22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ခေတ်ဟောင်းပုံပြင် - ၃၆

ရှေးလူကြီးတွေက ''ခေတ်ပျက် တုန်းကပေါ့ကွာ''လို့ စကားအစချီပြီး အမှတ်တရ ရှေးဟောင်းနှောင်းဖြစ် တွေကို ပြောတတ်ကြပါတယ်။

ကျွန်တော်ကလည်း အသက် ၃ဝ အောက် လူငယ်တွေကို စကား စပ်မိတဲ့အခါ ''ခေတ်ပျက်တုန်းက ပေါ့ကွာ'' လို့ စကားလမ်းကြောင်း တတ်တာပါပဲ။                   

ရှေးလူကြီးတွေရဲ့ 'ခေတ်ပျက် ချိန်' ဆိုတာက ဒုတိယကမ္ဘာစစ်ကြီး ကာလ မြန်မာပြည်က နယ်ချဲ့ အင်္ဂလိပ်တွေအပြေး ဖက်ဆစ် ဂျပန် တွေ အဝင် ဝရုန်းသုန်းကား ခေတ်ကို ဆိုလိုပါတယ်။

လူငယ်တွေကို ကျွန်တော်ပြော တဲ့ 'ခေတ်ပျက်ချိန်' ဆိုတာကတော့ ချိန်ကိုက်ဗုံးတစ်လုံးလို မဆလ တစ် ပါတီအာဏာရှင်စနစ် ပြိုလဲသွားပြီး သူ့နေရာကို စည်းဝါးညီညွတ်စွာ ဘီ လူးဆိုင်းတီးပြီး ခုန်ပေါက်ဝင်ရောက် လာတဲ့ အာဏာသိမ်းစစ်အုပ်စု Junta (ဟွမ်တာ) က စစ်အမိန့် 'မာ ရှယ်လော'နဲ့ အကြမ်းဖက် စိုးမိုးတဲ့ ကာလကို ရည်ညွှန်းပါတယ်။

နဂိုက မွဲနေတဲ့ နိုင်ငံမှာ သတ် ကြဖြတ်ကြ ပြေးကြလွှားကြနဲ့ ဗရုတ် ဗရက်ဖြစ်တဲ့ ကာလမှာ အသက်မွေး ဝမ်းကျောင်း အလုပ် အကိုင်တွေ တော်တော်များများလည်း ပျက်စီးကုန် ကြတာ ဓမ္မတာပါပဲ။

အလုပ်မရှိကြတော့ ထမင်းငတ် ကြတာပဗျာ။ (ဟိုး ဆရာ) လွန်မယ့် လို့တော့ မပြောပါနဲ့၊ လုံးဝ ဥဿုံ ထမင်းမစားရတာမဟုတ်ဘဲ ထမင်း နပ်ကျော်စားရတာ၊ ထမင်းနပ် မမှန် တာ၊ လူလိုသူလိုအာဟာရ ပြည့်ပြည့် ဝဝမစားရတာဟာလည်း 'ငတ်ခြင်း' တစ်မျိုးပဗျာ။

အာဏာသိမ်းစစ်အုပ်စုက သူ့ ကိုယ်သူ အစိုးရခန့်ပြီး ရာဇပလ္လင်ပေါ် တက်လာတဲ့ ၁၉၈၉ ကာလအထိ ပြည်သူလူထုဟာ ဂနာမငြိမ် ကြသေး ပါဘူး။

ဂနာမငြိမ်ဘူးဆိုတာကို အဓိပ္ပာယ်ကောက်မလွဲကြပါနဲ့နော်။         

ကျွန်တော်ဆိုလိုတာက အ သက်မွေးဝမ်းကျောင်း အလုပ်တွေ အထိုင်မကျကြသေး ဘဲ ခွေးတိုးဝက် ဝင်အပြေး အလွှား ထမင်း ရှာစားနေ ကြရတဲ့ အခြေအနေကို ပြောတာပါ။

ကျွန်တော်ဆိုတဲ့ စာကလေးပေ ကလေး ချောက်ချီးချောက်ချက်ရေး စားတဲ့ သတ္တဝါလည်း ဘာသားထု ထားတာမို့ ခံနိုင်မှာတုံးဗျာ။ လင် ကိုယ်မယား နှစ်ယောက်တည်းရှိတာ မှာ မိန်းမက ရောင်းတတ်ဝယ်တတ် လှည့်တတ်ပတ်တတ်သမို့ ထမင်းမ ငတ်တာပါ။

