24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
နိုင်ငံတစ်နိုင်ငံ ကျဆုံးခြင်းအစ စာအုပ်အငှားဆိုင် ယဉ်ကျေးမှု ပျောက်ကွယ်ခြင်း

ကျွန်တော်တို့ နိုင်ငံကျဆုံးခြင်းဘက်ကို တဖြည်းဖြည်းရွေ့လျားနေပါတယ်။ စစ်အာဏာရှင်စနစ်လွှမ်းမိုးထားတဲ့ အမှောင်ရိပ်အောက်မှ တိုးထွက်လာခဲ့ပြီဆိုပေမယ့် စစ်အာဏာရှင်ရဲ့ အရိပ်ပေါင်းများစွာတိုင်းပြည်ရဲ့ ကဏ္ဍပေါင်းများစွာကို ထိုးကျနေ ဆဲဖြစ်ပါတယ်။ နိုင်ငံရေးစနစ်မှာ ဒီမိုကရေစီစနစ်ကို တည်ဆောက်ဖို့ လမ်းစရောက် ခဲ့ပြီလို့ဆိုရမှာပါ။ ဒီလမ်းကို လျှောက်လှမ်းနိုင်ဖို့အတော် ခက်ခက်ခဲခဲရုန်းကန် နေရပါတယ်။ လမ်းလျှောက်သင်စကလေးငယ်တစ်ယောက်လို စမ်းတဝါးဝါးဖြစ်နေတုန်း လို့ဆိုရမှာပါ။ ဒီမိုကရေစီစနစ်ကိုနှစ်ပေါင်းများစွာ လိုလားတောင်းဆိုခဲ့ရပေမယ့် အပြည့်အဝမရသေးပါဘူး။ ပေးကားပေး၏ မရဆိုသလို ဖြစ်နေပါတယ်။

တိုင်းပြည်စီးပွားရေးကို ပြန်ကြည့်တဲ့အခါမှာလည်း နိုင်ငံရေး ထက်ပိုဆိုးနေပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးအပေါ်မှာ အလုံးစုံသက်ဆိုင် နေပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံအတွက် ဈေးကွက်စီးပွား ရေးအောင်မြင်အောင်ဖော်ဆောင်နိုင်မှု၊ မဖော်ဆောင်နိုင်မှုနဲ့တိုင်းတာရမှာပါ။ ဈေးကွက်စီးပွားရေးကို အောင်မြင်အောင်ဖော်ဆောင်နိုင်ဖို့ထားဦး။ အာဏာရှင် လက်အောက်မှာ ချုပ်ကိုင်ထားခဲ့တဲ့ဈေးကွက်ကို ရအောင်မလုယူနိုင်သေးပါဘူး။ အာဏာရှင်စနစ်လက်အောက်မှာ ဈေးကွက်ကိုလူတစ်စုပိုင်စနစ်နဲ့ ချုပ်ကိုင်ထားခြင်းခံခဲ့ ရတဲ့ သွင်းကုန်ထုတ်ကုန်လမ်းကြောင်းတွေကို အခု ဒီမိုကရေစီစနစ်တည်ဆောက် မယ့်အချိန်အထိ မဖွင့်နိုင်သေးပါဘူး။ ဒီလို တိုင်းပြည်ရဲ့ စီးပွားရေးကို ဈေးကွက်စီးပွား ရေးအဖြစ် အကောင်အထည်မဖော်နိုင်မချင်း တိုင်းပြည်စီးပွားရေးဟာ ကျဆင်းပြီးရင်း ကျဆင်းနေမှာပါ။

