထား သည့် နေ့ ထူးနေ့မြတ်များတွင် ဈေးပိတ်သည်။ တစ်ဖက်ဈေးကတော့ ထိုသို့မဟုတ် စနေ၊ တနင်္ဂနွေနေ့များတွင် ရုံးပိတ် သည်။ ဈေးပိတ်သည်။

လွန်ခဲ့သော ၁၉၇ဝ ဝန်းကျင်က နယ်စပ်ဈေးနေရာတွင် ကျွန်းတော ကြီး အဓိကရဖြစ်ပြီး ယခုဂေါ်ရခါး ကုန်း၊ ဘောလုံးကွင်းဆိုသည့် နေရာ မှာ အင်တောကြီးဖြစ်သည်။ တမူး မြို့မဈေးနေရာမှာပင် ဂျာမဏီပင် ခြုံတောကြီးဖြစ်သည်။ နယ်စပ် မဟူ ရာ ချောင်းခေါ် ပါဘဲချောင်းကလည်း ထိုတုန်းက ရေကြည်ကြည်စိမ်းစိမ်း ငါးမျိုးစုံ၊ ရေပျော်ငှက်မျိုးစုံတွေ့ရသည့် နေရာဖြစ်သည်။ နွေရာသီကာလမှာ ပင်လျှင် ချောင်းရေက လူတစ်ရပ် မြုပ်သည်။ အခုတော့ ချောင်းရေခပ် ပါးပါးသာမြင်ရပြီး သဲကျောက် သောင်ပြင်ကြီးက အဓိက ရဖြစ်နေ သည်။

''တမူးနန်းဖာလုံဈေးနှင့် မိုးရေး ဈေးက အရောင်းအဝယ်မကောင်း တာကြာပြီ၊ မိုးရေးမြို့ထဲမှာလည်း ဈေးဆိုင်တချို့ပိတ်ထားတယ်။ ပြည်မထဲ က ကုန်သည်တွေ ဆင်းမှ ဒီဘက်မှ အရောင်းအဝယ် ကောင်း တာ၊ အခု ရက်ပိုင်းတော့ ခပ်ပါးပါးပဲ၊ နယ်စပ် ဈေးမှာ ပုံမှန်ရောင်းဝယ်မှု ရှိတာက တော့ စားကုန်သောက်ကုန် ပဲ၊ အခု ရက်ပိုင်းတော့ မျောက်ငိုသီးပဲ အရောင်းအဝယ်ဖြစ်နေတယ်''

နန်းဖာလုံဈေးနှင့် မိုးရေးဈေး အကူး ဂိတ်ပေါက်အနီး ဈေးသည်၏ အသံဖြစ်သည်။

တမူးနယ်စပ် နန်းဖာလုံဈေးကြီး ကို ၇-၃-၁၉၉၇ ခုနှစ်ကစတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၃-၃-၂ဝဝ၅ ခုနှစ် တွင် နယ်စပ် စည်ပင်သာယာရေး အဖွဲ့ကို လွှဲပြောင်းပေးခဲ့သည်။ နန်း ဖာလုံဈေး စတင်ဖွင့်လှစ်စဉ်ကာလ က ကုန်စိမ်းတန်း အခန်းပေါင်း ၁၄ဝ၊ အသားတန်း ၁၄ ခန်း၊ စားသောက် ဆိုင်ခန်းပေါင်း ၂ဝ ခန်း၊ ကုန်ခြောက် တန်း ၂၅၆ ခန်းနှင့် လူသုံးကုန်စည် ရောင်းချသည့် ဆိုင်ခန်းပေါင်း ၁၂၁၂ ခန်းရှိပြီး မြတ်လေး၊ သစ္စာ၊ သပြေ၊ ခရေ၊ ခတ္တာ၊ ခွာညို၊ နှင်းဆီ၊ သဇင်၊ စံပယ်၊ စသည့်ဈေးရုံ ကိုးရုံဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဈေးရုံများ ဈေးဆိုင်ခန်းများ တိုးချဲ့ ထားသည့်အတွက် ဆိုင်ခန်းအရေအ တွက် ဈေးရုံအတွက် ယခင်ထက်ပို နေပြီဖြစ်သည်။

မိုးရေးမြို့ မိုးရေးဈေး

နန်းဖာလုံဈေး စစ်ဆေးရေး ဂိတ်  ပေါက်က ဖြတ်လျှောက်လိုက်သည်နှင့် ဟိုမှာဘက် မိုးရေးဈေးသို့မဟုတ် အိန္ဒိယနိုင်ငံမြေ သို့မဟုတ် နိုင်ငံရပ် ခြားသို့ ရောက်ရလေပြီ။ မိုးရေးမြို့ထဲ ဝင်လိုက်သည်နှင့် အနံ့အသက်၊ အ ရောင်အသွေး အသံဗလံကစ ပြောင်း လဲသွားသည်။ မြန်မာဘက်မှာက မြန် မာသံ၊ မြန်မာရနံ့၊ သည်မှာဘက်က အိန္ဒိယအသံ၊ အိန္ဒိယရနံ့၊ အမွှေးတိုင် နံ့၊ မဆလာနံ့ ဇီယာနံ့ သင်းနေသည်။

