19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ကျေးဇူးတွေကို မေ့ပစ်ခြင်း

(၁)

 မေ့တတ်တဲ့ လူတွေအကြောင်း ပြောရမယ်ဆိုရင် ကျွန် တော်က ထိပ်ဆုံးပါဝင်မယ်လို့ ထင်တာပါပဲ။

ကျွန်တော်က ဗုဒ္ဓဘာသာဝင်ပါ။ ကျွန်တော်တို့ ဗုဒ္ဓက နောက်ဆုံး စကားပြောသွားတာကို မှတ်မိပါတယ်။

အပ္ပမာဒေနသမ္မာဒေထတဲ့။ မမေ့လျော့ရဘူးတဲ့။

 နောက်တော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ကျင့်စဉ်တွေမှာ သတိ ပဋ္ဌာန်ဆိုတာရှိတယ်။ အမြဲသတိရှိရမယ်တဲ့။

(၂)

 မေ့တာ အမျိုးမျိုးရှိတယ်။

 ကျွန်တော်ပြောလိုတာက  အသက်ကြီးလာလို့ မေ့တာကို ပြောတာ မဟုတ်ပါဘူး။

အမှန်တော့လည်း အသက်ကြီးတဲ့အခါ မှတ်ဥာဏ်တွေ ချို့ယွင်းလာတယ်။

အရင်က အကြောင်းအရာတွေကို မှတ်မိပေမယ့် စော စောက လုပ်တာကိုင်တာတွေပြောတာဆိုတာတွေကို မေ့တတ် တယ်။

တစ်ခါတစ်ခါ သားသမီးတွေက ဒီအကြောင်း အဖေပြော တာ ငါးခါရှိပြီလို့ ပြောတတ်သေးတယ်။

''ဟုတ်မှာပါ။ ငါ့ကို ခွင့်လွှတ်ပါ'' လို့ပဲ သူတို့ကို တောင်း ပန်ရတယ်။ သူတို့က မဟုတ်တာ ဘယ်ပြောပါ့မလဲ။

ကျွန်တော်ငယ်ငယ်က ဖတ်ဖူးတာလေးထဲမှာ ''သားသမီး တွေကို တို့ကစကားပြောတာကို သင်ပေးတယ်။ ခုတော့ တို့က စကားပြော ရင် စကားများတယ်ဆိုပြီး သူတို့က ပိတ်ပင်တယ်'' တဲ့။

ဒါက မိဘနဲ့ သားသမီး၊ အပြစ်မတင်ကောင်းပါဘူး။

တကယ်တော့လည်း မိဘတွေ စကားများများပြောတာကို သားသမီးတွေက ပိတ်ပင်ချင်လို့ မဟုတ်ပါဘူး။ မိဘတွေဟာ စကားတွေ ထပ်တယ်။ ထပ်ကာထပ်ကာ ပြောတာမျိုးတွေကို တားတာပါပဲ။ တစ်ခါတစ်ခါလည်း မိဘကို အခြားသူတွေ အရိုအသေ တန်မှာစိုးလို့ ပိတ်ပင်တာမျိုးနေမှာပါ။

လွန်ခဲ့တဲ့အနှစ် ၂ဝ ကျော်က ကျွန်တော်တို့ ဆရာကြီး ပါမောက္ခချုပ် ဦးလှရွှေကို ကျွန်တော် ရန်ကုန်ကနေ မော်လ မြိုင်ကို ဆရာ ကန်တော့ ပွဲအတွက် ခေါ်သွားဖူးတယ်။ လမ်းမှာ ဆရာက သိပ်စကားမပြောဘူး။ ကျွန်တော်က ''ဆရာနေ ကောင်းရဲ့လား'' လို့ မေးတော့ ဆရာက ''ကောင်းပါတယ်ကွာ'' လို့ ဖြေတယ်။

 ပြီးတော့ ဆရာဘာမှ ဆက်မပြောတော့ဘူး။ ဒီတော့ ကျွန်တော် ဆရာ့ကို မေးရတယ်။

''ဆရာဘာလို့ အရင်ကလို စကားတွေမပြောတော့တာလဲ၊ ကျွန်တော် မော်လမြိုင် ကောလိပ် တက်တုန်းက ကျားတံတားလမ်းမှာ နေ တယ်။ ဆရာ့အိမ်ကို လာလည်ဖူး တယ်။ ဆရာမှတ်မိလား''

''မှတ်မိတာပေါ့။ မင်းရယ်၊ တင် ဦးရယ်လာတာ''

''ဟုတ်တယ်ဆရာ၊ တင်ဦးက မင်းနိုင်ဆိုတဲ့ နာမည်နဲ့ အင်္ဂလိပ်စာ ကျူရှင်မှာ အောင်မြင်နေတယ်''

''ဒီကောင်လည်း ငါ့ဆီ တစ်ခါ တစ်ခါလာတယ်။ ငါငယ်ငယ်က မှတ် ထားတဲ့ အကြောင်းတစ်ခုရှိတယ်''

''ဘာလဲ ဆရာ''