ဒီလို တိုင်းပြည်တစ်ပြည်အတွက် နိုင်ငံရေးနဲ့ စီးပွားရေးကို နလန်ပြန်ထူအောင် မစွမ်းဆောင်နိုင်သေးသရွေ့ ပြည်သူတွေကလည်းဆင်းရဲနွံထဲက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ပြည်သူတွေအတွက် စားဝတ်နေရေးဟာ အသက်ဆက်ရှင်သန်နိုင်ရေးအ တွက် အဓိကကျနေပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူများအနေနဲ့ မပူမပင်မတောင့်မတရဘဲ နေ့တစ်နေ့ကို ဖြတ်သန်းလိုက်ရ မယ်ဆိုရင် ကျေနပ်နေကြတဲ့ လူမျိုးပါ။ မနက်ဖြန်အတွက် တွေးပြီးပူပင်သောကတွေကို မလိုလားချင်ကြတဲ့လူမျိုးပါ။ တစ်နေ့စာတစ်နေ့စား သောက်နေရမယ်၊ နေထိုင်ရေးအတွက် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်မယ်ဆိုရင် ကျေနပ်နေကြမှာပါ။ ဒီလို မပူမပင်စားသောက်နေထိုင်နေရရင် အပျော်အပါးတွေနောက်ကို လိုက်မနေကြပါဘူး။ အပျော်အပါးတွေလိုက် စားနေမယ့်အစား အေးအေးလူလူ စာအုပ်လေးဖတ်ပြီး ငြိမ်းချမ်းချင်ကြပါတယ်။ ဗဟုသုတကိုလည်း စာအုပ်တွေဖတ်ပြီး ရှာဖွေဆည်းပူချင်ကြပါတယ်။ ဒီလိုစာအုပ်တွေ ဖတ်နိုင်ဖို့အတွက် တကူးတက မြို့ပြကြီးတွေမှာ သာဝယ်လို့ရနိုင်တဲ့ စာအုပ်အရောင်း ဆိုင်ကြီးတွေကိုသွားရောက်ပြီး ဝယ်ယူကြဖို့မစဉ်းစားကြပါဘူး။ အမြို့ မြို့အနယ်နယ်မှာ ရှိတဲ့ စာအုပ်အငှားဆိုင်တွေမှာပဲ လွယ်လင့်တကူငှားရမ်း ဖတ်ဖို့ကိုသာ အလေးထားကြပါ တယ်။

ကျွန်တော်တို့ ငယ်စဉ်က စာအုပ်အငှားဆိုင်တွေပေါများခဲ့ပါတယ်။ မြို့ပြတွေနဲ့ ရပ်ကွက်၊ နယ်စွန်နယ်ဖျားကျေးလက်တောရွာတွေမှာလည်း စာအုပ်အငှားဆိုင်တွေရှိခဲ့ ကြပါတယ်။ စာအုပ်အငှားဆိုင်တွေ ဖွင့်ပြီး စာအုပ် ဖတ်ချင်ကြတဲ့လူတွေအတွက် အကျိုး ဆောင်ပေးသလို မိမိအကျိုးစီးပွားတွေအတွက်လည်း ဖြစ်ခဲ့ပါတယ်။ စာအုပ်အငှားဆိုင် စီးပွားရေးဟာလည်း အခြေအနေကောင်းမွန်ခဲ့ပါ တယ်။ စာအုပ်အငှားဆိုင်တွေမှာ လည်း ရသစာပေ၊ ဗဟုသုတစာပေ နောက်ကလေးသူငယ်တွေအတွက် ကလေးစာပေတွေ အစုံရှိခဲ့ပါတယ်။ ဝတ္ထုတွေ၊ မဂ္ဂဇင်းတွေ၊ ကာတွန်းရုပ်ပြတွေမျိုးစုံကို စာအုပ်အငှားဆိုင်မှာ တင်ပြီးငှားပေးခဲ့သလို စာအုပ်ဖတ်လို သူတွေအတွက်လည်း အဆင်ပြေခဲ့ ကြပါတယ်။

ဒီစာအုပ်အငှားဆိုင်တွေကို အားကိုးအားထားပြုပြီး စာအုပ်ထုတ်ဝေရေးတွေက လည်း စာအုပ်မျိုးစုံကို ထုတ်ဝေခဲ့ကြပါတယ်။ ဝတ္ထုတွေထဲမှာ အချစ်ဝတ္ထု၊ ဘဝသရုပ်ဖော်ဝတ္ထု၊ စုံထောက်ဝတ္ထု၊ နိုင်ငံခြားဘာသာပြန်ဝတ္ထုရေးသူ၊ ထုတ်ဝေသူ၊ စာအုပ် အငှားဆိုင်အတွက် ဝယ်ယူသူ၊ ဖတ်သူများလည်း အလွန်များခဲ့ပါတယ်။ မဂ္ဂဇင်းအစုံကိုဖတ်မယ်ဆိုရင် တစ်နေ့တစ်အုပ်ဖတ်နိုင်တာထက်ပိုပါ တယ်။ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုလို့တောင် သတ်မှတ်ရမယ့် ခေတ် ပါ။ အငှားဆိုင်တွေမှာ ကဏ္ဍအမျိုးမျိုးသော စာအုပ်တွေကို ဖတ်သူလူတန်းစားအမျိုးမျိုးက ငှားဖတ်ခဲ့ကြ ပါတယ်။ စာအုပ်အငှားဆိုင်တွေမှာ ညနေဘက်ရောက်ရင် စာအုပ်လာငှားသူတွေ၊ စာအုပ်ပြန်အပ်သူတွေနဲ့ စည် ကားနေပါတော့တယ်။

