19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အလင်းရောင်ကို ပြန်လည်ထွန်းညှိခြင်း

နှစ်ပေါင်းအတော်ကြာကြာက ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ ဆရာဝန် တစ်ဦးက ကျွန်တော့်အား ဆက်သွယ် လာပါသည်။ သူ့မြေးမလေးမှာ ဖျား နာပြီး ရောဂါဝေဒနာခံစားနေရ သည်။ ရောဂါဝေဒနာကိုလည်း ထို အရပ်မှာရှိသော ဆရာဝန်များက စဉ်းစားမရ အခက်တွေ့နေကြသည် ဟု ဆိုလေသည်။ ကျွန်တော်ရေးသား သော အာရုံကြာများ ကစဥ့်က လျားဖြစ်မှု စာတမ်းများကို ဖတ်ရ၍ ယခုလို ဆက်သွယ်လာခြင်းဖြစ်ပြီး သူ့မြေးမလေး၏ ရောဂါ ဝေဒနာ လက္ခဏာများမှာ ကျွန်တော် ရေးသား ဖော်ပြခဲ့သည့်အတိုင်း  ဖြစ်နေသဖြင့် အကူအညီပေးပါရန် တောင်းပန်လာ ခြင်းဖြစ်သည်။ ကျွန်တော်ကလည်း ကူညီပါမည်ဟု ကတိပေးလိုက်ပြီး ထိုအရပ်မှ ကလေး ဆရာဝန်များနှင့် တယ်လီဖုန်းနှင့်လည်းကောင်း၊ ဖက်စ် နှင့် လည်းကောင်း ဆက်သွယ်၍ ကုသရေးနှင့် ပတ်သက်ပြီး အကြံ Óဏ်များ ပေးပို့ခဲ့လေသည်။ နောက် ဆုံးတွင် ရောဂါရှာဖွေသည့်အခါ တွင်လည်း ကုသရမည့် ကုထုံးများကို ညွှန်ကြားပေးခဲ့သည်။ ဤသို့နှင့် ရက် သတ္တပတ် ပေါင်းကြာသွားပြီးနောက် ကလေးငယ်မှာလည်း သက်သာလာ လေသည်။ ကလေး၏ အဘိုးအဘွား တို့ကလည်း ကျွန်တော့်အား များစွာ ကျေးဇူးတင်ကြောင်း ပြောလာသည်။ အကယ်၍ ပြင်သစ်သို့ အလည်အ ပတ်လာမည်ဆိုပါက သူတို့ထံ ကြို တင်အကြောင်းကြားပါဟုလည်း ပြော လေသည်။
    ၁၉၉၉ ခုနှစ် နွေရာသီကာလ တွင် ပြင်သစ်နိုင်ငံ၊ နိစ်မြို့၌ ကျင်းပ သော နိုင်ငံတကာ သိပံ္ပပညာရပ်များ ဆိုင်ရာ စည်းဝေးပွဲကို တက်ရောက် ဟောပြောပေးရန် ဖိတ်ကြားခံရလေ သည်။ ထို့ကြောင့် ကျွန်တော့်အကူ အညီပေးခဲ့သော ဆရာဝန်ထံသို့ လှမ်း၍ သတင်းပို့လိုက်သည်။ ကျွန် တော်တည်းခိုရမည့် ဟိုတယ်သို့ ရောက်သည့်အခါ သူတို့နှင့် ဆက် သွယ်လိုက်ရာ ညစာစားရင်း တစ်ရက် ရက်တွေ့မည်ဟု ဆိုပါသည်။
