19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
စားသုံးသူနှင့် စားသုံးဆီ

စာသုံးသူများကို Consumer ဟု ခေါ်၍ စားသုံးဆီကတော့ Cooking Oil ဖြစ်တယ်။

အရောင်းအဝယ်ပြုတဲ့နေရာမှာ တစ်ယောက်က ရောင်းချ ၍ တစ်ယောက်က ဝယ်တယ်။

ဒီလို ဝယ်ယူသူကို Consumer လို့ ခေါ်တာပါပဲ။

တကယ်တော့ လူတိုင်းဟာ Consumer များဖြစ်ကြတယ်။

 မြန်မာပြည်တွင် စားသုံးသူများ ကာကွယ်ရေးကို ဆောင် ရွက်နေတာကောင်းပါတယ်။ စားသုံးသူ ကာကွယ်ရေးဆိုတာက တော့ ရောင်းသူက လိမ်လည်ရောင်းချခြင်းမပြုတာကို ပြော တာပါ။

တစ်ဖက်ကလည်း ဘယ်ဟာက လိမ်လည်တယ်။ ဘယ်ဟာ က မလိမ်လည်ဘူးဆိုတာကို စားသုံးသူတွေသိဖို့ လိုပြန်တယ်။

ဒါပေမယ့် စားသုံးသူများဟာ အစစအရာရာ မသိပါဘူး။

ဥပမာ နွားနို့သွားဝယ်တယ်ဆိုပါတော့။

 နွားနို့ထဲရေပါတာကို စားသုံးသူတိုင်း သိပါတယ်။ နွားနို့ညှစ် ကတည်းက ရေနဲ့ ဆေးရေတွေထည့်ရပါတယ်။

ဒါပေမယ့် ဒီနွားနို့ကို တာရှည်ခံအောင် ဖော်မလင်ရောတာ မျိုးကိုကျတော့ သာမန်စားသုံးသူတွေ မသိကြပါဘူး။

 ဒီလို မဖြစ်အောင် ကာကွယ်တာမျိုးပေါ့။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က တရုတ်ပြည်က ကလေးနို့မှုန့် တွေကို မယ်လမင်း Melamine ရောထည့်တယ်။ ဒါကျတော့  သိပံ္ပ ပညာ ရှင် များကသာ ဓာတ်ခွဲနိုင်တယ်။

ဒါပေမယ့် ငါးပိထဲမှာ ယူရီးယားပါတယ်ဆိုတဲ့ ပြဿနာ ကိုတစ်ယောက်က 'ဖွ'တော့ ပြဿနာကြီးသွားတယ်။

အမှန်တော့ အပုပ်အစပ်တွေ၊ အသားတွေကနေ ယူရီးယား ထွက်တာပဲ။ ဒီထက်ပိုပြီး မထိန်းသိမ်းရင်တော့ အမိုးနီးယား ထွက်တယ်။ ပိုဆိုးတာက ဆက်ပြီးမထိန်းထားရင် ကင်ဆာ ရောဂါဖြစ်စေတဲ့ နိုက်ထရိုဂျင် ဒြပ်ပေါင်းတွေအထိ ဖြစ်လာနိုင် တယ်။

ဒါပေမယ့် ငါးပိမှာ ယူရီးယားပါတာကတော့ သဘာဝ ပါပဲ။

ဒါကို ထုတ်လုပ်ရောင်းချသူများကို ပြဿနာလုပ်တာမျိုးကို လည်း ကာကွယ်ရပါတယ်။

 အမှန်တော့ အစားအသောက်မှာပါတဲ့ ဓာတ်ပစ္စည်းတွေ ဟာ အင်မတန် ရှုပ်ထွေးပါတယ်။

တိတိကျကျသိဖို့လည်း ခက်ခဲပါတယ်။

ဒါကြောင့် စားသုံးသူတွေဘက်ကလည်း ဘယ်ဟာကိုမှ လောဘတကြီး မစားသုံးဖို့လိုတယ်။    

ဥပမာလက်ဖက်ဆိုရင် စိမ်းစိမ်းလေး။ ငါးဆိုပါးဟက်နီနီ လေး။ ဒါတွေကို ဖန်တီးထားတာမျိုးကကြောက်စရာပိုကောင်း ပါတယ်။
        x    x    x

