14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အကြမ်းဖက်မှု၊ ပုပ်ရဟန်းမင်းကြီးနှင့်ဒေါ်အောင်ဆန်းစုကြည်

မကူညီချင်နေပါ၊ မနှောင့်ယှက်ပါနဲ့

ဒီဇင်ဘာဆန်းပြီဆိုတော့ ၂ဝ၁၇ ကုန်တော့မှာပဲ။ NLD ရွေးကောက်ပွဲ နိုင်တာလည်း နှစ်နှစ်တာခရီးကို ရောက်ပြီ။

ဒီလိုအချိန်မှာ တိုင်းပြည်ဟာ စီးပွားရေး တုံ့ဆိုင်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်။

အထူးသဖြင့် ရခိုင်မှာဖြစ်နေတဲ့ အရေးကိစ္စပေါ့။

ကျွန်တော်တို့ဆီ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေရဆဲကာလပါ။ အနှစ် ၇ဝ ကျော်ရှည်ကြာခဲ့တဲ့ ပြည်တွင်းစစ်ဟာ နာတာရှည်ရောဂါ၊ ဒါမှမဟုတ် အနာဟောင်းလိုဖြစ်နေပါတယ်။ ခုတော့ ဒီရခိုင်မောင်တောအရေးဟာ အနာသစ်လို ဖြစ်လာတယ်။ ဒီအနာသစ်ကို နိုင်ငံရေးနဲ့ အမျိုးမျိုးပုံဖော် နေကြတဲ့အတွက်  ကုသဖို့မလွယ်ဘူး။

ဒီအနာရောဂါတွေကို ဘယ်လိုအဖြေရှာမလဲ။ ဒါပေမယ့် အနာရှိရင် ဆေးရှိရပါတယ်။

အမျိုးမျိုးကစားကြတဲ့အခါ ခံစားရသူ ပြည်သူကတော့ ကျောကော့နေပါတယ်။

အင်္ဂလိပ်က  နှစ်တစ်ရာကျော် ကျွန်ပြုသွားတယ်။

ပြီးတဲ့နောက် တစ်ပါတီအာဏာရှင်စနစ်ကြောင့် အဆင်းရဲဆုံးနိုင်ငံသို့ ကျဆင်းသွားတယ်။

တစ်ကမ္ဘာလုံးကူသူမရှိပါဘူး။ ဆင်းရဲတာကို ထိုင်ကြည့်နေရာက ခုဒီမိုကရေစီလမ်းကိုလျှောက်ဖို့ ကြိုးစားတော့လည်း မကူညီပါဘူး။

မကူညီချင်နေပါ။ မနှောင့်ယှက်ပါနဲ့။

သို့သော် နှောင့်ယှက်နေကြပါတယ်။

 

ပုပ်ရဟန်းမင်းကြီး

လွန်ခဲ့တဲ့ရက်က  ပုပ်ရဟန်းမင်းကြီး ဖရန်စစ်  Pope Francis ဟာ မြန်မာပြည်ကို ရောက်လာပါတယ်။

မြန်မာပြည်က တရားမျှတလွတ်လပ်ရမယ်ဆိုတဲ့ ခံယူချက်ကို နိုင်ငံတော်သီချင်းထဲမှာ ထည့်ထားပါတယ်။

ယနေ့မှာ ကျွန်တော်တို့ဟာ တရားမျှတမှုနဲ့ လွတ်လပ်ရေးအပြင် လူ့အခွင့်အရေးအတွက်လည်း ပြောဆိုနေတာကို ကြား နေရတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တရားမျှတမှုနဲ့ လူ့အခွင့်အရေးတွေ လေးစားလိုက်နာမှသာ အနာဂတ်မြန်မာပြည် ငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင် ရရှိနိုင်မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ကြားလူ Moderator အနေနဲ့ မြန်မာပြည်ကို ရောက်လာဟန်တူတယ်။

နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံပြီးနောက် ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက လက်ရှိအစိုး ရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း  ဂုဏ်ပြုပြောဆိုသွားခဲ့ပါတယ်။