မိုးရေးမြို့ထဲမှာက ယခင့်ယခင် တုန်းကလို စည်စည်ကားကားသွား သွားလာလာ သိပ်မတွေ့ရ၊ နန်းဖာလုံ ဈေးမှာကဲ့သို့ မိုးရေးဈေး မှာလည်း ဈေးဆိုင် အချို့ ပိတ်ထားသည်။ ဖွင့်ထားသည့် ဈေးဆိုင်များတွင်လည်း အချို့ ဈေးဆိုင်များက တံခါးလေးတစ်ချပ် လောက်ဖွင့်ဟရောင်းဝယ်နေသည့် ဈေးဆိုင်ရှိသလို အချို့ဈေးဆိုင်များ ကနောက်ဖေးလမ်းသွယ်လေးထဲက ဝင်သွား၍ အရောင်း အဝယ်ဖြစ်နေသည့် ဈေးဆိုင်များလည်း တွေ့ရသည်။ မိုးရေးဈေးဆိုင်များက ပွင့်ပွင့်လင်းလင်းမရှိ။ ခေါင်းရွက်ဗျပ်ထိုးမြန် မာဈေးသည် များ၊ မြန်မာဘက်မှလာ ရောက်၍ အောက်ခြေအထမ်းအပိုး စားပွဲထိုး၊ လုပ်ကိုင်သည့် မြန်မာ လုပ် သားများက လမ်းဘေးမှာ ဆူဆူညံ နေကြသည်။

၁၉၇ဝ ဝန်းကျင်က မိုးရေးမြို့ နှင့် တမူးမြို့ အခြေအနေကို သွား၍ အမှတ်ရမိသည်။ ထိုတုန်းက မိုးရေး မြို့က ပြည်ကြီးမပြန်နိုင်သည့် ပြည် တော်ပြန်အချို့နေထိုင်သည့် ရွာ ကလေးတစ်ရွာမျှသာဖြစ်သည်။ တမူး မြို့ကလည်း ယခုမြို့မရပ်ဆိုသည့် နေရာက အစည်ဆုံးဖြစ်သည်။ ဈေး တန်းရပ်၊ အင်းစောင်း၊ ဘောလုံးကွင်း နေရာများမှာ တိုးချဲ့ကွက်သစ်နေရာ မြို့စွန့်မြို့ဖျားဖြစ်သည်။ သစ်စက် ကုန်းနေရာ၏ ဟိုမှာဘက်မှာတောကြီး မျက်မည်း၊ တမူးမြို့နှင့် နန်မြင့်ဟန် ရွာကတောင်ကုန်း ခင်တန်းခြားသေး သည်။ အခုတော့ ထန်းတစ်ပင်၊ ပန်း သာ၊ တစ်ဆက်တည်းဟု ဆိုနိုင်သည်။

တစ်ဖက်နိုင်ငံ မိုးရေးမြို့တွင် ထို တုန်းက လက်ဖက်ရည်ဆိုင်၊ ထမင်း ဆိုင်တစ်ဆိုင်တစ်လေလောက်သာ ရှိသည်။ တစ်ဘက်နိုင်ငံ မိုးရေးသား မိုးရေးသူတို့ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ဟင်းချက်စရာ၊ ဝတ်စရာ၊ ခြုံစရာ တမူးမြို့မှာ လာဝယ်ကြရ သည်။ ပြောရလျှင် ဆေးလိပ်အကြမ်း အချော၊ အရက်ကစ၍ တမူးကိုမှီရသည်။ သူတို့ဘက်က ဆေးလိပ်အ ချောတွေထက် သည်မှာ ဘက်က ဒူး ယား၊ ခပေါင်းက ဈေးလည်းချိုသည်၊ အရသာလည်းပိုသည်။ ထို့အတူ မြန် မာရမ်ဆိုလျှင် သူတို့ဘက်က လူကြီး လူကောင်းဆိုသူတွေ တခုတ်တရဝယ် သောက်ရသည့် အရက်ဖြစ်သည်။ မိုးရေးဘက်မှာ စွဲစွဲမက်မက်သောက် စရာ စားစရာဆို၍ ထိုတုန်းက ချင်း နံ့သင်းသည့် လက်ဖက်ရည်လောက် သာရှိသည်။ အထည်အလိပ်ဆိုလျှင် လည်းသည်မှာဘက်ကအထည်အ လိပ်ကို မမီ၊ နောက်ဆုံး ကုန်ကုန်ပြော ရလျှင် တစ်ဖက်မှ ဒေသခံများ တမူး မြို့မှာ လာအလုပ်လုပ်ကြသည်။ ထမင်းချက်၊ ဟင်းချက်၊ အဝတ်လျှော်၊ ဗာဟီရအကုန်ဖြစ်သည်။ ညနေ သူတို့ အပြန် ဟင်းချက်စရာ၊ ဆန်၊ စားစရာ၊ ဝတ်စရာပေးလွှတ်လိုက်ကြသည်။

အခုတော့ တမူးဘက်က ဈေး သည် သူတို့ဘက်မှာ ဈေးသွားရောင်း ကြရသည်။ ဈေးအကူသွားလုပ်ကြရ သည်။ လက်သမား၊ မဆလာဖျော်၊ အောက်ခြေသိမ်း လုပ်ငန်းအားလုံး တမူးဘက်၊ မိုးရေးဘက်မှာ လာ လုပ်နေကြသည်။

 မြန်မာနန်းဖာလုံဈေးက ဂိတ် ပေါက်ကို ကျော်လိုက်သည်နှင့် သူတို့ ဖက်က စစ်ဆေးရေးများကို တွေ့ရ သည်။ သူတို့ဘက် စစ်ဆေးရေးတွင် တစ်ခုထူးဆန်းနေသည်က သူတို့ဘက် က မြန်မာမှတ်ပုံတင်ပြဝင်နေရခြင်း ပင်ဖြစ်သည်။ ဂိတ်၏ ဟိုမှာဘက် တွင်တော့ ဈေးဆိုင်၊ ကွမ်းယာဆိုင်၊ ပရဆေးဆိုင် အထည်အလိပ်ဆိုင်၊ အိမ်ဆိုင် ဈေးတန်းကြီးဖြစ်သည်။