ကျွန်တော် ထမင်းရှာစားနေတဲ့ စာပေနယ်ပယ်ကြီးကလည်း ၈၈ အရေးအခင်းကာလထဲမှာ ဖရိုဖရဲ ယိုင်လဲသွားတော့ 'စာရေးစား' ဖို့ (ဂွင်) 'ခွင်' ကျဉ်းသွားတာပေါ့။

အဲသည်လို ကာလမျိုးမှာ ''စာ ပေ အနုပညာ စစ်စစ်'' Pure Literature ပဲ ဖန်တီးရေးသားမယ်၊ လျှာမှာ မြက်ပေါက်ခံမယ်ဆိုတဲ့ တစ်လွဲ မာန ခံယူချက်မျိုးက အလုပ်မဖြစ်ပါဘူး။ Professional စာရေးဆရာတစ် ယောက်အနေနဲ့ ဥပဒေနဲ့ မလွတ် ကင်းတဲ့၊ အစဉ်အလာ ယဉ်ကျေးမှုက ခွင့်မပြုတဲ့ စာပေမျိုးကလွဲရင် ဝင်ငွေ ရရှိနိုင်တဲ့ စာပေတစ်မျိုးမျိုးကို ရေး သားပြီး အသက်မွေးဝမ်းကျောင်းနိုင်မှ သာ အလုပ်ဖြစ်ပါတယ်။

အဲသည် စာရေးဆရာမျိုးမှသာ Professional စာရေးဆရာ အစစ်အ မှန်ဖြစ်ပါတယ်။ တချို့ဝန်တို မစ္ဆရိယ စိတ်အားကြီးတဲ့ သတ္တဝါတွေက ငွေရ အောင် စာရေးတဲ့ သူတွေကို Literary Prostituting 'စာပေပြည့် တန်ဆာ' လုပ်စားတယ်လို့ လျှာအရိုး မရှိတိုင်း ယုတ်ညံ့အောက်တန်းကျစွာ ပုတ်ခတ်တတ်ကြပါတယ်။

အပျော်ဖတ်စာပေကို ပုတ်ခတ်  ရှုပ်ချတဲ့ သူတော်ကောင်းကြီးများဟာ အပျော်ဖတ်စာပေရဲ့ အနုပညာဆန် မှု၊ လေးနက်မှု၊ လူ့အဖွဲ့အစည်းကို ကောင်းကျိုးပြုမှုတွေကို သေသေချာ ချာ ရေရေရာရာမသိဘဲ ရုတ်တန်း ရမ်းတုတ်တဲ့ အဆံချောင်ဦးနှောက် ပိုင်ရှင်များဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ဘဝင်ရူးစိတ္တဇနာစွဲနေကြတဲ့ လေအိုး လေကျယ်များသာ ဖြစ်တယ်လို့ထင် ပါသဗျား။

ကျွန်တော်ဟာ စာပေ အနုပညာ မှန်သမျှကို ချစ်မြတ်နိုးတန်ဖိုးထားပါ တယ်။ 'ကလေးဂျာနယ်' မှာပုံပြင် ကလေးတွေ ရေးတဲ့ စာရေးဆရာကစ လို့ အတွေးအခေါ် ကျမ်းကြီးကျမ်းခိုင် များ ပြုစုရေးသားတဲ့ စာရေးဆရာ အဆုံး အကုန်လုံးကို လေးစားပြီးသား ပါ။

သူတစ်ပါးစာကို ကူးချတဲ့ စာသူ ခိုး Plagiarist တွေကိုတော့ မလေး စားရုံသာမက ဒင်း(သင်း) တို့ အ သက်ထွက်တဲ့အထိ ဖနောင့်နဲ့ချည်း ပေါက်သတ်ချင်ပါတယ်။ ဒင်း(သင်း)တို့ကို စာပေနယ်သုံး ခေတ်ဝေါဟာရလည်း အရှိသား။ သူတစ်ပါး ဦး နှောက်ဖောက် စားတဲ့ အမနုဿ သတ္တဝါတဲ့။

 ခေတ်ပျက်ရာက စစ်အာဏာ ရှင်တွေက သေနတ်နဲ့ ထိန်းလို့ တည် ငြိမ်စပြုလာတဲ့ ကာလကို ပြန်သွား ကြရအောင်ဗျာ။

