6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
သူ့လိုမေတ္တာ

ကျွန်တော်သည် စူပါမားကက် ကြီးတစ်ခုတွင် ဈေးဝယ်ရန် ရောက်ရှိ နေစဉ် အသက် ငါးနှစ်၊ ခြောက်နှစ် ခန့်ရှိ ကလေးငယ်တစ်ဦးအား ငွေကိုင် စာရေးမလေးက ပြောနေသည်ကို ကြားလိုက်ရသည်။
    ''ဝမ်းနည်းပါတယ် ကလေးရယ်၊ ဒီအရုပ်ကလေးကို ဝယ်ဖို့ မင်းမှာ ပိုက် ဆံက မပြည့်ဘူး၊ လိုနေသေးတယ်''
    ထိုကလေးငယ်က ကျွန်တော့်ကို လှည့်ကြည့်ပြီး မေးလေသည်။
    ''ဦးလေးကြီး၊ ကျွန်တော့်မှာ ပိုက် ဆံက မပြည့်ဘူးတဲ့၊ လိုနေသေးတယ် တဲ့၊ ဟုတ်လား ဟင်''
    ကျွန်တော်က သူ့ပိုက်ဆံများ ရေ ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
    ''ဒီအရုပ်ကို ဝယ်ဖို့ ပိုက်ဆံက မပြည့်ဘူး၊ လိုနေသေးတယ်ဆိုတာ ကလေးက တကယ်မသိဘူးလား''
    ကလေးငယ်က သူ့လက်ထဲတွင် အရုပ်ကလေးကို ဆုပ်ကိုင်ထားသည်။ နောက်ဆုံးတွင် ကျွန်တော်က သူ့ အနားကပ်သွားပြီး ဒီအရုပ်ကလေးကို ဘယ်သူ့ကိုပေးဖို့လဲဟု မေးကြည့် သည်။
    ''ဒီအရုပ်ကလေးကို ညီမလေး က သိပ်သဘောကျတာ၊ ပြီးတော့ အရမ်းလည်း လိုချင်နေတာလေ၊ ဒါ ကြောင့်မို့ သူ့မွေးနေ့မှာ လက်ဆောင် အဖြစ်ပေးချင်လို့ပါ။ မေမေ့ဆီကို ဒီ အရုပ်ကလေးပေးလိုက်ရမှာ၊ ဒါမှ မေမေ အဲဒီကို ရောက်သွားတဲ့အခါ ညီမလေးဆီ ဒီအရုပ်ကလေးပေးမှာ လေ''
    ကလေးငယ်ကလေးက ပြော ရင်း ကြေကွဲဝမ်းနည်းနေပုံရလေ သည်။ မျက်လုံးအိမ်ထဲမှာလည်း မျက် ရည်ဝဲနေသည်။
    ''ညီမလေးက ဘုရားသခင်ဆီ ရောက်သွားပြီလို့ ဖေဖေက ပြော တယ်။ မေမေလည်း မကြာခင်မှာ ဘုရားသခင်ဆီ သွားရတော့မှာတဲ့၊ ဒါကြောင့် မေမေ့ကို ဒီအရုပ်ကလေး ပေးလိုက်ရင် ဘုရားသခင်ဆီမှာ ရောက်နေတဲ့ ညီမလေးကို မေမေက ဒီအရုပ်ကလေးပေးမှာပေါ့''
    ကျွန်တော် နှလုံးခုန်နေတာ ရပ် သွားသလို ခံစားလိုက်ရသည်။ ကလေးငယ်က ကျွန်တော်အား မော့ ကြည့်ပြီး ပြပြောလေသည်။
    ''ကျွန်တော်က ဖေဖေ့ကို ပြော ထားတယ်။ မေမေထွက်မသွားပါနဲ့ဦး၊ ကျွန်တော် စူပါမားကက်က ပြန်လာ တဲ့ အချိန်ထိ စောင့်ပေးပါလို့ ပြော ခိုင်းထားတယ်''
    ထို့နောက် သူ့ဓာတ်ပုံကလေးကို ထုတ်ပြလေသည်။ ဓာတ်ပုံထဲတွင် ကလေးငယ်ကလေးက ရယ်မောပျော် ရွှင်နေသည်။ ပြီးတော့ ဆက်ပြောပြန် သည်။