မနက်ဘက် ဘာမှမစားခဲ့ရသေး သည့်အတွက် သူတို့ဘက်ရောက်မှ စားရသည်။ လက်ဖက်ရည်နှင့် မဆ လာရနံ့သင်းသည့် ပူရီကခံတွင်းတွေ့ လှသည်။ လက်ဖက်ရည်တစ်ခွက် ၂၅ ရူပီး၊ ပူရီတစ်ပွဲ  ၂၅ ရူပီးဖြစ်သည်။ နှစ်ခုပေါင်း ၅ဝ ရူပီး၊ ငွေအရေအ တွက် နည်းသည့်အတွက် ဈေးချို သည်ဟု အောက်မေ့ရသည်။ အမှန် က မြန်မာငွေလဲနှုန်းနှင့် တွက်လိုက် လျှင် ဘာမှမထူး။ လက်ဖက်ရည် တစ်ခွက်၊ ပူရီတစ်ပွဲ ၁ဝဝဝ ကျပ် ဝန်းကျင်။

မိုးရေးမြို့ဆိုသည်က ၁၉၇၅ ခုနှစ်မှ ၁၉၈ဝ ခုနှစ် ဝန်းကျင်အထိ မှောင်ခိုခေတ်ကောင်းချိန်တွင် တစ် ဟုန်ထိုးနိုးထလာသည့် မြို့ဟုဆိုနိုင် သည်။ ယခင့်ယခင် ရွာငယ်အဆင့် မှ တက္ကစီလိုင်းဘတ်စ်၊ လျှပ်စစ်မီး ထိန်ထိန်ညီးနေသည့် ပီဘိမြို့ကြီး သား ဖြစ်သွား သည်။ ယခုတော့ မိုး ရေးမြို့က လျှပ်စစ်ကို တမူးမြို့က ရယူနေရသည်။ တမူးဘက်က ကုန် စည် မှန်သမျှသူတို့ဘက်က ဖြတ်ဈေး ပေါ် မူတည်ရောင်းရ ဝယ်ရသည်။ ပြည်မကြီးဘက်က ကုန်သည်ကြီးများ မဆင်းလျှင် မိုးရေး-အင်ဖာ ကားလမ်း ပိတ်လျှင် တစ်ဖက်ကုန်သည်က ဈေး မဝယ်လျှင် နယ်စပ်ရောက် ကုန်စည် တွေ ဈေးကျပြီး သင့်ရာဈေးနှင့် ဖြတ် ရောင်းရသည်။ သူတို့ဘက်မှာ အ ကြောင်းအမျိုးမျိုးကြောင့် မငြိမ်သက် မှုများ၊ လက်နက်ကိုင်အဖွဲ့များ ဆန္ဒ ထုတ်ဖော်သပိတ်မှောက်၊ လူမျိုးရေး ပဋိပက္ခ စသည်များဖြစ်လာခဲ့လျှင် အရောင်းအဝယ်ရပ်သွားတော့သည်။

''ခက်နေတာက ဒီဘက်နယ်စပ် မှာ သူတို့က ဒီဘက်ဝင်လာရင် တရား ဝင်ဖြစ်ပြီး ကျွန်တော်တို့က ဟိုဘက် ကူးသွားရင် လုံခြုံမှုမရှိတာ ခက်တယ်။ ပြီးတော့ ဟိုတုန်းကတော့ ဒီဘက်ကထွက်တဲ့ ကုန်စည်ကို သူတို့ ကဝယ်သုံးရတာ။ အခုတော့ ကြက် သွန်၊ ငရုတ်စားကုန်သောက်ကုန်အား လုံး ဒီဘက်ကို ပြန်ဝင်နေတယ်''ဟု နန်းဖာလုံဈေးမှ ဈေးသည်ဒေါ်ပုက ပြောပြသည်။

တမူးမြို့တစ်ဖက်ကမ်း မိုးရေးမြို့ သည် အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်၏ သည်ဘက်အစွန်ဆုံးကမြို့နယ် စပ်မြို့၊ ဟိုတုန်းကတော့ အရှေ့မျှော် တံခါးဝ မြို့ဖြစ်ပြီး မိုးရေးမြို့မှတစ်ဆင့် အရှေ့ ဘက်နိုင်ငံများနှင့် စီးပွားရေး၊ လူမှု ရေး၊ ဆက်သွယ်သွားလာရေး ဆောင် ရွက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ မဏိပူရမြို့တော် အင်ဖာနှင့် မိုင် ၇ဝ ဝန်းကျင်သာဝေးသည်။ မနက်သွား ညနေပြန်နိုင်သည့် ခရီးဖြစ်သည်။ မီနီဘတ်စ်၊ ဟိုက်အေ့စ်၊ တာတာဆိုမို၊ ကားလေးများ ပြေးဆွဲသည်။ နယ်စပ် ကုန်စည်ကြီးတွေကိုတော့ တာတာ ကုန်ကားကြီးများနှင့် တင်ပို့သည်။