ဒီတော့ ကျွန်တော့် ခေါင်းစဉ်အ တိုင်း စားသုံးဆီအကြောင်းဆက် ပြောချင်ပါတယ်။

 မြန်မာ့ ဆိုရှယ်လစ်ဖခင်ကြီး  ဦးနေဝင်းဟာ ကွမ်းယာဆိုင်တွေကအစ လမ်းဘေးဈေးဆိုင်တွေကို ပြည်သူပိုင် သိမ်း လိုက်လေတော့ လူတွေ မှာ ပဲပြုတ်ကို ဆီဆမ်းပြီးစားဖို့ ဆီ တောင် ဝယ်လို့မရတော့ဘူးတဲ့။

ဆီဆိုတာကတော့ လူတွေရဲ့ အစားအသောက်တွေထဲမှာ ၁ဝ ရာ ခိုင်နှုန်းကနေ ၃ဝ ရာခိုင်နှုန်းအထိ လိုအပ်တယ်လို့ ဆိုထား တယ်လေ။

 မြန်မာတွေကတော့ ဆီလက် ကြားယိုစားတတ်ကြတယ်လေ။ အဲဒီ အချိန်မှာ ဆီတစ်ပိဿာ နှစ်ကျပ်ခွဲ (၂ ကျပ်ပြား ၅ဝ) ကနေ သုံးကျပ်ခွဲ (၃ ကျပ်ပြား ၅ဝ) ထိ မှောင်ခိုဈေးမှာ တက်သွားလေတော့တယ်။ ဒါနဲ့ပဲ လူ တိုင်းဆီဝယ်နိုင်ဖို့ စာအုပ်တွေကို လုပ် ပေးဖို့ ရပ်ကွက်ရှိ ငါးဦးကော်မတီ အဖွဲ့ တွေ ဖွဲ့စည်းပြီး အာဏာပိုင် အဖွဲ့ အစည်းတွေဖြစ်လာလေတော့တယ်။

ဒါကြောင့်ဆီ စာအုပ်ဟာ အုပ် ချုပ်ရေးအဖွဲ့ကို အာဏာစတင် အပ် နှင်းလိုက်တာပဲလို့ ပြောနိုင်ပါတယ်။

ဆီစာအုပ်ဟာ အာဏာဆိုတာ သိသွားတဲ့ မဆလ အစိုးရဟာ အိမ် ထောင်စု သန်းခေါင်စာရင်းစာရွက် တွေနဲ့ ဆီစာအုပ်တွေကို တလေးတ စား လုပ်လာကြတာဖြစ်တယ်။ ဆင်း ရဲသားတွေဟာ ဆီစာအုပ်ကို ပေါင်လို့ ရတယ်။ ရောင်းလို့လည်း ရလာ တယ်။

တကယ်လည်း အာဏာပိုင်အဖွဲ့ အစည်းတွေဟာ ၂ဝ၁ဝ ခုနှစ်အထိ စားအုန်းဆီတွေကို ထိန်းချုပ်ရောင်း ဝယ်ကြတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ ထွက်တဲ့ မြေပဲဆီဟာ အင်မတန် ကောင်းမွန်ပြီး စားသုံးရန် သင့်တဲ့ ဆီပါပဲ။ သူ့မှာ မပြည့်ဝတဲ့ ဆီ Unsaturated Fatty acid တွေပါနေ တယ်။ ဒါကြောင့် အင်မတန်ကောင်း တဲ့ ဆီလို့ ဆိုနိုင်တယ်။ ဒါပေမယ့် မြေ ပဲဆီဟာ ဈေးကြီးတယ်။