    ချိန်းဆိုထားသောနေ့သို့ ရောက် လာသည့်အခါ ကျွန်တော်တို့နှစ် ယောက်သား တွေ့ဆုံကြပြီး ပြင်သစ် တောင်ပိုင်းရှိ သာယာလှပသော ကျေးလက်ဒေသသို့ ကားဖြင့် ထွက် လာခဲ့ကြသည်။ သူနေသော အိမ်က အမေရိကန်ပြည်ထောင်စု သက်တမ်း ထက်တောင်ပိုကြီးသေးသည်ဟု ပြော ပြသည်။ ကားမောင်းလာရင်း သူ့ဇနီး သည်က ရင်သားကင်ဆာ ဝေဒနာ ခံစားနေရသူ လူနာတစ်ယောက်ဟု ပြောသည်။ သို့ သော် ကျွန်တော့်အား ကြိုးစားပြီး လက်ခံတွေ့ဆုံပါသည်။ သူနှင့် မိတ်ဆက်ပေးသည့်အခါ ပြင်း ထန်သော ရောဂါဝေဒနာ ခံစားနေရ သော်လည်း ချောမောလှပပြီး ကျက် သရေရှိလှသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်ကို တွေ့ရလေသည်။
    သူတို့ တည်ခင်းဧည့်ခံသည့် ည စာသည် ကျွန်တော့်တစ်သက်တာ တွင် အရသာအရှိဆုံး ညစာဖြစ်ခဲ့ သည်။ ထို့အပြင် အကောင်းစား ဝိုင်ဖြင့်လည်း ပြုစုပါသေးသည်။ ည စာစားပြီးသောအခါ ၁၇ ရာစုခေတ် က ဧည့်ခန်းဆောင်တွင် ကော့ညက် အရက်ကို အရသာခံသောက်ရင်း စကားပြောကြပါသည်။ အတော်ကြာ တော့ အမျိုးသမီးက ကျွန်တော့်အား မေးလေသည်။
    ''ကျွန်မ ခင်ပွန်းသည်က ပြော တယ်။ ဆရာကြီးက ဂျူးလူမျိုးဆို ဟုတ်လားဟင်''
    ''ဟုတ်ပါတယ် ကျွန်တော်က ဂျူးလူမျိုးပါ''
    ဂျူးဘာသာရေး အကြောင်းနှင့် ဂျူးပွဲတော်ရက်များ အကြောင်းကို မေးလာသဖြင့် ကျွန်တော်ကလည်း အတတ်နိုင်ဆုံး သူတို့ နားလည် အောင် ရှင်းပြပါသည်။ တကယ် တော့ အံ့သြစရာကောင်းပါသည်။ သူတို့သည် ဂျူးဘာသာရေး အ ကြောင်းကို အတော်အတန် သိထား ၍ဖြစ်ပါသည်။ ပြီးတော့ အမျိုးသမီး က ဟန်နုကာ ပွဲတော်ရက်အကြောင်း ကို စိတ်ဝင်တစား မေးပါသည်။
    သူတို့ သိလိုသမျှကို ရှင်းလင်း ပြောပြပြီးသည့်အခါ  အမျိုးသမီးက ကျွန်တော့်အား စိုက်ကြည့်လိုက်ပြီး ပြောလေသည်။
    ''ကျွန်မ ဆရာကြီးကို ပေးစရာ တစ်ခုရှိပါတယ်''
    ထိုသို့ပြောပြီး အခန်းထဲမှ ထွက် သွားသည်။ မကြာခင်မှာပင် ပြန် ရောက်လာပြီး သူ့လက်ထဲတွင် အ ဝတ်နှင့် ပတ်ထားသည့် အရာတစ် ခုလည်းပါလာလေသည်။ ထိုင်လိုက် ပြီး နွမ်းနယ်နေသော မျက်လုံးအစုံနှင့် ကျွန်တော်ကို ကြည့်လိုက်ပြီး ပြောပြ လေသည်။