မိုးရေးဈေးက ဈေးကြီးသီးသန့် မဟုတ်။ နေအိမ်ငယ်လေးများတွင် ဖွင့်လှစ်ထားခြင်းဖြစ်ရာ ဆိုင်ခန်းများ က ပစ္စည်းအပြ သက်သက်ဖြစ်ပြီး စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူမည်ဆို ပါက နောက်ဖေးခန်း၊ ဂိုဒေါင်တွေထဲ လိုက်ယူ၊ လိုက်ရွေးရသည်။ မိုးရေး ဈေး အခြေအနေက မိုးရေး-အင်ဖာ ဆက်သွယ်ရေးလမ်းကြောင်း အခြေ အနေပေါ်မူတည်သည်။ လမ်းမ ကောင်း၊ လမ်းပိတ်၊ သပိတ်မှောက်၊ ကုန်ကားမထွက်ဆိုလျှင် ဘာ အ ရောင်းအဝယ်မှ မရှိတော့။ ဟိုတုန်းက မျှော်လင့်ချက်များနှင့် အရှေ့တောင် အာရှ စီးပွားရေး တံခါး၊ အာရှတိုက် နိုင်ငံများ၏ တံခါး၊ အာဆီယံ တံခါး၊ အရှေ့မျှော်တံခါး၊ တံခါးပေါင်းများစွာ ဖွင့်လှစ်ဖို့ကြိုးစားခဲ့သော် လည်း ယခု တော့ ထိုတံခါးတွေက ပိတ်ချည်တစ် ခါဖွင့်ချည်တစ်လှည့်ဖြစ်နေသည်။

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်တုန်းက တော့ သည်မှာဘက်မှာ ရေကြီးရေလျှံ သဘာဝဘေးတွေကြောင့် လမ်းပျက် တံတားကျိုးနေလို့၊ အသွားအလာရပ် တန့်လို့ အရောင်းအဝယ်တွေ အေးခဲ နေခဲ့သည်ထားဦး၊ ၂ဝ၁၆ ခုနှစ်မှာ ကုန်သည်များ အရောင်းအဝယ် ကောင်းမွန်မည်ဟု ခန့်မှန်းထားသည့် အောက်တိုဘာ၊ နိုဝင်ဘာလများမှာ လည်း အရောင်းအဝယ်က ကောင်း မလာခဲ့။ အိန္ဒိယနိုင်ငံ ဘက် က ရူပီး ငွေတွေ တရားမဝင် ကြေငြာလိုက် သည်က စတင်ခဲ့သည်။ နောက်ပိုင်း နယ် မြေမငြိမ်သက်မှုများ ဆက်တိုက် ဖြစ် ပေါ်နေခဲ့ရာ ခရစ်စမတ်ရာသီ၊ နှစ်သစ်ကူးရာသီများအထိ နာလန် ထူမလာတော့။

မိုးရေးမြို့ထဲမှာ စားသောက် ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင် လေးငါးဆိုင်တွေ့ရသည်။ ဆိုင်တိုင်း မှာ စားပွဲထိုး၊ ဗာဟီရ အလုပ်သမား က မြန်မာဘက်က လူငယ်လေးတွေ ဖြစ်ပြီး အထည်ဆိုင် လူသုံးကုန်စည် ဆိုင်များမှာတော့ မြန်မာမလေးတွေ ဖြစ်သည်။

မိုးရေးမြို့ထဲတွင် အထက်ဈေး နှင့် အောက်ဈေးက တစ်မိုင်ခွဲနှစ်မိုင် လောက်ဝေးသည်။ ဈေးတည်ထားရာ နေရာကို လိုက်၍ အထက်ဈေး၊ အောက်ဈေးဟု ဖြစ်လာခြင်းဖြစ်သည်။ အောက်ဈေးဆိုသည်က သည်မှာဘက်နန်းဖာလုံနှင့် တစ်ဆက် တစ်စပ် တည်းဖြစ်သည်။ အထက်ဈေး ဝန်းကျင်တွင် ကုန်ကားကြီးများ ရပ်နားရာကားဂိတ်တွေရှိသလို မြန်မာ ပြည်ထွက်ကုန်စုံ အရောင်းဆိုင်တွေ ရှိသည်။ သစ်သီးဝလံ အရောင်းဆိုင် တွေကတော့ လမ်းဘေးမှာ ခင်းကျင်း ရောင်းချသည်။

ကျွန်းတံခါး၊ ကျွန်းကျည်းပေါင်၊ ပရိဘောဂမျိုးစုံဆိုက်စုံ၊ အရောင်းဆိုင် များကိုလည်း အထက်ဈေးမှာပင် တွေ့ ရသည်။ မိုးရေးဈေးထဲဈေးဝယ်မည် ဆိုလျှင် မြန်မာငွေ၊ ရူပီးငွေနှစ်မျိုးလုံး သုံးစွဲလို့ရသည်။ သို့မဟုတ် ငွေလဲ လှယ်မည်ဆိုလျှင်လည်း လမ်းဘေး၊ လမ်းမပေါ်မှာပင်လဲလို့ရသေးသည်။ အထူးသဖြင့် မိုးရေးဘက်မှာက ဈေး သည် ဈေးဝယ်ဘယ်သူမှ လုံခြုံမှုမရှိ ခြင်း၊ တာဝန်ယူမှုတာဝန်ခံမှုမရှိခြင်းတို့က သည်မှာဘက်ကုန်သည်၊ ဈေး သည်၊ ဈေးဝယ်၊ အလုပ်သမား၊ လက် သမား၊ ခေါင်းရွက် ဗျပ်ထိုးများ အထိ ခံစားနေကြရသော ပြဿနာတစ်ရပ် ဖြစ်သည်။ မြန်မာဘက်က ဈေးသည် တွေအရေးက သည်မှာတင်နိမ့်ဆင်း နေ သည်။ သူတို့ဘက်မှာက ပေါက် ဈေး၊ မြောက်ဈေး၊ ကျဈေး၊ ခဏဈေး၊ ပေးဈေး၊ ပြေးဈေး၊ ခေါ်ဈေး၊ မျှော် ဈေး၊ အောက်ဈေး၊ ခြောက်ဈေး၊ ဘယ်လိုရောင်းရောင်းဘယ်လို ဝယ် ဝယ် နောက်ဆုံးကိုယ့်ဖက်က အနာခံ ပြီး သူတို့အသာစံသွားရသည်က တော့ သေချာဖြစ်သည်။