ကျွန်တော်တို့လို စာကဗျာရေး သူများကလည်း လစဉ်ထုတ်မဂ္ဂဇင်းတွေကို သူများထက်ဦးအောင်ငှားကြရပါတယ်။ ကိုယ်ငှားလို့ရတဲ့ မဂ္ဂဇင်းကို အငှားဆိုင်ပိုင်ရှင်က တစ်ရက်ပဲ ပေးငှားပါတယ်။ တစ်ခါတစ်ရံ ကိုယ်ဖတ်ချင်တဲ့မဂ္ဂဇင်းကိုငှားဖို့ နောက် ကျသွားရင် ရက်တော်တော်ကြာမှဖတ်လို့ရပါတယ်။ ဒါကအမှတ်ရနေတဲ့ အကြောင်း လေးတစ်ခုပါ။ ဒီစာ အုပ်အငှားဆိုင်ယဉ်ကျေးမှုကို ပြန် ကြည့်ရင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် ကျော် သုံးဆယ်လောက်က ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ၁၉၈၈ နောက်ပိုင်းမှာ တစစနဲ့ စာအုပ်အငှား ဆိုင်ယဉ်ကျေးမှုဟာ ကျဆင်းလာပါ တော့တယ်။

ဒါဟာ တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေကိုပြတာပါ။ စာအုပ် အငှားဆိုင်တွေကနေ စာဖတ်သူတွေ မငှားနိုင်တော့တဲ့ အခြေအနေဟာ စာအုပ်တွေဖတ်ချိန်ကို မပေးနိုင်လို့ ဖြစ်ပါတယ်။ စာအုပ်တွေဖတ်ဖို့ အချိန်ကာလ တစ်စိတ်တစ်ပိုင်းတော့ ပေးနေရပါတယ်။ မနက်မိုးလင်းက နေ မိုးချုပ်အထိ တစ်နေ့စာကို ရုန်း ကန်ရှာဖွေနေရသူတွေများလာတဲ့ ကာလမှာ စာအုပ်ဖတ်ဖို့အချိန်မပေးနိုင်ကြပါဘူး။ စာအုပ်ငှားဖို့ကလည်း တစ်နေ့စာ စားသောက်ဖို့ ချိုးခြံနေရတော့တဲ့ အခြေအနေမှာတွက်ချက်ပြီး စွန့်လွှတ်လိုက်ရပါတယ်။  ပြည် သူတွေအတွက် အရေးကြီးတဲ့ စားဝတ်နေရေးကို ရုန်းကန်ဖြေရှင်းနေရတဲ့ အချိန်မှာ ဘယ်စာအုပ်ကိုမှ ဖတ်ဖို့အချိန်လည်း မပေးနိုင်တော့သလိုစာဖတ်ဖို့ကိုလည်း စိတ်မဝင်စားတော့တဲ့ အခြေအနေကို ရောက်ခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ စာအုပ်ငှား ဖတ်သူတွေ လျော့နည်းလာတဲ့ အချိန်မှာ စာအုပ်အငှားဆိုင်တွေလည်း တစ်ဆိုင်ပြီး တစ်ဆိုင်ပျောက်ကွယ်သွားခဲ့ပါတယ်။ စာအုပ်အငှားဆိုင်တွေ လျော့နည်းလာတော့ စာအုပ်ထုတ်ဝေသူတွေကလည်း စာအုပ်ထုတ်ဝေဖို့ ကို စွန့်လွှတ်လိုက်ပါတော့တယ်။ စာ အုပ်အငှားဆိုင်ဖွင့်သူတွေ အများစုက စာအုပ်ကို ဝါသနာကြီးသူတွေကအများစုပါ။ စာအုပ်အငှားဆိုင်ဖွင့် ထားသူတွေထက် စာအုပ်ထုတ်သူတွေက ပိုပြီးစီးပွားရေးကို ပိုကြည့် ကြတဲ့ လူတွေများပါတယ်။ ပိုပြီးနစ်နာသူတွေက စာရေးဆရာတွေပါပဲ။ အစဉ်အမြဲရေးသားနေချင်နေကြတဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေအတွက် တစ်ခုတည်းသော စာပေနယ်ပယ်ပျောက်ဆုံးသွားရတာပါပဲ။ လုံးချင်းဝတ္ထုရေးသူတွေ အနေနဲ့လည်း ထုတ်ဝေသူက မထုတ်နိုင်တော့တဲ့အ ခါ သူတို့ရဲ့ စာတွေပျောက်ဆုံးကုန် ပါတယ်။ စာပေကို ဦးစားပေးတဲ့မဂ္ဂဇင်းတွေဟာ တစ်အုပ်ပြီးတစ်အုပ် ပြိုလဲကုန်ကြပါ တယ်။