ဒါဟာ ကမ္ဘာကလည်း အသိအ မှတ်ပြုကြိုဆိုရမယ့် ကိစ္စပါပဲ။

ဒါပေမယ့် အနောက်တိုင်း အသံလွှင့်ဌာနတစ်ခုကဆိုရင် ပုပ်ရဟန်းမင်းကြီးဟာ လူတွေကြားထဲ မကောင်းတာကို မပြောဆိုဖို့  လေ့ကျင့်ထားတာကြောင့် မြန်မာပြည်ကို မကောင်းတာတွေ မပြောဘူးလို့ ကောက်ချက်ချသွားပါတယ်။

ဒီလိုကောက်ချက်ချတာဟာ အလွန်တရာ စိတ်ပျက်ဖွယ်ကောင်းတဲ့ ဘက်လိုက်မှုပဲလို့ မြန်မာပြည်သူ့ အသိုင်းအဝိုင်းက ပြောဆိုသွားတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း De Facto Leader  လို့  သုံးစွဲသွားတယ်။ De Facto ဆိုတာ မရှိကိုအရှိလုပ်ထားတယ်လို့ ဆိုလိုတာပါပဲ။ အဘိဓာန်ထဲမှာ De Facto ကို as though rightful: acting or existing in fact but without legal sanction လို့ ဆိုထားပါတယ်။

ပုပ်ရဟန်းမင်းကြီးအကြောင်း ဆက်ပါဦးမယ်။

ပုပ်ရဟန်းမင်းကြီးဟာ လူမျိုးနွယ်စုအားလုံးကို လေးစားကြဖို့ တိုက်တွန်းသွားခဲ့ပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ ထည့်သွင်းပြော ဆိုသွားခဲ့ခြင်း မရှိပါဘူးဆိုပြီး သတင်းတွေက ကောက်ချက်ချထားပါတယ်။ ဒီလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးရတာကတော့ မြန်မာပြည်က ခရစ်ယာန် Community က တိုက်တွန်းလို့ပဲလို့ ဖော်ပြထားတယ်။

ပုပ်ရဟန်းမင်းကြီးဟာ လူသားတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သဘောပေါက်ပါတယ်။ ဒါကြောင့်လည်း စစ်အစိုးရ အုပ်ချုပ်မှုအောက် နှစ် ၅ဝ ကျော် နေထိုင်ခဲ့ရပြီး ပြည်တွင်း ပဋိပက္ခတွေကို ကြုံတွေ့ခဲ့ရတဲ့ မြန်မာပြည်အနေနဲ့ အတိတ်ရဲ့ဒဏ်ရာဒဏ်ချက်တွေကနေ ပြန်လည်သက်သာလာဖို့ လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါဟာ ပုပ်ရဟန်းမင်းကြီး တစ်ယောက်အနေနဲ့  ပထမဦးဆုံးအကြိမ် မြန်မာပြည်ကို ရောက်လာတာပါ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ နိုဝင်ဘာ ၂၉ ရက်က ကက်သလစ်ဘာသာဝင် ၁ သိန်းခန့်နဲ့ အတူ ဆုတောင်းပွဲ ကျင်းပခဲ့သလို နိုင်ငံတော် သံဃာ့မဟာနာယအဖွဲ့က   ဆရာတော်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ခရီးသွားရောက်စဉ်က  ဗာတီကန်ကို သွားရောက်ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီအတွက်လည်း ပုပ်ရဟန်းမင်းကြီးအနေ နဲ့ မြန်မာပြည်ကို လာရောက်ခဲ့ခြင်းလည်းဖြစ်နိုင်ပါတယ်။ အဓိကကတော့ ယနေ့ဖြစ်နေတဲ့ ရခိုင်အရေး ကိစ္စကြောင့်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

အချို့က ဒီအရေးကိစ္စဟာ ဗုဒ္ဓဘာသာဝင်များနဲ့ မွတ်စလင်အကြားဖြစ်ပွားတဲ့ ပဋိပက္ခလို့ ယူဆတယ်။ ဘာသာရေးမတူလို့ဖြစ်တဲ့ ကိစ္စလို့ယူရင်တော့ ယူဆနိုင်တာပါပဲ။ ဥရောပတို့၊ အမေရိကတို့မှာလည်း မွတ်စလင်ဘာသာရေးအစွန်းရောက်များနဲ့ ပဋိပက္ခများစွာကို တွေ့နိုင်တယ်။ အသေခံဗုံးခွဲမှု၊ ထရပ်ကားနဲ့ တိုက်ခိုက်ခြင်း၊ ဓားနဲ့ထိုးတာတွေ အများကြီးကို တွေ့နိုင်တယ်။