ပြီးတော့ မိုးရေးမှာလာနေသည် ဆိုသည့် ကုန်ကိုယ်စားလှယ်၊ ပွဲစား၊ ကုန်သည်အားလုံး စီးပွားရှာဖို့ တစ် ကိုယ်တော် လာနေကြသည်။ မိသားစု အားလုံးဘုံဘေမှာ၊ မဒရပ်မှာ၊ ကလကတ္တားမှာနေကြသည်။ သည် မှာတော့ မြန်မာဘက်က သစ်နှင့် ဆောက်ထားသည့် အိမ်တွင် အ ရောင်းဈေးသည် အငှား၊ ထမင်းချက် အငှား၊ အဝတ်လျှော်အငှား ဘာမဆို အငှား၊ သည်မှာဘက်မှာ စိတ်မချရ တော့ ငွေကြေး ကိစ္စကစလို့မိုးရေးမြို့ မှာမထား၊ ရလျှင်ရချင်းစိတ်ချရသည့် နေရာ၊ လုံခြုံသည့်နေရာသို့ ပို့ကြ သည်။ သို့သော် မိုးရေးဈေးက မည် သည့်ဆိုင်ဝင် ဝယ်သည်ဖြစ်စေ ဈေး ဝယ်သူကိုနေရာပေးပုံက သည်မှာ ဖက်ဈေးသည်တွေနဲ့မတူ၊ အောက် သက်ကျေလှသည်။ အကွက်မြင်လှ သည်။ ဈေးဝယ်အားနာသွားသည် အထိ ဧည့်ခံကောင်းတတ်ကြသည်။ ဈေးကွက်စီးပွားရေးကို လက်တွေ့ကျင့် သုံးနိုင်ကြသည်။

''လာပါ။ ဝင်ပါ။ ကြည့်ပါ။ဘာ ယူမလဲ။ လာပါမဝယ်ရင်လည်း ကြည့် နိုင်ပါတယ်။ မေးနိုင်ပါတယ်။ ရေ သောက်ပါ။နောက်ဖေးသွားချင် သွား ပါ စသည့် စကားက လက်သုံး စကား၊ ဖိတ်ခေါ်စကားဖြစ်သည်။ မိုးရေးမြို့ ဈေးသည်တို့၏ ဖိတ်မန္တက စကားများ တွင်လာပါ၊ ရေသောက်ပါ၊ အပေါ့အ လေးသွားပါ၊ လက်ဖက်ရည် မှာလိုက် မယ်၊ ထိုင်ပါဦးဆိုသည့် စကားက မြန် မာဈေးဝယ်ကို ရင်းရင်း နှီးနှီးထဲထဲဝင် ဝင်ဖြစ်စေသည်ကတော့ အမှန်ဖြစ် သည်။ ထို့ပြင်သူတို့ ဘက်မှာ နေ့စဉ် ပေါက်ဈေးဆိုသည်က မိုးရေးဈေး တစ်ခုလုံး တူညီသည့် ရောင်းဈေးရှိနေ သည်။ မြန်မာဘက်မှာ လို လက်သိပ် ထိုးရောင်းချတာမျိုး၊ ဟိုဘက်တစ်ဈေး သည်ဘက် တစ်ဈေးမဖြစ်၊ အချင်း ချင်းမို့ ဈေးလျှော့ ပေးလိုက်တာ မျိုးမရှိ။ ဈေးသည် ပီသလှသည်။ ရွာကြီး တစ်ရွာ စာလောက်ရှိသည့် မိုး ရေးမြို့က ခရိုင် မြို့ကြီးတစ်မြို့ဖြစ် သည့် တမူးမြို့ကို ထိန်းထားနိုင်သည်။ သည်မှာဘက် ကလေး-မုံရွာ-မန္တလေး ဈေးကွက်အထိ ကိုင်လှုပ်ဖမ်းစား ထားနိုင်သည်။