အဲသည် အချိန်မှာ ''မိန်းမဈေး ရောင်းတာချည်း ထိုင်စားနေလို့တော့ မဖြစ်ချေတော့ဘူးဟဲ့'' လို့ စဉ်းစားမိ ပြီး ကျွန်တော် အပျော်ဖတ် စာပေ လိုင်းထဲမှာ ပိုက်ဆံရှာဖို့ ဆုံးဖြတ်လိုက် ပါတယ်။ ကောမစ် Comics လို့ ခေါ် ကြတဲ့ ပန်းချီရုပ်ပြစာအုပ်များအ တွက် ဇာတ်လမ်းရေးပြီး ပုတ်ပြတ် ရောင်းစားဖို့ပါပဲ။

 မြောက်ဥက္ကလာပတစ်နေရာ  မှာ ရှိတဲ့ ရုပ်ပြစာအုပ်ထုတ်ဝေသူ တစ်ဦးဆီသွားပါတယ်။ ညှိနှိုင်းကြတဲ့ အခါ သူက ကျွန်တော့်ကို စိတ်မချ သေးတာနဲ့ 'ပုတ်ပြတ်' မလုပ်ဘဲ 'နေ့ စား' သဘောမျိုး အလုပ်အပ်ပါတယ်။ ရုပ်ပြဇာတ်လမ်းကို သူ့တိုက်မှာပဲ ထိုင်ရေးရ ပါတယ်။ ညနေ ၄ နာရီလောက် အလုပ်သိမ်းရင် သူက 'မူးပေးပဲပေး' ပုံစံမျိုးနဲ့ ပိုက်ဆံပေးပါ တယ်။

သည်တော့ ကျွန်တော့်မှာ မနက်စာ ထမင်းကို ဝယ်မစားနိုင်ဘူး။ ဈေးအပေါဆုံး မုန့်ဟင်းခါး တစ်ပွဲ ဝယ်စားပြီး မနက်စာအတွက် အာ သာဖြေရတယ်။

မုန့်ဟင်းခါးလို့သာ ပြောတာပါ။ ဟင်းရည်ကို ငါးနဲ့ချက်တာမဟုတ်ပါ။ ဟင်းချိုမှုန့်တောင် သုံးပုံမရဘူး။ ဆန် မှုန့်တွေကို ငံပြာရည် နဲ့ ရောကျိုထား တဲ့ ဟင်းရည်ပါ။ ပဲကြော်နဲ့ မုန့်ဟင်း ခါးတစ်ပွဲမှ ၂၅ ကျပ်လောက်ပဲရှိမယ် တူပါရဲ့။ ငရုတ်သီးမှုန့်ကလည်း အညံ့ စား အပေါစားတွေ။ အချဉ်အတွက် ရှောက်သီး၊ သံပုရာသီးရမယ် မထင် နဲ့၊ မရဘူး။ ချဉ်စုတ်နေတဲ့ 'ရှာလကာ ရည်' acetic acid ပဲရမယ်။

အဲသည် အပေါစား မုန့်ဟင်းခါးတွေ နေ့စဉ်စားနေရတဲ့အခါ မကြာခင်မှာပဲ ကျွန်တော် အစာအိမ်အချဉ် ပေါက်ပါတော့ တယ်။ ဆေးကု ယူရ တော့တာပါပဲ။ နောက်ပိုင်း အဲသည် မုန့်ဟင်းခါး ဆိုင်ဘက် ခြေဦးမလှည့် ရဲတော့ပါဘူး။

ကျွန်တော်မစားလည်း အဲသည် ဆိုင်ကို အားပေးနေကြတဲ့ ဆင်းရဲ သားတွေ တစ်နေကုန်ဖွင့်တဲ့ အဲသည် ဆိုင်မှာ ကြိတ်ကြိတ်ကို တိုးလို့ပါ။

ကျွန်တော်တို့ လူမျိုးတွေများ မွဲသာမွဲကြတာ အသက်တော့ တော် တော်ပြင်းကြတာပဲလို့ အောက်မေ့မိပါ ရဲ့။

ခုခေတ်မှာလည်းပဲ အဆိပ်တွေ စားပြီး အသက်ရှည်နေကြတဲ့ လူတွေ သန်းချီပြီး ရှိနေကြပါသဗျို့။

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.