 ဈေးပေါတဲ့ စားအုန်းဆီကို အစိုးရနဲ့ ပတ်သက်တဲ့ ဦးပိုင်လို ကုမ္ပဏီတွေက ဈေးပေါပေါနဲ့ တင် သွင်းကာ မတန်တဆ အမြတ်ကြီး စားကာ ရောင်းချကြတယ်။

တစ်ဖက်ကလည်း ကုန်သည် ဝိသမလောဘသားတွေက ဒီစားအုန်း ဆီကို အရောင်ဆိုး၊ အနံ့ထည့်ကာ နောက်ထပ် အမြတ် တင်ရောင်းပြန် ပါတယ်။

 မြေပဲဆီအတုပေါ့။

ဒါပေမယ့် ပြည်သူက သိတယ်။ မြေပဲဆီမှာ မပြည့်ဝ ဖက်တီးအက် ဆစ်တွေများတယ်။ ဒါကြောင့် ရေ ခဲသေတ္တာထဲထည့်ရင် တော်ရုံတန်ရုံနဲ့ မခဲပါဘူး။

စားအုန်းဆီကတော့ ခဲတာပဲ။

ဒီတော့ ဆီမခဲရအောင်  ဆီရဲ့ အရည်ခဲမှတ်ကို နှိမ့်ချလိုက်တယ်။ ဒါကို Depression of Freezing point လို့ ခေါ်ပါတယ်။ အတု လုပ်သူ တွေဟာ အရည်တစ်ခုထဲကို ဆား တစ် ခုခုပျော်ဝင်စေလိုက်ရင် ခဲမှတ်နိမ့်ကျ သွားမယ်ဆိုတာကို သိဟန်တူတယ်။

 ရေခဲသေတ္တာထဲမှာ တော်ရုံနဲ့ မခဲတော့ဘူး။ ဒါပေမယ့် ဆားတွေ ဟာ ဆီထဲမပျော်ဘူး။ ဒီတော့ သူတို့ ဘာလုပ်လဲ။

ဆပ်ပြာရည်ကို ထည့်တော့တာပဲ။

ဆပ်ပြာဆိုတာ ဆားပါ။ သူ့ကို Sodium salt of fatty acid လို့ ခေါ် တယ်။ ဆိုဒီယံဆားပေါ့ဗျာ။

သူဟာ ရေထဲလည်း ပျော်သလို ဆီထဲလည်း ပျော်ဝင်တယ်။

ဒီဆပ်ပြာပျော်ဝင်နေတဲ့ဆီဟာ ခဲမှတ်နိမ့်သွားပါတယ်။ ရေခဲသေတ္တာ ထဲမှာ တော်ရုံနဲ့ မခဲတော့ဘူး။

ဒါဆို သူတို့အတွက် အဆင်ပြေ တာပေါ့။ အဲဒီဆပ်ပြာထည့်ထားတဲ့ ဆီကို အရောင်ဆိုး၊ မြေပဲအနံ့ထည့် လိုက်တော့ သူတို့လိုတဲ့ ဈေးနဲ့ ရောင်း လို့ရတာပေါ့။ ဘယ်လောက်မှ မခက် ဘူး။ ရေနွေးငွေ့မှုတ်ပြီး ပဲဆီသန့်လို့ ရောင်းတော့တာပဲ။ ပျမ်းမျှ တစ်ပိဿာ ကျပ် ၂ဝဝဝ ဈေးရှိတဲ့ စားအုန်းဆီ ဟာ ကျပ်လေးထောင် အသာလေး ရောင်းလို့ရလာတယ်။ အဲဒီ ဆီ ဘာဆိုး ကျိုးပေးလဲ။ မသိကြတာ အမှန်ပဲ။ ကမ္ဘာမှာ ဒီလိုပြဿနာတွေရှိမှမရှိပဲ။