''လူတွေဟာကြီးလာရင် စကား အရမ်းများတယ်''

''ဒါကတော့ ဆရာရယ်။ ဆရာ တို့က အတွေ့အကြုံ ဗဟုသုတတွေ ပြည့်ဝလာတော့ ပြောစရာတွေ အ များကြီးနေမှာပေါ့''

''ဒါတော့ ဒါပေါ့။ ဒါပေမယ့် စကားအများကြီးပြောရင် လူငယ် တွေ မကြိုက်ဘူး''

ဆရာကြီးစကား မှတ်သားစရာ ကောင်းပါတယ်။

(၃)

 လောကကြီးဟာ လူငယ်တွေရဲ့ ဇာတ်ခုံပေါ့။ သူတို့ အဓိက 'က'ရ မယ့် နေရာပါပဲ။

သူတို့မှားတာတွေ နားမလည် တာတွေ အများကြီးရှိမယ်။ ဒါပေမယ့် အဲဒီလို မှားတာတွေ နားမလည်တာ တွေရဲ့ အဓိက တရားခံ ကတော့ မေ့ လျော့ခြင်းပါပဲ။

ကျွန်တော်တို့ ဘယ်သူနဲ့ ရန်ဖြစ် လဲ၊ အနီးကပ်ဆုံး လူတွေနဲ့ ရန်ဖြစ် တယ်။ ဆွေမျိုးတွေနဲ့ အဆင်မပြေ တာတွေ အများဆုံးပါပဲ။ လူတွေ က ဆွေမျိုးတွေကို စိတ်နာကြတယ်။

ကျွန်တော့် မိဘတွေလည်း ဒီလို ပါပဲ။ ဆွေမျိုးတွေကို စိတ်နာဖူးတာ တွေရှိတယ်။ လူတိုင်းလူတိုင်းမှာလို လို မိသားစု ပြဿနာတွေ အများကြီး ရှိတတ်ပါတယ်။

ကျွန်တော်တို့တစ်တွေဟာ နီး ကပ်သူတွေနဲ့ပဲ ရန်ဖြစ်တတ်ကြတာ ပါ။ မသိတဲ့ သူတွေ ဘယ်သူနဲ့မှ ရန်မဖြစ်ဘူး။

အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ရန်ဖြစ်သူတွေလည်း ရှိတယ်။ စိတ် နာပြီး စကားမပြောသူတွေလည်း အများကြီးပဲ။

ဒါကို လူ့သဘာဝလို့ပြောရင် မှားတော့မမှားဘူး။ ဒါပေမယ့် ကောင်းတော့မကောင်းဘူးပေါ့။

တကယ်တန်း လူးမျိုးတစ်မျိုးနဲ့ တစ်မျိုး အတူယှဉ်တွဲလုပ်ကိုင်ဖို့ဆို တာ အများကြီးခက်တယ်။ လွတ်လပ် ရေး ရယူစဉ်ကတောင် ဗိုလ်ချုပ် အောင်ဆန်းဟာ တိုင်းရင်းသားတွေကို ပင်လုံမှာ အတော်လေးကို စည်းရုံးယူ ရတယ်။

ဒီလိုဖြစ်တာကို နယ်ချဲ့က သွေးခွဲထား လို့ ဖြစ်တာပါလို့ သုံးသပ်ကြတယ်။ တကယ်တော့ ကျွန်တော့်တို့ လူသား တွေရဲ့ သဘာဝကြောင့် စည်းရုံးရတာ ခက်လို့ပါပဲ။

ဒီတော့ ကျွန်တော်ပြောချင်တာ က မိတ်ဆွေ၊ ဆွေမျိုးမောင်နှမတွေကို သာမက မိဘတွေကိုသော်မှ ရန်လုပ် သူတွေ အများကြီး ရှိတယ်ဆိုတာပါပဲ။

(၄)

အကောင်းဆုံး သတိထားစရာ ဥပမာကိုတော့ ''Wai  (ဝေ) '' ဆိုတဲ့ စာရေးဆရာမရေးထားတဲ့ အကြောင်း အရာလေးနဲ့ တင်ပြလိုပါ တယ်။ သူ က Chicken Soup က ကောက်နုတ် ဘာသာပြန်ထားတယ်လို့ ဆိုတယ်။ ဒါကို သူ့ဆီက ဖတ်ရလို့ ကျေးဇူးတင် ပါတယ်။

ကျွန်တော်က ဒါကို ထပ်ဆင့် မျှ ဝေချင်ပါတယ်။

''တစ်ခါက မိန်းကလေးတစ် ယောက်ဟာ အိမ်ကနေထွက်လာ တယ်။ လမ်းရောက်မှ သူ့ဆီမှာ ပိုက် ဆံမပါလာဘူးဆိုတာကို သတိရမိ တယ်။  ဖြစ်ချင်တော့ မိန်းကလေး ဟာ ခေါက်ဆွဲကြော်ဆိုင်ရှေ့က ဖြတ် လျှောက်မိလျက်သားဖြစ်နေတယ်။