နယ်စပ်နန်းဖာလုံဈေး

တမူးမြို့မှာဈေးကြီးနှစ်ဈေးရှိ သည်။ တစ်ဈေးက နယ်စပ်စည်းရိုး ပေါ်က နန်းဖာလုံဈေး၊ နောက်တစ် ဈေးက တမူးမြို့ထဲက မြို့မစည်ပင် သာယာဈေးကြီးဖြစ်သည်။ နန်းဖာလုံ ဈေးကြီးကို မြေဧက ၂ ဒသမ ၁၂၈ ရှိမြေပေါ်မှာ တည်ဆောက်ထားခြင်း ဖြစ်ပြီး မြို့မစည်ပင်သာယာဈေးက ၄ ဒသမ ၅၇၈ ဧကရှိ မြေပေါ်မတည် ဆောက်ထားခြင်းဖြစ်သည်။ ဈေးအ ခင်းအကျင်းက ဟိုမှာ ဘက်ဈေးနှင့် မတူ၊ သည်မှာဘက်ဈေးထဲကို လျှောက်လိုက်လျှင်ပင် ရန်ကုန်၊ မန္တလေးရှော့ပင်းစင်တာတွေထဲ ရောက်နေသည့် အလား ထင်မှားရ သည်။ ဈေးဆိုင်တွေ အားလုံးမှာ တိုး လိုးတွဲလောင်း၊ တိုင်ကပ်၊ တိုင်ပတ်၊ အစီအခင်း အားလုံးဖြန့်ပြထား သည်။ တစ်ပိုင်းက ဈေးသည်နှင့် ဈေးဝယ် ဘာသာစကားမတူသည်ကလည်း အကြောင်းအချက်တစ်ခုဖြစ်သည်။ ထင်သာမြင်သာအောင် ခင်းကျင်း ပြသထားခြင်းဖြစ်သည်။ သည်ဆိုင် မှာ ဒါတွေရှိတယ်ဟု မမေးဘဲမပြော ဘဲ သိနိုင်သည့်နည်းဖြစ်သည်။ တစ် ဖက်ဈေးဝယ်တွေကလည်း  ဒါကိုပင် သဘောကျသည်။ သည်မှာဘက်ဈေး လာဝယ်သူတွေမှာ ဟိန္ဒူကိုလည်း တွေ့ရသလို၊ မဒရပ်တွေလည်းပါ သည်။ ထိုအထဲမွတ်စလင်ကလည်း ရှိသေး၊ ပန်ချာ၊ ကသည်း၊ ကူရ်ကီး၊ နာဂ၊ မီဇိုအမျိုးစုံသော လူမျိုးတွေ နားလည်နိုင်သည့်ဈေးအခင်းအကျင်း။

နန်းဖာလုံဈေးထဲမှာ တိုက်ခန်း ဆိုင်ခန်းတွေထက်၊ လမ်းဘေးပျံကျ ဆိုင်တွေက လူပိုစည်လာသလား အောက်မေ့ရသည်။ နွေပူပူရာသီမှာ မြန်မာဖြစ်စစ်စစ်မုန့်လက်ဆောင်း ရွှေ ရင်အေးဈေးသည်တွေ တန်းစီနေသည်။ မုန့်လက်ကောက်၊ မုန့်လုံးကြီး ကြော်ဈေးသည်များကလည်း ထန်း လျက်ရည်ရွှဲရွှဲလူးလို့။ သစ်သီးတန်း တွေမှာတော့ တရုတ်နယ်စပ်က အ ဆင့်ဆင့် ဖြတ်ကျော်လာသည့် ပျား လိမ္မော်၊ စပျစ်၊ ပန်းသီးအလုံးကြီးကြီး တို့က နေရာယူထားပြီး ဒေသထွက် ဖရဲသီး၊ အုန်းသီး၊ မျောက်ငိုသီး တို့က မြေပေါ်မှာ အပုံလိုက်အပင်လိုက်ဖြစ် နေသည်။

နန်းဖာလုံဈေးတိုက်ခန်းဈေး ဆိုင်ကြီးတွေမှာ မန္တလေးဘက်ကလာ သည်ဟုပြောသည့် တရုတ်ပြည်ဖြစ် နာမည်တပ်ပြောဖို့ခက်သည့် Fancy မျိုးစုံက နေရာယူပြီး LED လက်နှိပ် မီး၊ ပန်ကာ၊ ဈေးပေါပေါ တရုတ် လျှပ်စစ်ပစ္စည်းမျိုးစုံဆိုင်တွေ၊ တရုတ် ထည်၊ တရုတ် လက်ဆွဲစောင်၊ တရုတ် အိပ်ရာခင်းတို့ကလည်း မြန်မာ ရုပ်ရှင် မင်းသမီးပုံတွေကပ်လို့။မုံရွေးကြေး မုံစောင်တွေ၊ ဂွမ်းကပ်တွေ၊ ဆွီးတီး ဟုမ်း ခန်းဝင်ပစ္စည်းတွေနဲ့ အပြိုင် ခင်းကျင်းထားသည်။ နန်းဖာလုံ ဈေးတွင်တစ်ခုထူးခြားသည်က အိန္ဒိယနိုင်ငံဖြစ်ပစ္စည်း အရောင်းဆိုင် မရှိသလောက်ဖြစ်သော်လည်း မိုးရေး ဈေးက နှာတစ်ဖျားသာနှင့် အနိုင်ယူ ထားပြန်သည်။ သူတို့ဘက်မှာ မြန်မာ ကုန်စုံဆိုင်သီးသန့်ရှိသည်။ အ ကြောင်းအမျိုးမျိုးနှင့် လမ်းပိတ်ပြီဆို လျှင် အရေးပေါ် ဝယ်စရာခြမ်းစရာ သူတို့ဘက်မှာတင် တက်သုတ်ရိုက် ဝယ်ယူလို့ရနေပြန်သည်။

နန်းဖာလုံဈေး ရောင်းကောင်း ချိန်က အင်ဖာ-မိုးရေးကားဝင်ရောက် လာချိန် နေ့စဉ် နံနက် ၉ နာရီ ဝန်း ကျင်၊ နေ့လည် ၁ နာရီဝန်းကျင်နှင့် ညနေ ၃ နာရီဝန်းကျင် အချိန်တွေ မှာ ဖြစ်သည်။ အင်ဖာကားဆိုက်ချိန် ကသည်းမဖြူဖြူချောချောလေးတွေ၊ ခေတ်ဆန်ဆန်နာဂမပုပုတွေ၊ွှမငစက-မေ ဘက်က လာသည့်တောင့်တောင် ဖြောင့်ဖြောင့်တွေ နန်းဖာလုံဈေးထဲ ဝဲပျံနေတတ်သည် ကိုး။သည်လိုအချိန် မျိုးဆိုရင် နန်းဖာလုံဈေးသည်တွေ ဈေးရောင်းကောင်းလေပြီ။

