19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
နိုင်ငံ ဓားပြတိုက် ခံရခြင်း

မြန်မာနိုင်ငံသည် နိုင်ငံခြားသား များ လက်အောက် ပထမကျွန်ဘဝ၊ ဒုတိယကျွန်ဘဝက အနိုင်ကျင့်ခံ ဘဝနှင့် နင်းပြားဘဝ။ ထိုဘဝတို့မှ လွတ်လပ်ရေးရလာသည့် ၁၉၄၈ ခုနှစ် နောက်ပိုင်းကာလအထိ ရှေးအ စဉ်အဆက်ဆက်ကတည်းက စား သောက် ဖွယ် ကောက်ပဲသီးနှံများ ဖြစ် ထွန်းရာ အရပ်ဖြစ်ခဲ့ပါ၏။

မည်သူ့ကိုမှ အားကိုးစရာမလို သောနိုင်ငံ။ မိမိတို့နိုင်ငံ၌ မိမိတို့ နိုင်ငံပိုင်၊ နိုင်ငံ၏ အလယ်ဗဟို၌ စီး ဆင်းနေသော ဧရာဝတီမြစ်ကြီးအပြင် ချင်းတွင်းနှင့် စစ်တောင်းမြစ်များကလည်း နိုင်ငံကို ထပ်မံပံ့ပိုးပေးထားသည့် အခြေအနေ။ မည်သည့် နိုင်ငံ ၏ အကူအညီမှ တောင်းစရာမ လိုသည့်နိုင်ငံ၊ နိုင်ငံထွက်ကုန်နှင့် နိုင်ငံဝင်ငွေသည် အိမ်နီးချင်း တိုင်း ပြည်များကြားဝယ် ခန့်ခန့် ထည်ထည် နေနိုင်ခဲ့သည်။

၁၉၄၈ ၌ ကျွန်ဘဝမှ လွတ်ပြီး မိမိတို့နိုင်ငံကို မိမိတို့ အုပ်ချုပ်ခဲ့ကြ သည်။ ၁ဝ နှစ်ခန့် ကြာလာသည် အ ထိ ဆန်စပါးအထွက်ဆုံးနိုင်ငံ။ လူသုံးကုန်ပစ္စည်းများအဖြစ်  ရာဘာထွက်သည်။ သကြားထွက်သည်။ အထူးသ ဖြင့် ရှေးရှေး ကာလကတည်းက ပတ္တမြား၊ ကျောက် စိမ်း၊ ရွှေ၊ ငွေ ကျောက်မျက်ရတနာများထွက်သည်။ ထိုနိုင်ငံမျိုးသည် အဘယ်နည်းနှင့်မျှ အဆင်းရဲဆုံးသည့်နိုင်ငံဖြစ်လာနိုင်ပါ မည်နည်း။

ထိုစဉ်ကာလက မိမိတို့၏ အိမ် နီးချင်း တရုတ်နိုင်ငံကြီးသည် ဝါဒ မှိုင်းတိုက်ပြီး စားရမဲ့ ဝတ်ရမဲ့နှင့် ဒုက္ခပင်လယ်ဝေနေသော အချိန်အ ခါဖြစ်နေသည်။ သမိုင်းဖြစ်ရပ်များ ချိန်ထိုးကြည့်၍ ရပါ၏။ မြန်မာနိုင်ငံ မှ စက်မှုထွက်ကုန် အဝတ်အထည် များ၊ ဆေးဝါးထွက်ကုန်များ။ အမည် နှင့်တကွ ဖော်ပြရလျှင် ရွှေကျီးနိုင် လွန်၊ ဟံသာအေးနိုင်လွန် စသည်များ ကို အိမ်နီးချင်းမလေး၊ ဖိလစ်ပိုင် နိုင်ငံများအထိ တင်ပို့ရောင်းချနေရ သည်။ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း BPI မှ ထုတ်သော ဆေးဝါးများ အ ရှေ့တောင်အာရှ တစ်ခုလုံးသို့ တင် ပို့ပေးနေရသည်။

ဆက်သွယ်ရေး၌ မြန်မာ၏ မင်္ဂလာဒုံ လေဆိပ်သည် အကြီးမား ဆုံး။ ထိုအချိန်က ထိုင်းနိုင်ငံ ဘန် ကောက်ရှိ ဒေါင်းမင်းလေဆိပ်သည် ခရီးသည် နားခိုရန် ဝါးနှင့်ဆောက် ထားသည့် နားခိုစရာသာရှိပါ၏။

၁၉၅၈ ခုနှစ်၌ လက်နက်ကိုင် လူတစ်စုက နိုင်ငံ၏ အာဏာကို လုယူသည်။ သို့သော် မြန်မာနိုင်ငံ၏ အုပ်ချုပ်သူ နိုင်ငံရေးသမားများက ထိုသူများနှင့် ဆွေးနွေးပြီး သူတို့က သာ လက်နက်ကိုင်အဖွဲ့ကို ခေတ္တခဏ အပ်နှံသည့် ဖြစ်စဉ်ဖြစ်စေရန် အကြံ ပြုသည်။