မကြာသေးမီကလည်း ဆီထဲကို ပလပ်စတစ်ရေသန့်ဘူးတွေထည့်ပြီး အကြော်တွေ ကြော်သတဲ့။

ဒါဟာလည်း Elevation of boilling Point ဖြစ်လို့ အကြော်တွေ ဟာ ကြွပ်ရွသွားပါတယ်။ သို့သော် ဆိုးကျိုး အများကြီးဖြစ်စေမှာ အသေ အချာပေါ့။

 မြန်မာပြည်က ဝိသမလောဘ သားအချို့ဟာ ဒီလိုဥာဏ်နီဥာဏ်နက် တွေများပြီး ဘနဖူးကို သိုက်တူးတာ ဆိုးပါတယ်။

တကယ်တော့ ပြည့်ဝဆီအချို့ ဟာ လူတွေထင်သလောက် ကော် လက်စထရောကို မတက်စေပါဘူး။ လူတွေကိုလည်း ဒုက္ခမပေးပါ ဘူး။

ဥပမာ စားအုန်းဆီမှာပါဝင်တဲ့ ဆီ Palmitic acid ကို လေ့လာကြည့် တဲ့အခါ သူဟာ ပြည့်ဝဆီဖြစ်သော် လည်း ကော်လက်စထရောအပေါ် သက်ရောက်မှုမရှိဘူး။ ဓာတ်ပြယ်နေ ပါတယ်။ Neutral ဖြစ်သတဲ့။ အဲဒါ အပြင် စားအုန်းဆီဟာ သွေးမှာရှိတဲ့ ကော်လက်စထရောကို လျော့ကြစေ တယ်။ တကယ်တော့ ဦးနှောက်ကို ကောင်းကောင်းအလုပ်လုပ်ဖို့ ပြည့်ဝ ဆီတွေ လိုပါတယ်။ အုန်းဆီ၊ သတ္တဝါ တွေရဲ့ အဆီ၊ နွားနို့ထောပတ် စတာ တွေဟာ အတိုင်းအတာတစ်ခုအထိ စားသောက်နိုင်ပါတယ်။ အုန်းဆီကို ကျွန်တော်တို့ အိမ်နီးနားချင်းတွေဖြစ် တဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့  သီရိလင်္ကာတို့က နေ့စဉ်စားသုံးနေကြ ပါတယ်။ အုန်းဆီဟာ အင်မတန် ပြည့်ဝတဲ့ ဆီပါပဲ။

ဒီဆီတွေဟာ ကောင်းတဲ့ ကော် လက်စထရောကို မြင့်တက်စေတယ် လို့ ဆိုတယ်။

ကျွန်တော်တို့တတွေက ရေခဲ သေတ္တာထဲထားရင် ခဲတဲ့ဆီကို မ ကောင်းဘူးလို့ ယူဆကြတယ်။ ဒါ ကြောင့် ဝိသမလောဘ သမားတွေက ဆီကိုမခဲအောင် မမှန်ကန်တဲ့ နည်း တွေနဲ့ ကြိုးပမ်းလာကြတာဖြစ်တယ်။

ဒါဟာ အကြီးအကျယ်လွဲမှားနေ ပါတယ်။

အချုပ်ပြောရရင်တော့ ဈေးပေါ တဲ့ စားအုန်းဆီစာသုံးတာဟာ ပိုပြီးလို့ တောင် အန္တရာယ်ကင်းသလို ဖြစ်နေ ပါသေးတယ်။

တစ်ခုတော့ရှိတယ်။ မြန်မာပြည် ကို မလေးရှားက ဆပ်ပြာချက်တဲ့ Industrial လုပ်ငန်းသုံး အုန်းဆီတွေ ကို မသွင်းဖို့တော့ လိုပါ တယ်။