နန်းဖာလုံဈေးဆိုသည်က တစ်ဖက်နိုင်ငံထဲက Manipur-Nagaland-Mizoram-Arunachel-Paradesh-Assam-Tripura-Meghalaya ညီအမခုနှစ်ဖော်ကို အားကိုးရောင်းချရသည်မဟုတ်ပါ လား။ နန်းဖာလုံအမယ်စုံမှာ Third Country Products တတိယနိုင်ငံ ကုန်စည်တွေက နန်းဖာလုံဈေးအ တွင်း အပြည့်ဝင်ရောက်လျက်ရှိ သည်။ ဟိုဘက်ကာလတစ်လျှောက် လုံးနန်းဖာလုံဈေးမှာ Tax Free ဆို သည့် စကားလုံးကိုလည်း မကြားဘူး။ ဂျူတီဆိုသည်ကိုလည်း နားမလည်၊ Expor Impor ကိုလည်းသိအောင် မကြိုးစား Local Consumption ဘာ ကိုဆိုသည်မသိသော ဘဝများမှ ရုန်း တက်နေရသည့် နန်းဖာလုံဈေး။ နန်း ဖာလုံဈေးမှာလာရောက် ရောင်းဝယ် ကြသူ အတော်များများက ဒါရောင်း၊ ဒါဝယ် ဒါကုန်လျှင် ပြန်ကြမည်ဆို သည့် အသိတစ်ခုနှင့် ဈေးလာရောင်း ကြသူတွေ။
မျောက်ငို၊ ငါး၊ အုန်းသီး၊
ဈေးကြီးကြီး။

နယ်စပ်ဈေးတွင် ကသည်း လူ မျိုးတို့ ဝယ်ယူမှုများပြီး ရာသီအလိုက် အရောင်းသွက်နေသော အသီးအနှံ များမှာ မျောက်ငိုသီးနှင့် အုန်းသီးဟု ပင် ဆိုရပါမည်။ သားငါးအာဟာရ တွင် ရေချိုငါး၊ ရေငံငါး၊ မြစ်ဝကျွန်း ပေါ်ငါး၊ မွေးမြူရေးငါး၊ ချောင်းငါး၊ မြောင်းငါး၊ ပင်လယ်ငါး၊ ငါးဟူသမျှ အရောင်းအဝယ်ဖြစ်သည်။ ဈေး ကောင်းရသည်။ ကသည်းတို့ ငါးစား ပုံက နှစ်စဉ်ငါးစားပွဲတော်ရှိသည်။ ''ငါးစာဆော်ပွဲ'' (ငါးစားပွဲ)၊ အီမွေး နန်းပွဲ (ငါးဘတ်သီးသန့်စားပွဲ)၊ ကျတ် ကျားပွဲ (ထမင်းလက်ဆုံစားပွဲ) တို့ ဖြစ်ရာ ထိုပွဲများအားလုံးငါးမပါလျှင် မပြီးသည့်ပွဲများဖြစ်သည်။

ငါးဘတ်စားပွဲကို ဇန်နဝါရီလ ၂၂ ရက်တွင် နှစ်စဉ်ကျင်းပသည်။ ကသည်းစုဆော်ပွဲ၊ ထမင်းလက်ဆုံစား ပွဲက နှစ်စဉ်နိုဝင်ဘာလ ဆန်းချိန်၊ ငါးစားပွဲတော်က ဇန်နဝါရီ ၁ဝ ရက် ဝန်းကျင်၊ ထိုရက်များဝန်းကျင်တွင် နန်းဖာလုံ ဈေးတစ်ခွင်ငါးမျိုးစုံအပြင် ရန်ကုန်၊ မန္တလေးက တိုက်ရိုက်လာ သည့် ရေခဲရိုက်ပင်လယ်ငါးများအထိ အရောင်းအဝယ်ကောင်းကြသည်။

ကသည်းတို့ မက်ရည်စက်ရည် အရှိဆုံးငါးများထဲတွင် ဟုမ္မလင်း နယ်နန်းသညက်ငါးကျပ်တင်ခြောက်  ကလည်း နှစ်စဉ် တန်ရာချီအရောင်း အဝယ်ဖြစ်သည်။ အခုတော့ ချင်း တွင်းမြစ်အတွင်း ရေပျော်ငါးများ လျော့နည်းလာချိန်နန်းသညက် ငါး ကျပ်တင်ခြောက်လည်း တင်ပို့ရောင်း ချမှုကျဆင်းလျက်ရှိသည်။ ယင်းနေ ရာတွင် မွေးငါးကျပ်တင်ခြောက်တွေ အစားဝင်နေသည်။ ရခိုင်ငါးခြောက်၊ မြစ်ဝကျွန်းပေါ်ငါးခြောက်မျိုးစုံတို့ ရောက်ပြတ်အနေအထား။ သို့သော် နယ်စပ်ဈေးသို့ အရောက်အပေါက် တစ်နှစ် ထက် တစ်နှစ်နည်းလာသည် ကတော့ သေချာသည်။