အရူးက တမူးသာဆိုသလို အိမ် စောင့် အစိုးရ အမည်ဖြင့် အုပ်ချုပ်သူ တစ်စုက အာဏာရရှိသွားသည်။

၁၉၆ဝ ခုနှစ်၌ ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်နှင့် အညီ ပြည်လုံးကျွတ်မဲဆန္ဒရွေးချယ်ပွဲ ကျင်းပကာ နိုင်ငံရေးသမား အရပ် သားအဖွဲ့ အာဏာပြန်ရခဲ့သည်။

အာဏာဆိုသော ဂုဏ်ပကာသန နှင့် အုပ်ချုပ်ရေး အရသာကို ခံစားမိ သွားသော လူတစ်စုသည် မည်သို့ မည်ပုံ နိုင်ငံ အာဏာ ရယူနိုင်မည့် နည်းလမ်းကို ရှာကြံခဲ့ကြသည်။

၁၉၇၃ ခုနှစ်၌ မဆလပါတီ ကြီး တည်ထောင်ပြီး မြန်မာနိုင်ငံကို ခန့်ခွဲအုပ်ချုပ်ခဲ့သည်။ သို့သော်လည်း ၁၉၈၈ နှစ်၌ ပြည်သူ တစ်ရပ်လုံးက မခံနိုင်ကြ၍ တန်းစီဆန္ဒပြခဲ့ကြသည်။

သို့နှင့် ၈ရက်၊ ၈ လ၊ ၈၈ ခုနှစ် ဆိုသော ရှစ်လေးလုံးကာလ၌ မြန်မာ နိုင်ငံ၏ အာဏာကို လုယူထားသော မဆလ တစ်ဖြစ်လဲ လက်နက်ကိုင် တပ်ဖွဲ့သည် ပြည်သူ့ လက်ဝယ်သို့ လွှဲပေးလိုက်ရတော့သည်။ ပြည်သူ တစ်ရပ်လုံးက နိုင်ငံအာဏာကို လက် နက်ကိုင်များထံမှ ပြန်လည်တောင်း ယူခြင်းထက် ပြန်လုယူခြင်းဟု ဆို နိုင်ပါ၏။

အလွန်ရင်နာစရာကောင်း သော မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်များကို တွေ့ထိခဲ့သူများအဖို့ ရင်ထဲ၌မချိ။ တိုင်းတစ်ပါး နိုင်ငံခြား က မြန်မာနိုင်ငံကို နှိပ်စက် ခဲ့သည် ဆိုလျှင်လည်း ဖြေ သာပါ၏။ ယခုတော့ ဓမ္မပဒတရား လာ ဝါးပင်ထဲမှ ထွက်သော ပိုးက ဝါးပင်ကို စားပစ်ခဲ့သည့်ပမာ ဝါးပင် ကြီးသည် အခွံပင်လျှင် မကျန်တော့။မြန်မာပြည်ဟု အမည်တပ်ပြစရာ တစ်ခုတစ်လေပင် မရှိတော့။

 ခေတ်သစ်၌ မွေးဖွားလာသူ လူ ငယ်လေးများကိုလည်း ယိုးမယ်ဖွဲ့ အပြစ်တင်၍မရ။ သူတို့၌ အပြစ်ဟူ ၍ မြူမှုန်လေးမျှပင်မရှိ။ သူတို့သည် မမွေးမီကတည်းက သင်းသတ်ခံရ သည့် အဖြစ်နှင့် ကြုံခဲ့ရသူများသာ ဖြစ်ပါ၏။

၈ ရက်၊ ၈ လ၊ ၈၈ ခုနှစ်၌လည်း ပြည်သူများ အောင်ပွဲခံသော်လည်း နိုင်ငံအာဏာကား သူတို့တစ်ဖြစ်လဲ မွေးစားသားများကသာ အာဏာတစ် မျိုးရယူကာ နိုင်ငံသည် ဝါးပိုးတို့ လက်ဝယ်သက်ဆင်းသွားခဲ့ရသည်။

ဤတစ်ကြိမ်အဖြစ်ကား ပိုမို ဆိုးရွားသည့် ဖြစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရ တော့၏။

မဆလတို့ လက်ဝယ်၌ မြန်မာ နိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး စာ ရင်းဝင်နိုင်ငံဖြစ်ခဲ့ပြီ။ယခုတစ်ကြိမ်၌ တိုင်းပြည်ရှိ ရှိသမျှအားလုံး ကတုံး တုံးခဲ့ရသည့်ပမာ။ အလယ်ရိုးမ၊ ရှမ်းပြည်၊ ကချင်ပြည်ရှိ တောင်တန်း များ အားလုံးကတုံးဘဝရောက် ခဲ့သောကြောင့်ပင်။