 ပြည်သူတွေအနေနဲ့ စာမဖတ်နိုင်တော့တဲ့အချိန်ကို ရောက်ခဲ့တာကိုပြန်ကြည့် မယ်ဆိုရင် တိုင်းပြည်စီးပွားရေးကျပ်တည်းမှုတွေကြောင့်ဖြစ်ပါတယ်။ ပြည်သူတွေ စာမဖတ်နိုင် တော့တဲ့အခါ တဖြည်းဖြည်းနဲ့ ဗဟု သုတတွေ၊ အသိတရားတွေနည်းကုန် ကြပါတယ်။ အကျိုးဆက်အနေနဲ့ လူတွေရဲ့ စာရိတ္တတွေပျက်စီးကုန်ကြပါတယ်။ ရှင်သန်ဖို့ ရုန်းကန်ရင်းမွန်း ကျပ်နေတဲ့အချိန်မှာ သည်းခံနိုင်မှု တွေပျောက်ကွယ် သွားကြပါတယ်။ မကျေနပ်တဲ့ဘဝကို ဖောက်ခွဲပစ်ဖို့ ဒေါသတွေနဲ့ အစားထိုးလာကြပါ တယ်။ တရားသည်၊ မတရားသည်ကိုခွဲခြားသိနိုင်ဖို့ကိုလည်း အသိဥာဏ် တွေနိမ့်ပါး သွားခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကို ပြန်ဆန်းစစ်ကြည့်လိုက်ရင် လူတွေစာမဖတ် နိုင်တဲ့ အကျိုးဆက်ဆိုတာကို တွေ့မြင်ရပါ တယ်။

စာမဖတ်နိုင်တာကို ပြည်ကြည့်လိုက်ရင် လူတွေဆင်းရဲကျပ်တည်းတဲ့ အခြေအနေကို ရောက်ခဲ့ရလို့ဆိုတာသိနိုင်ပါတယ်။ ပြည်သူတွေ ဆင်းရဲကျပ်တည်းမှုဟာလည်း တိုင်းပြည် စီးပွားရေးကျဆင်းနေလို့ဖြစ်ပ တယ်။ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေး အနိမ့်ဆုံးကိုရောက်တဲ့အခြေအနေမှာ ပြည်သူတွေအဆင်းရဲဆုံးဘဝတွေ ရောက်ကုန်ကြ ပါတယ်။ တိုင်းပြည်စီးပွားရေးကျဆင်းမှု အခြေအနေဟာ ပြည်သူတွေစာမဖတ် နိုင်တော့တဲ့ အခြေအနေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ပြည်သူတွေ စာမဖတ်နိုင်တော့တဲ့ အခြေအနေကလည်း တိုင်းပြည်ကိုစီးပွား ရေးပိုကျဆင်းစေ ပါတယ်။ ပြည်သူတွေရဲ့ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်တဲ့အခါ တိုင်းရေးပြည်ရေး တွေကို ပါ ထိခိုက်ကျဆင်းစေပါတယ်။