ဒီပြဿနာဟာ အကြီးကြီးပါပဲ။ စစ်အစိုးရ အုပ်ချုပ်မှုအောက် နှစ် ၅ဝ ကျော် နေထိုင်ခဲ့ရပြီး ပြည်တွင်း ပဋိပက္ခတွေကို ကြုံတွေ့ခဲ့ရတဲ့ မြန်မာပြည်အနေနဲ့ အတိတ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကနေ ပြန်လည်သက်သာလာဖို့ လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

လူမျိုးတုံး သတ်သတဲ့

မြန်မာပြည်မှာဖြစ်တဲ့ကိစ္စဟာ  မောင်တောမှာ အကြမ်းဖက်အုပ်စုက စတင်တိုက်ခိုက်ရာက ဖြစ်ပေါ်တယ်လို့ပဲ ကြားသိရတယ်။

ဒီအကြမ်းဖက်မှုကို မြန်မာဘက်က လိုက်လံဖြိုခွင်းတော့ စစ်ပွဲတွေဖြစ်တာပေါ့။ စစ်ပွဲတွေဖြစ်တော့ ဒေသခံတွေထွက်ပြေးကြတယ်။

မွတ်စလင်တွေက သူတို့နေရာ ဌာနဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြေးတယ်။

တိုင်းရင်းသားတွေကတော့ မြန်မာပြည် (စစ်တွေဘက်) ကိုပြေးတာပေါ့။

စစ်ပြေးတာ တစ်ကမ္ဘာလုံးမှာပဲ မဟုတ်လား။

ကျွန်တော်တို့ နိုင်ငံအရှေ့ဘက်မှာ ထိုင်းနိုင်ငံရှိတယ်။ အဲဒီနိုင်ငံနဲ့နယ်စပ်မှာ တိုင်းရင်းသားသူပုန်များနဲ့ တပ်မတော်ဟာ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်တယ်။

ဒီတော့ ဒေသခံလူတွေထွက်ပြေးတယ်။ သူတို့အတွက် ကုလသမဂ္ဂက ကြီးမှူးလုပ်ဆောင်ထားတဲ့ စစ်ပြေးဒုက္ခသည်စခန်း (Refugee Camp) တွေရှိတယ်။

ဒီအတိုင်းပဲ အရှေ့မြောက် (တရုတ်နဲ့ ကချင်နယ်စပ်) တရုတ်ပြည်တွင်းမှာလည်း စစ်ပြေးဒုက္ခသည်စခန်း Refugee Camp တွေရှိတယ်။

ခုအနောက်ဘက် ရခိုင်မောင်တောမှာ တိုက်ပွဲတွေဖြစ်တော့ လူတွေထွက်ပြေးတယ်။ ဒီအတွက် ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာ စစ်ပြေးဒုက္ခသည်စခန်း Refugee Camp တွေရှိလာတာပေါ့။

ဒီနေရာမှာ လူမျိုးတုံးသတ် ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာတွေကို စွပ်စွဲနေကြတယ်။

မြန်မာတွေက ရိုဟင်ဂျာဆိုတာ လူမျိုးအနေနဲ့ မရှိပါဘူးဆိုပြီး တင်ပြတာပါ။

ဒါဆိုရင် ရိုဟင်ဂျာအရင်ကရှိတယ်။ ခုမရှိတော့ဘူး။ မြန်မာတွေသတ်လို့ပဲဆိုတဲ့ ကောက်ချက်တွေကို ကြားလာရတယ်။

ဒါဟာ မမျှတဲ့ လောဂျစ်ပါပဲ။

အနောက်တိုင်းသတင်းဌာနတွေက သဘောပေါက်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အမှန်တရားနဲ့ ကင်း ကွာနေကြတယ်။

မီဒီယာသမားများက ဒီလိုဘက်လိုက်ပြီး တို့မီးရှို့မီးလုပ်လို့မရပါဘူး။

မီဒီယာသမားတွေက အမှန်တရားတွေရဲ့ ချန်ပီယံ Champion of the Truth ဖြစ်ရပါတယ်။

 