    ''ကျွန်မ အသက် ရှစ်နှစ်အရွယ် လောက်တုန်းကပေါ့၊ အဲဒီအချိန်က ဒုတိယကမ္ဘာစစ်ဖြစ်နေပြီ။ အဲဒီမှာ အာဏာပိုင်တွေက ကျွန်မတို့ရွာထဲကို ရောက်လာပြီး ဂျူးလူမျိုးတွေကို ဖမ်း တော့တာပဲ၊ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်က ကျွန်မနဲ့ ရွယ်တူပါ။ သူ့နာမည် ဂျက်နက်တဲ့။ တစ်နေ့မနက်ခင်းက ကျွန်မဆော့ ကစားဖို့ အိမ်ပြင်ထွက်လာတော့ ဂျက်နက်တို့ မိသားစုကို သေနတ်တွေ နဲ့ ချိန်ထားပြီး ထရက်ကားပေါ် တွန်း တင်နေပါတယ်။ ကျွန်မလည်း အိမ် ပြန်ပြေးလာပြီး အမေ့ကို ဘာဖြစ်တာ လဲ ဂျက်နက်တို့ကို ဘယ်ကို ခေါ်သွား တာလဲဟု မေးကြည့်ပါတယ်။
    အမေကတော့ ပြောပါတယ်။
    ''စိတ်မပူပါနဲ့ သမီးရယ်၊ မကြာ ခင် ဂျက်နက်တို့ ပြန်လာမှာပါ''
    ကျွန်မက ဂျက်နက်တို့ အိမ်ကို အပြေးအလွှားရောက်သွားပါတယ်။ ရွာထဲက လူတွေက ဂျက်နက်တို့ အိမ် ထဲရှိ အဖိုးတန်ပစ္စည်းတွေကို အလု အယက်ယူနေကြတာကို တွေ့ရပါ တယ်။ဂျူးလူမျိုးအသုံးအဆောင်များ ကိုတော့ မယူကြဘူး။ အဲဒီပစ္စည်းတွေ ကိုတော့လမ်းပေါ်မှာ လွှင့်ပစ်ကြ တယ်။ ကျွန်မ အဲဒီအနားရောက်သွား တော့ လမ်းပေါ်က အမှိုက်သရိုက် တွေကြားမှာ ဂျက်နက်အိမ်က ပစ္စည်း တစ်ခုကို သွားတွေ့ပါတယ်။ အဲဒီ ပစ္စည်းကို ကျွန်မကောက်ယူလိုက်ပါ တယ်။ အဲဒီပစ္စည်းက ခရစ်စမတ် ကာလ အချိန်ရောက်လျှင် ဂျက်နက် တို့ မိသားစုက ထိုပစ္စည်းနဲ့ မီးထွန်းပူ ဇော်ကြတာကို ကျွန်မသိပါတယ်။ ကျွန်မကလည်း အဲဒီတုန်းကလေးဆို တော့ အဲဒီပစ္စည်းကို အိမ်ယူသွား တယ်။ ဂျက်နက်တို့ ပြန်ရောက်တော့ မှ ပြန်ပေးလိုက်မယ့်ဆိုပြီး သိမ်းဆည်း ထားခဲ့ပါတယ်။ ဒါပေမယ့် ဂျက်နဲ့ သူ့မိသားစုကတော့ ပြန်ရောက်မလာ ကြတော့ပါဘူး။
    စကားပြောတာ ရပ်သွားပြီး ဘရန်ဒီကို တစ်ငုံလောက်သောက် လိုက်ပြီး ဆက်ပြောလေသည်။