    ''ကျွန်တော့် ဓာတ်ပုံကလေးကို မေမေက ယူသွားစေချင်တယ်။ ဒါမှ ညီမလေးက ကျွန်တော့်ကို မမေ့တော့ ဘဲ အမြဲသတိရနေမှာလေ၊ ကျွန်တော့် က မေမေကို အရမ်းချစ်တာ၊ ကျွန် တော့်ကို ထားရစ်ခဲ့ပြီး မေမေထွက် မသွားစေချင်ပါဘူး။ ဒါပေမယ့် ဖေဖေက ပြောတာကတော့ ညီမ လေးနဲ့အတူနေဖို့ မေမေက သွား တော့မှာတဲ့''
    ပြီးတော့ ကလေးငယ်က ကြေ ကွဲဝမ်းနည်းနေသော မျက်လုံးများနှင့် အရုပ်ကလေးကို စိုက်ကြည့်နေသည်။ သည်တော့မှ ကျွန်တော်လည်း ပိုက် ဆံအိတ်ကို ထုတ်ယူလိုက်ပြီး ကလေး ငယ်အား ပြောလိုက်သည်။
    ''ကဲကဲ၊ မင်းပိုက်ဆံတွေ ပြန်ရေ တွက်ကြတာပေါ့၊ မင်းရဲ့ ပိုက်ဆံတွေ က အရုပ်ကလေးဝယ်ဖို့ ပြည့်ချင် ပြည့်နေမှာကွ''
    ''ကောင်းပါတယ် ဦးလေး၊ ပိုက် ဆံတွေ ပြည့်နေစေပါလို့ ကျွန်တော် ဆုတောင်းပါတယ်''
    သည်တော့မှ ကျွန်တော့်ဆီက ပိုက်ဆံအချို့ကို သူ့ပိုက်ဆံတွေထဲ ပေါင်းထည့်လိုက်သည်။ သူ မတွေ့ လိုက်။ ပြီးတော့ သူ့ပိုက်ဆံတွေကို ကျွန်တော်က ပြန်ရေကြည့်လိုက် သည်။ ထိုအခါ ပိုက်ဆံတွေက အရုပ် ကလေးဝယ်ဖို့ လုံလောက်သည့်အ ပြင် ပိုတောင်ပိုနေသေးသည်။
    ကလေးငယ်က ပြောလိုက် သည်။
    ''ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ၊ ကျွန်တော့်ကို ပိုက်ဆံတွေလုံလောက် အောင် ပေးလိုက်လို့လေ''
    ပြီးတော့ သူက ကျွန်တော့်အား ကြည့်ပြီး ပြောလေသည်။
    ''မနေ့ညက မအိပ်ခင်မှာ ဘုရား သခင်ဆီမှာ ဆုတောင်းခဲ့တယ်။ ဒီ အရုပ်ကလေးဝယ်ဖို့ ပိုက်ဆံလုံ လုံလောက်လောက်ပေးပါလို့၊ ဒါမှ မေမေက ဒီအရုပ်ကလေးကို ညီမ လေးဆီ ယူသွားနိုင်မှာလေ။ ကျွန် တော့် ဆုတောင်းကို ဘုရားသခင် သိသွားတယ်ထင်တယ်။ ပြီးတော့ ကျွန်တော်က မေမေ့အတွက် နှင်းဆီ ပန်း အဖြူတွေလည်း ဝယ်ပေးလိုက် ချင်တာ၊ ဒါပေမယ့် အဲဒါကိုတော့ ဘုရားသခင်ဆီမှာ ထပ်ပြီး ဆုမ တောင်းတော့ပါဘူး။ သိပ်ပြီး လောဘ ကြီးရာ ရောက်မှာစိုးလို့ပါ။ ဒါပေမယ့် ဘုရားသခင်က အရုပ်ဝယ်ဖို့ရော၊ နှင်း ဆီအဖြူတွေ ဝယ်ဖို့ပါ ပိုက်ဆံ လုံ လုံလောက်လောက် ပေးသနားခဲ့ တယ်။ မေမေက နှင်းဆီအဖြူတွေ သိပ်သဘောကျတာ ဦးရဲ့''