 ခေါက်ဆွဲတစ်ပွဲလောက်စားရ ရင်ကောင်းမှာပဲလို့ တွေးနေမိတယ်။ ဒါပေမယ့် ငါ့မှာ ပိုက်ဆံမှမပါပဲဆိုပြီး တံတွေးသာမျိုချမိတော့ တယ်။ ဒါကို ဆိုင်ရှင်က မြင်တော့ ''သမီးရေ ခေါက်ဆွဲစားမလား''လို့ မေးတယ်။

မိန်းကလေးက ''ကျွန်မမှာ ပိုက် ဆံပါမလာလို့ပါ'' လို့ ပြန်ဖြေတယ်။

ဆိုင်ရှင်က ''စားချင်နေရင်စား ပါ။ ပိုက်ဆံမပါလည်း စားနိုင်ပါ တယ်။ သမီးအတွက် ခေါက်ဆွဲတစ်ပွဲ ပြင်ပေးမယ်''

ဒီလိုပြောတော့ မိန်းကလေးဟာ ဆိုင်ထဲဝင်ထိုင်ပြီး စောင့်နေတယ်။ မကြာမီ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ခေါက်ဆွဲတစ်ပွဲ သူမရှေ့ရောက် လာတယ်။

''ကောင်းလိုက်တာ''

ဒီလိုစားနေရင်း မျက်ရည်တွေ ကျလာတယ်။ ဒါကိုတွေ့တော့ ဆိုင် ရှင်အမျိုးသမီးက မေးတယ်။

''ဘာဖြစ်လို့လဲ''

''အမေပေါ့''

''အမေဘာဖြစ်လဲ''

''သမီးအလုပ်က ပင်ပင်ပန်းပန်း ပြန်လာတာ ထမင်းချက်မထားဘူး။ ဒါကြောင့် စိတ်ဆိုးပြီး အိမ်ကထွက် လာတာပါ။ ခုတော့ ဘာမှ မတော်တဲ့ အမျိုးသမီးကြီးက ခေါက်ဆွဲကြော် ကျွေးနေတယ်''လို့ ဖြေတယ်။

''အမေက သိပ်ရက်စက်တာပဲ'' လို့ ဆက်ပြောမိတယ်။

ဒီအခါ ခေါက်ဆွဲဆိုင်ပိုင်ရှင်က ''သြော် မိန်းကလေးရယ်။ အဒေါ်က သမီးကို တစ်နပ်တည်းကျွေးဖူးတာပါ။ ဒါပေမယ့် သမီးလေး အမေက သမီး ကို တစ်သက်လုံး ကျွေးမွေးစောင့် ရှောက်ခဲ့တယ်မဟုတ်လား''

ဟုတ်ပါရဲ့။ ခေါက်ဆွဲတစ်ပွဲကို ကျွေးမွေးတဲ့ သူကို အထပ်ထပ် ကျေး ဇူးတင်နေမိတယ်။

ဒါဆိုရင် တစ်သက်လုံး ကျွေး မွေးခဲ့တဲ့ အမေကိုရော။

မိန်းကလေးဟာ မျက်ရည်သုတ် ပြီး အမေ့ဆီကို ပြန်ခဲ့တယ်။ ဝတ္ထုထဲ မှာ အမေဟာ သမီးလေးပြန်လာတဲ့ လမ်းကို စောင့်နေတယ်။ ''သမီးလေး အတွက် အမေထမင်းတွေချက်ထား ပြီးပါပြီကွယ်။ လာပူပူလေးစားရ အောင်နော်''လို့ ပြောရှာသတဲ့။

(၅)

ကျွန်တော်တို့ဟာ မေ့တတ်ကြ ပါတယ်။

အသက်ကြီးလာတော့လည်း ကု လို့မရတဲ့ ဇရာရဲ့ လက္ခဏာကြောင့် မေ့တာတွေရှိတတ်ပါတယ်။

ကျွန်တော်ပြောချင်တာက အဲဒီ လိုမျိုးလည်း မဟုတ်ဘူး။

'ကျေးဇူး'တွေကို မေ့ပစ်တာပါ။

အဲဒီရောဂါက ကုလို့ရပေမယ့် အင်မတန်ဆိုးတဲ့ ရောဂါပါပဲ။

ကျွန်တော်တို့ လူသားတွေအား လုံးက တစ်ယောက်ကိုတစ်ယောက် အကျိုးပြုနေတာပါပဲ။

အင်မတန်ကောင်းတဲ့ တိုက်တာ တွေ ဟိုတယ်တွေ လမ်းတံတားတွေ၊ ဒါတွေအားလုံးကို တစ်ယောက်တည်း တည်ဆောက်လို့ရတာမှ မဟုတ်တာပဲ။

 အမေ၊ အဖေ၊ မိဘ၊ ဆွေမျိုး၊ မောင်နှမ ကျေးဇူးဘယ်လောက်ကြီး တယ်ဆိုတာကို မေ့နေကြတာပဲ။ မမေ့ကြပါနဲ့။

ဒေါက်တာခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.