တစ်ချိန်က အရှေ့တောင်အာရှ ၏ စပါးကျီ ရှိရာနိုင်ငံ။ မလေး၊ ဖိလစ်ပိုင်နိုင်ငံများက လေးစားခဲ့ရ သည့် မြန်မာနိုင်ငံသည် ယခုယင်း နိုင်ငံများ၏ နောက်သို့ ရောက်နေ သည်။

 ပြည်တွင်းစစ်ပွဲ နှစ်များစွာ ကြုံခဲ့ ရသော ဗီယက်နမ်နိုင်ငံသည်ပင် အရှေ့တောင်အာရှနိုင်ငံများထဲ၌ ဖွံ့ဖြိုးမှု အမြန်ဆုံးနိုင်ငံဘဝသို့  တက် လှမ်းခဲ့ပြီဖြစ်၏။

 နှစ်ပေါင်းများစွာ တစ်နိုင်ငံလုံး ကိုယ်ကျင့်တရားပျက်၊ ပညာရေးပျက် အကျင့်စာရိတ္တပျောက်ဆုံးကုန်သော မြန်မာနိုင်ငံအုပ်ချုပ်သူ ဝန်ထမ်း အပါအဝင် ပြည်သူများဘဝသည် ကိုယ့်ကိုယ်ကိုဖျက်၊ သံချေးတက်ဆို သည့် စကားနှင့် လိုက်ဖက်သော နိုင်ငံဖြစ် သွားခဲ့ရပြီဖြစ်သည်။

ယခင်က ဖွံ့ဖြိုးအတိုးတက် ဆုံး နိုင်ငံ၏ စီးပွားရေးကို ၁၉၇၄ ခုနှစ်၌ ပြည်သူပိုင် သိမ်းသည်ဆိုသော စကား ရပ်နှင့် တိုင်းပြည် စီးပွားရေးကို ရိုက် ချိုးခံလိုက်ရခြင်းသည် တစ်တိုင်း ပြည်လုံး ဓားပြတိုက်ခံရခြင်း ဖြစ် သည်ဟုဆိုလျှင် လွန်သည်ဆိုရပါ မည်လား။

ထိုသို့ ဓားပြတိုက်ခံရမှုသည် ဘူး သီးနုနု အမွေးသပ်ခံလိုက်ရသည့် အဖြစ်မျိုးဖြစ်၍ ယခုတိုင်နိုင်ငံသည် နာလန်ပြန်မထူနိုင်သေးပေ။ မိသားစု တစ်ခု၌ ဖခင်က နိုင်ငံဘဏ္ဍာခိုး၊ လာဘ်ယူ၊ မိခင်ကျောင်းဆရာမက ကျောင်း၌ စာမသင်၊ အိမ်၌ ကျူရှင်ပြ၊ အချိန်တန် မေးခွန်းပေး၊ ကျူရှင်မယူ သူ စာမေးပွဲကျ အဖြစ်များကို ကိုယ်တွေ့ကြုံခဲ့ရသော ယင်းမိသားစု ၏ သားသမီးများသည် လက်ဦးဆရာ မိနှင့်ဖကို နမူနာ ယူလိုက်သည်နှင့် ဘဝတစ်ခုလုံးရစရာမရှိ ပျက်ရတော့ မည်သာဖြစ်ပါ၏။

ထိုသို့ မိနှင့်ဖက မဟုတ်တရုတ် လုပ်ပြခြင်းကို နမူနာယူကာ ကြီးပြင်း လာရသော သားသမီးတို့သည် အလွယ်ရသည့် လမ်းကိုလိုက်တော့ သည်။ အရာအားလုံး ငွေရှိလျှင် ဝယ် ယူ၍ရသည်။ ဤသို့ဖြင့် လူအများစု က အကျင့်ပျက်၊ စည်းကမ်းမဲ့၊ အ လွယ်လမ်းလိုက်ခြင်းကသာ တင့် တောင်းတင့်တယ် နေနိုင်သည်ဟု နမူနာယူလာတော့သည်။

ဆိုရလျှင် မြန်မာနိုင်ငံ ဓားပြ တိုက်ခံရခြင်းသည် ပစ္စည်းငွေကြေးကို သာမက နိုင်ငံ၏ စိတ်ဓာတ်၊ အနစ် နာခံမှု၊ သည်းခံမှု၊ စာနာမှုအားလုံး စသည့်ကောင်းမြတ်သော စံထားစရာ များအားလုံး ဓားပြတိုက်ခံလိုက်ရခြင်း ဟုသာ...

မောင်ဈေးကွက်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.