    ကျွန်တော့်အနေဖြင့် ဈေးဝယ် ထွက်လာသည့် စိတ်နှင့် ယခုဖြစ်ပေါ် သည့် စိတ်မှာပြောင်းလဲသွားခဲ့ပြီ။ ထို ကလေးငယ်ကလေးကို ကျွန်တော့် စိတ်ထဲက မမေ့တော့။
    လွန်ခဲ့သည့် နှစ်ရက်လောက်က သတင်းစာထဲမှ သတင်းတစ်ပုဒ်ကို သွားသတိရမိသည်။ ထိုသတင်းထဲ တွင် အရက်မူးနေသော ထရပ်ကား မောင်းသူက အမျိုးသမီးငယ်တစ်ဦး နှင့် မိန်းကလေးငယ် တစ်ဦး၏ ကား ကို ဝင်တိုက်လိုက်သည်။ မိန်းကလေး ငယ်က နေရာတွင်ပင် သေဆုံးသွား ခဲ့သည်။ မိခင်ဖြစ်သူမှာတော့ ဒဏ် ရာပြင်းထန်စွာ ရသွားခဲ့သည်။ သို့ သော် သူတို့ မိသားစုကတော့ အ ခြေအနေကို သိနေပြီဖြစ်သည်။ အ မျိုးသမီးက သတိလစ်ပြီး မေ့မြော နေ၍ ဖြစ်သည်။ ဘယ်တော့မှ ပြန် လည် သတိရတော့မှာ မဟုတ်ဘူးဆို တာလည်း သိနေကြပြီဖြစ်သည်။ ထို မိသားစုမှာ ထိုကလေးငယ်၏ မိသား စုများလားမသိ။
    ထိုကလေး ငယ်ကလေးတွေ့ခဲ့ပြီး နောက်နှစ်ရက် အကြာတွင် ထိုအမျိုး သမီး ကွယ်လွန်ခဲ့ပြီဆိုသော နာရေး ကို သတင်းစာထဲတွင် ဖတ်လိုက်ရ သည်။ ကျွန်တော့်အနေဖြင့် ဘယ်လို မှ ဖြေသိမ့်လို့မရတော့။
    ထို့ကြောင့် အဖြူရောင် ပန်းတစ် စည်းကိုဝယ်ပြီး ထိုအမျိုးသမီး၏ အိမ် သို့ ရောက်သွားသည်။ သူမအား မ သင်္ဂြိုဟ်ခင် နောက်ဆုံး ဆုမွန်ကောင်း တောင်းရန် ရုပ်ကလပ်ကို ပြင်ဆင် ထားသည်။ ခေါင်းတလားထဲတွင် အ မျိုးသမီးငယ်အားတွေ့ရပြီး သူ့လက် အစုံတွင် နှင်းဆီပန်းအဖြူများကို ထည့်ပေးထားသည်။ ပြီးတော့ ကလေးငယ် ကလေး၏ ဓာတ်ပုံနှင့် အရုပ်ကလေးကို သူ့ရင်ခွင်ထဲတွင် တွေ့ရလေသည်။ ကျွန်တော်လည်း ထိုင်နေရာမှ ထွက်လာသည့်အခါ မျက်လုံးအိမ်မှာ မျက်ရည်များဝဲ နေလေသည်။ ကျွန်တော့်ဘဝမှာ လည်း အတွေးအမြင်တွေ ပြောင်းသွား ခဲ့ပြီဖြစ်သည်။
    ယနေ့တိုင် ထိုကလေးငယ် ကလေး၏ သူ့မိခင်အပေါ်၊ သူ့ညီမ လေးအပေါ် အချစ်က ပျောက်သွား ခြင်းမရှိ၊ ပြန်လည်တွေးမိတိုင်း ရင်ထဲ မှာ နာကျင်ရလေသည်။ တကယ် တော့ မူးနေသော ထရပ်ကားမောင်း သူက ထိုကလေးငယ်ထံမှ အားလုံး ကို ယူငင်သွားခြင်းပင်ဖြစ်လေသည်။

Little Boy's love for his Family ကို ဆီလျော်အောင်ပြန်ဆို သည်။

တင်ဆွေမိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.