မဏိပူရကသည်းတို့သည် မြန်မာတို့၏ ဓလေ့ထုံးတမ်းနှင့် အ တော်လေးနီးစပ်ကြရာ၊ ဇူလိုင်လမှ အောက်တိုဘာလအထိ ကန်တော့ ကြီး နေ့ရက်ဟု သူတို့သတ်မှတ်ကြပြီး လူကြီးမိဘကို အုန်းသီးနှင့် ကန်တော့ သည့် ဓလေ့ကပင် နှစ်စဉ် အုန်းသီး အရောင်း အဝယ်ဈေးကွက်ကို ကြီးမား စေသည်။ြ<ွကယ်ဝချမ်းသာမှုပေါ် မူ တည်၍ အုန်းသီးအနည်းအများဖြစ် လာသည်။ အသက် ၅ဝ ရှိသော အဖေကို အုန်းသီး ၅ဝ လုံး၊ အသက် ၄ဝ ရှိသော အမေကို အုန်းသီးအလုံး ၄ဝ။ အသက်ကို လိုက်၍ အုန်း သီးကန်တော့ရသည့် သူတို့ဓလေ့။ နောက်ထိုအုန်းသီးကို သူတို့ဘက်မှာ အုန်းသီးမှဆီထုတ်သည်။ ခြေသုတ်၊ ကော်ဇော၊ အခင်း အမျိုးမျိုး၊ ဆိုဖာ၊ ကားကူရှင်၊ အုန်းမှုတ်ခွံကို ဘော်လ် ပင်။ ရင်ထိုး၊ ဆံထိုး၊ ကုန်ချောတွေ ထွက်လာသည်။

အခုဖေဖော်ဝါရီ၊ မတ်လ ရာသီ မှတော့ နန်းဖာလုံဈေးမှာ မျောက်ငို သီးမှ မျောက်ငိုသီးဖြစ်နေသည်။ ကလေး၊ ချင်းတောင်၊ တမူးနယ်စပ် ခွင် စိုက်ပျိုးထားသည့် မျောက်ငိုသီး အားလုံး နန်းဖာလုံဈေးမှာ လာစုပုံ ရောင်းချကြသည်။ ယခုရက်ပိုင်း နယ်စပ်မှာ အနယ်နယ်အရပ်ရပ်လာ ကြသည် မျောက်ငိုသီးတင်ဆိုင်ကယ် အစီးရာချီရှိသည်။ လာမည့်ဧပြီလ ကုန်ရက်အထိသည်ဖက်မှာ မျောက် ငိုသီးတင်ဆိုင်ကယ်အစီးရာချီရှိသည်။ လာမည့်ဧပြီလကုန်ရက်အထိ သည် ဖက်မှာ မျောက်ငိုသီးအရောင်းအဝယ် ဖြစ်သည်။

ယခင်ယခင်ကာလတွေတုန်း ကတော့ တမူးနယ်စပ်တွင် မြန်မာ ပြည်ဘက်က ပို့ကုန်အဖြစ် ငရုတ်၊ ကြက်သွန်၊ ကွမ်းသီး၊ သစ်မွှေး၊ ရွှေ စသည့် စသည့် ပစ္စည်းတွေ အ ရောင်းအဝယ်ဖြစ်ခဲ့ပြီး အပြန်ကုန် အဖြစ်ခရုပုဆိုး၊ တမူးပါတိတ်၊ ဖန် လက်ကောက်၊ အမွှေးတိုင်၊ စက်ဘီး ပစ္စည်း၊ ကားပစ္စည်း၊ ချည်ထုတ်၊ မီး စာ၊ အပ်ချိတ် စသည့် ပစ္စည်းတွေ သယ်ယူ၍ မုံရွာ၊ မန္တလေး၊ ပွဲရုံ၊ ဈေး ချိုတို့တွင် ရောင်းကြရသည်။ မန္တလေး အပြန်ကုန်ဆိုလျှင် ကက်ဆက်၊ အုန်း လက်ဖော့၊ တက်ထရက်၊ ဂျင်းဘောင်း ဘီ၊ အင်္ကျီ၊ အာရ်မီကုတ်ဆိုတာတွေ သယ်ယူရောင်းချခဲ့ကြရသည်။ ယခု တော့ ထိုထိုပစ္စည်းများ သယ်ယူပို့ ဆောင်မှုမရှိသလောက် ရှားပါးသွား ပြီး အခုတော့ ကွမ်းသီးအိတ်အသွား ကုန်နှင့် အပြန်ကို အက်ဖ်ဇက်ဆိုင် ကယ်ဆိုလား၊ အာတီဗာဆိုင်ကယ်ဆို လား သယ်ယူရောင်းချကြသည်။ ဝန် ကျစ်ကျစ်ဖြင့် များများမြတ်သည့် ပစ္စည်းကို အထူးထားအရောင်းအ ဝယ်လုပ်လိုကြသည်။ ခေတ် အခြေ အနေအရ ကိုယ်ပျောက်ကုန်စည် တွေကလည်း ပေါပါဘိခြင်း။ လွန်ခဲ့ သော အနှစ်ငါးဆယ်ဝန်းကျင် မှောင် ခိုကူးသည့် ဈေးသည်များ၏ ခပ်ရိုင်း ရိုင်းစာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ကို သွားအမှတ်ရမိသည်။ ''တမူးသုံး ခေါက် အရင်းပျောက်။ တစ်ခေါက် (..)ခံ အရင်းပြန်'' ဆိုလား။

ဟိုတုန်းကကားနာမည်များ၊ သင်္ဘောနာမည်များနှင့် စာပြောင် များကို သွားအမှတ်ရမိသည်။ လှလှ ဝင်း ခဏခဏဆင်း၊ ရောင်နီတွန်း၊ ကုန်းကြယ်နီ-ရေချမ်းစီ...။ရှိသေး သည် မြန်မာ-အိန္ဒိယနယ်စပ် တမူး နှင့် ပတ်သက်သည့် ပြောစရာတွေ။

ကြာကြာကွတ်(ကလေး)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.