လုပ်ငန်းရှင်များဟာ ပြည်သူ များကို ငဲ့ညှာသောအားဖြင့် မှန်မှန် ကန်ကန်လုပ်ဖို့လိုသလို ဒါကို စစ် ဆေးဖို့ တားဆီးဖို့ အစိုးရအပြင် စားသုံးသူများ ကာကွယ်စောင့်ရှောက်ရေး အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ ပြည်သူတွေကို ကာကွယ်စောင့် ရှောက်ဖို့ လိုအပ်ပါ တယ်။

ကျွန်တော်တို့ မြန်မာပြည်မှာ ဆန်ဆီဆေးဆားဆိုတဲ့ အခြေခံ ပစ္စည်းတွေရှိတယ်။ ယနေ့ဆေးဆို တာက ဆေးရွက်ကြီး မဟုတ်တော့ ဘဲ ရောဂါကုသတဲ့ ဆေးတွေ ကာကွယ် တဲ့ ဆေးတွေဖြစ်ဖို့ လိုတယ်။

ဆန်ကတော့ အရေးကြီးတယ်။

ကျွန်တော်ရဲ့ ပုဂ္ဂလိက ယူဆ ချက်ကတော့ ကမ္ဘာကြီးပူနွေးလာမှု ကြောင့် ဧရာဝတီဆန်တွေ အရည် အသွေးကျသွားပြီး  အညာဆန်တွေ အရည်အသွေးတက်လာသလားလို့ ထင်ပါတယ်။ ယနေ့ဆို ရွှေဘိုပေါ် ဆန်းမွှေးဟာ ပစ္စည်းအကောင်းဆုံး ဖြစ် သလို ဈေးလည်း အကောင်းဆုံးပါပဲ။

ကျွန်တော်တို့ မြန်မာနိုင်ငံကို ဆားတွေ ထိုင်းကနေ တင်သွင်းနေ တယ်။ ဒါဟာ ဂလိုဘယ် လိုက်ဇေး ရှင်းလို့ ပြောလို့ရပေမယ့် ကျွန်တော် တို့အနေနဲ့ နစ်နာပါတယ်။ ဒီကဆား ဈေးတွေကျတယ်။ ထိုင်းကဆားကို ကြည့်ရင် သူတို့က ဆာလဖာဒိုင် အောက်ဆိုဒ်ကိုသုံးပြီး အရောင်ချွတ် ထားလို့ ဖြူဖွေးလှပနေတယ်။ ရောင်း ပန်း အင်မတန်လှတယ်။

ကျွန်တော်တို့ဆီမှာ ဆာလဖာ အရောင်ချွတ်တာကို ခွင့်မပြုဘူး။ ဘာကြောင့်လဲဆိုတော့ ဆာလဖာ ဓာတ်ြ<ွကင်းတွေဟာ ကင်ဆာဖြစ်စေ လို့ပါပဲ။

ဒါပေမယ့်ထိုင်းဆားကတော့ ပန်းပန်နေတယ်။

 မြန်မာပြည်ကို အိမ်နီးနားချင်း နိုင်ငံတွေက ဆန်ရော အသီးအနှံ တွေပါ ဝင်ရောက်နေတယ်။ သခွား သီးဆိုရင် ရန်ကုန် ထိရောက်တယ်။

ဒါတွေက ရောင်းသူတွေအတွက် ကာကွယ်ရမလား စားသုံးသူတွေအ တွက် ကာကွယ်ရမှာလား။

စဉ်းစားသင့်တယ်။

အမှန်တော့ ပြည်သူများ သဘောပေါက်ဖို့ အရေးကြီးတယ်။

သိပံ္ပပညာဗဟုသုတပြည့်ဝဖို့ အ ရေးပါတယ်။

ဒီမိုကရေစီနိုင်ငံ တည်ထောင် ခါစမှာတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့တော့ လိုတယ်။

အချိန်တော့ ကြာချင်ကြာမှာပါ။  ဒါပေမယ့် အားလုံးကိုတော့  မေတ္တာ နဲ့ ဖြေရှင်းနိုင်ဖို့ တင်ပြတာပါပဲ။

ဒေါက်တာခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.