အခုအချိန်မှာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရေးအတွက် အလွန်အင်မတန် မှ အရေးကြီးတဲ့ အချိန်ရောက်နေပါပြီ။ ဒီအချိန်မှာ ပြည်သူတွေအားလုံး စာ များများဖတ်ဖို့လို နေပါတယ်။ လိုတဲ့နေရာမှာ အတော် ကြီးကို လိုနေတယ်လို့ ပြောချင်ပါ တယ်။ အထူးသဖြင့် ပြည်သူတွေကို ဦးဆောင်နိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တွေအနေနဲ့ ကိုယ်တိုင်စာတွေဖတ်ပြီး ပြည်သူတွေ စာဖတ်လာနိုင်ဖို့ကို ကူညီဖန်တီးပေးရမှာပါ။ နောက်ခေတ်ကို လက်ဆင့်ကမ်းသယ်ဆောင်ရမယ့် လူငယ်တွေ လည်း စာတွေဖတ်ဖို့လိုပါတယ်။ ခေတ်စနစ်က တိုးတက်တဲ့ အင်တာနက်ခေတ်မှာ လူတိုင်းကိုင်နိုင်တဲ့ ဖေ့ဘုတ်တွေက စာတွေဖတ်ရုံနဲ့တော့ မလုံလောက်ပါဘူး။ နိုင်ငံရေး၊ စီးပွား ရေး၊ ဗဟုသုတစာတွေ၊ သမိုင်းဆိုင်ရာ စာတွေဖတ်ဖို့လိုနေပါတယ်။ အခု အချိန်မှာ ရုပ်ဝတ္ထုတွေ တိုးတက်နေပေမယ့် နာမ်ပိုင်းဆိုင်ရာ အသိဥာဏ်တွေက သေးကွေးကြုံ လှီနေပါတယ်။ ဘာနဲ့တူသလဲဆိုရင် အကောင်ကြီး ကြီးသလောက် စိတ်မနှံ့တဲ့ ငပေါကြီး လိုဖြစ်နေပါတယ်။ အသိဥာဏ်မရှိတဲ့ တိုင်းပြည်ဟာအနေပါတယ်။

ဒါတွေဟာ စာမဖတ်နိုင်တဲ့ အခြေအနေကစခဲ့တာပါ။ တိုင်းပြည်ကို အုပ်စိုးထားခဲ့တဲ့ စစ်အာဏာရှင်တွေ ကိုယ်တိုင်က စာမဖတ်ဘဲ စစ်ဗိုလ် ချုပ်တွေဖြစ်ခဲ့လို့ဆိုတာ မငြင်းနိုင် ပါဘူး။ အသိÓဏ်မရှိဘဲ လောဘတွေသာရှိခဲ့တဲ့အတွက် တိုင်းပြည်ဟာ အဆင်းရဲဆုံး နိုင်ငံဖြစ်ခဲ့ရတာပါ။ အခုတိုင်းပြည်ကို တည်ဆောက်နိုင်ဖို့ တာဝန်ယူထားကြတဲ့ လူကြီးတွေကလည်း အတန်းပညာသာသင်ခဲ့ရလို့တတ်ပြီး အသိဥာဏ်တွေ အားနည်း နေကြတာကို တွေ့နေရပါတယ်။ ဒါကလည်း စာမဖတ်ခဲ့လို့ဆိုတာပြော နိုင်ပါတယ်။

အချုပ်ဆိုရရင် ဒီမိုကရေစီစနစ်နဲ့ ပြန်တည်ဆောက်မယ့် တိုင်းပြည်ကို ဆင်းရဲတွင်းထဲကဆွဲတင်နိုင်ဖို့ အဓိကလိုအပ်နေတာက လူတွေစာဖတ်ကြဖို့ပါပဲ။ စာကြည့်တိုက်တွေကို လေ့လာကြည့်ရင် သရဲခြောက်ခံ ရမှာကြောက်စရာပါပဲ။ အဲဒီလိုပဲ တိုင်းပြည်ကြီးကလည်း သရဲအခြောက်ခံရမှာကြောက်ရင် စာများများ ဖတ်မယ့်သူတွေနဲ့ စည်ကားဖို့ ဖန်တီးယူရပါလိမ့်မယ်။

 နိုင်ငံတစ် နိုင်ငံဟာ မကျဆုံးစေချင်ရင် စာဖတ်ခြင်းနဲ့ ကယ်တင်ရပါ လိမ့်မယ်။

 နိုင်ငံကျဆုံးခြင်းဟာ စာအုပ်အငှားဆိုင် ယဉ်ကျေးမှုတစ်စတစ်စ ပြိုကျပျောက် ကွယ်ရာက စတင်တယ်ဆိုတာ သတိပြုမိနိုင်ကြပါစေ။

 

မြတ်လှိုင်း

မြတ်လှိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.