    ''အဲဒီကတည်း ကျွန်မ သိမ်း ဆည်းလာခဲ့ပါတယ်။ ကျွန်မ မိဘ တွေ မသိအောင် ဝှက်ထားပါတယ်။ ပြီးတော့ ဘယ်သူ့ကိုမှလည်း အဲဒီအ ကြောင်း မပြောပြပါဘူး။ နှစ်ပေါင်း ၅ဝ လောက်ကြာခဲ့ပါပြီ။ ဒီအကြောင်း ကို သိတာ ကျွန်မခင်ပွန်းသည်တစ် ယောက်ပဲရှိပါတယ်။ အဲဒီနောက်မှ ဂျူးလူမျိုးတွေ ဘယ်လိုဖြစ်သွားတယ် ဆိုတာ သိရပါတယ်။ အချို့လူတွေ က နာဇီတွေ ပူးပေါင်းခဲ့ကြတာတွေ့ ရပါတယ်။ ကျွန်မ သူတို့ကို လုံးဝ ကြည့်လို့ကိုမရပါဘူး။ ကျွန်မကတော့ အဲဒီပစ္စည်းကလေးကို ဝှက်ထားခဲ့ပါ တယ်။ သိမ်းဆည်းထားခဲ့ပါတယ်။ တစ်ယောက်ယောက်အတွက်ပေါ့၊ ယခုတော့ ကျွန်မ သိလိုက်ပါပြီ။ အဲဒါကတော့ ဂျူးလူမျိုးတစ်ယောက် ဖြစ်တဲ့ ဆရာကြီးအတွက်ပေါ့၊ ပြီး တော့ ဆရာကြီးက ကျွန်မတို့ မြေးမ လေးကို ကုသပေးခဲ့တယ်။ ကျွန်မက တော့ ဆရာကြီးအပေါ် စိတ်ချယုံ ကြည်ပြီးသားပါ''
    တုန်ယင်နေသော လက်နှင့် ကျွန်တော့်ပေါင်ပေါ်သို့ အဝတ်နှင့် ပတ်ထားသော ပစ္စည်းကို လာတင် ပေးသည်။ ကျွန်တော်က ပတ်ထား သော အဝတ်များကို ဖြည်းဖြည်းချင်း ဖြေလိုက်သည်။ ထိုအခါ ဂျူးဘာသာ ရေး အခမ်းအနားများတွင် ဖယောင်း တိုင်ထွန်းမီး ပူဇော်သည့် ခွက်ကလေး ကို တွေ့ရသည်။ ကြေးနှင့် ပြုလုပ် ထားပြီး ဘေးပတ်ပတ်လည် ဖယောင်း တိုင် ရှစ်တိုင်ထည့်သည့် ခွက်များပါ ပြီး အလယ်ခေါင်တွင်လည်း ဖယောင်း တိုင်ထည့်ရန် ခွက်ပါလေသည်။ နောက်ပိုင်းမှ သိရသည်မှာ ထိုမီးထွန်း ခွက်ကလေးမှာ အနည်းဆုံး သက် တမ်းတစ်ရာလောက်ရှိပြီဟု သိရလေသည်။ ကျွန်တော်လည်း ထိုပစ္စည်းကို ဆုပ်ကိုင်ပြီးစိတ်မကောင်းစွာနှင့် မျက်ရည်လည်လာပါသည်။ ကျေးဇူး တင်ကြောင်း အနိုင်နိုင်ပြောလိုက်ရ ပါသည်။ ကျွန်တော့် ပြန်တော့မည် အပြုတွင် အမျိုးသမီးက နောက်ဆုံး စကားဆိုပါသည်။
    ''အဲဒီ မီးခွက်ကလေးနဲ့ မီးထွန်း ပူဇော်ပါနော်''
    ကျွန်တော်နှင့် တွေ့ဆုံပြီး တစ် လအကြာတွင် ထိုအမျိုးသမီးမှာ ကွယ်လွန်သွားပါသည်။ ကျွန်တော်တို့ မိသားစုလည်း ထိုမီးခွက်ကလေးနှင့် မီးပူဇော်ခဲ့ပါသည်။ ထို့အတူ သူ့အ တွက်လည်း ဆုမွန်ကောင်းကောင်း ပေးပါသည်။ မီးခွက်ကလေးမှ မီးအ လင်းရောင်ဘယ်တော့မှ မငြိမ်းစေရ ဟု ကတိပြုလိုက်ပါသည်။

တင်ဆွေမိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.