သွေးထိုးလှုံဆော်မှု

ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာပြည်ဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ် ပြဿနာလို စိန်ခေါ်မှုတွေကို  ရင်ဆိုင်နေရကြောင်းနဲ့ တိုင်းပြည်ထူ ထောင်ရေးအတွက် လူ့အခွင့်အရေး ရရှိရေး၊ လုံခြုံမှုရှိရေးနဲ့ သည်းခံစိတ် မွေးမြူရေးတို့ အရေးကြီးကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက လက်ခံတယ်။ သဘောပေါက်ပါတယ်။

ဒါပေမယ့်  ပြေလည်မှုကို အချို့က မလိုလားပါဘူး။

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကလာတဲ့ AFP သတင်းမှာတော့ ကော့ဇ်ဘဇားဒေသ ကူတူ ပလောင် ဒုက္ခသည်စခန်းမှာရှိတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မိုဟာမက် ဇူဘဲယားဆိုသူက ပုပ်ရဟန်းမင်းကြီး အနေနဲ့ ရိုဟင်ဂျာပြဿနာကို တစ်စုံတစ်ရာ ပြောဆိုသွားခြင်း မရှိတဲ့အတွက် အလွန်စိတ်ပျက်မိကြောင်း ဝေဖန်တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာလည်း ဒုက္ခသည်စခန်းမှာ ရှိသူရဲ့ အမြင်ပါပဲ။

ခုရေတွင်းတူး ခုရေကြည် သောက်လို့မရပါဘူး။

ပုပ်ရဟန်းမင်းကြီးအနေနဲ့ အပြောတွေကို လက်ခံကြားနားရတယ်။ သတင်းအချက်အလက်တွေကို ကိုယ် တိုင်လိုက်နိုင်တာမှ မဟုတ်တာပဲ။ 

ဒါကြောင့် ဘယ်သူပြောတာမှန် သလဲဆိုတာကို ဆုံးဖြတ်ရတာ မလွယ်လှပါဘူး။

ပြဿနာတစ်ခုကို မသိဘဲ အစဆွဲလိုက်ရင် အဆင်မပြေတတ်ဘူး။

ယနေ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး အနောက်တိုင်း သတင်းမီဒီယာနဲ့ လှုပ်ရှားသူ Activists များက ပြဿနာတွေကို ကြီးထွားအောင် လုပ်နေကြောင်း သိသာထင်ရှားပါတယ်။  ပုပ်ရဟန်းမင်းကြီးအနေနဲ့ ပြဿနာတွေကို သေးငယ်အောင် ကြိုးစားပါတယ်။ မေတ္တာတွေနဲ့ ကရုဏာတွေရောပြီး ငြိမ်းချမ်းမှုကို ဂရုပြုကြဖို့ ပြောပါတယ်။

 

နိဂုံး

မြန်မာပြည်သူအများဟာ လွတ်လပ်ရေးရပြီး အနှစ် ၇ဝ ကျော် ပြည် တွင်းစစ်၊ အာဏာရှင်တို့ရဲ့ အုပ်ချုပ် မှုတွေကို ရင်ဆိုင်ခဲ့ရတာပါ။

ယခုအခါမှာမှ ဒီမိုကရေစီလမ်းကိုလှမ်းဖို့ ကြိုးစားနေကြတာပါ။

ဗုဒ္ဓဘာသာဟာ အေးချမ်းပြီး မေတ္တာထားတဲ့ ဘာသာပါ။ ခြွင်းချက်အနည်းငယ်ရှိလင့်ကစား မတူကွဲပြားတဲ့ ဘာသာဝင်များအကြား ငြိမ်းချမ်းလုံခြုံတဲ့ လူ့သဘောကို တည်ဆောက်နိုင်သူတွေပါ။ ယနေ့ ငြိမ်းချမ်းရေး တည်ဆောက်နေချိန်မှာ ကူညီကြပါ။

မြန်မာကို ကမ္ဘာက သဘောပေါက်နိုင်ပါစေ။

ဒေါက်တာခင်မောင်ညို

ဒေါက်တာခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.