ဥာဏ်မီသလောက်လေး တင်ပြခြင်းပါ
လမ်းမတန်းရှိ မြေညီထပ် အားလုံးလိုလိုဟာ အရောင်းဆိုင်တွေ ချည်းပါပဲ။ ဒီအရောင်းဆိုင်တွေထဲမှာ စားသောက်ဆိုင်နဲ့ ယမကာ ပါ ရောင်းကြတဲ့စတိုးဆိုင်တွေက အများစုပါ။ ဂွတ္တလစ်မင်းလမ်းကနေ တာမွေ အဝိုင်းအထိ ရေတွက်မယ်ဆိုရင် စားသောက်ဆိုင်က အနည်းဆုံးဆယ်ဆိုင်ပဲ။ ပိုရင်ပိုမယ်၊ မလျော့ဘူး။
ကျွန်တော့်အတွက်တော့ အတော်အဆင်ပြေတာပေါ့။ အသောက်အစားလေး ဝါသနာပါသူ မိတ်ဆွေaတွရောက် လာရင် ဝေးဝေးသွားစရာ မလိုတော့ဘူး။ ဒီဆယ်ဆိုင်ထဲက အသန့်ရှင်းဆုံး၊ ဝန်ဆောင်မှု အ ကောင်းဆုံးလို့ ထင်ရတဲ့ ဆိုင်ထဲဝင်၊ ဧည့်ခံလိုက်ရုံပါပဲ။ အေးဗျ၊ အသန့်ရှင်း ဆုံး၊ ဝန်ဆောင်မှုအကောင်းဆုံးလို့ ရေးမိလိုက်တော့ ရေးလက်စကို ဘရိတ်အုပ်လိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ အသန့်ရှင်းဆုံး၊ ဝန်ဆောင်မှုအကောင်းဆုံးဆိုတဲ့ဆိုင်မျိုး ရှိရောရှိရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိ လိုက်လို့ပေါ့ဗျာ။ အေးလေ၊ စင်းလုံးချောဆိုတာကတော့ မရှိသလောက်ပါ။ အနူတောကလူချော အဆင့်လောက်ရှိတဲ့ စားသောက် ဆိုင်တချို့တော့ရှိပါတယ်။
တကယ်တော့ ကျွန်တော်က စားသောက်ဆိုင်ရွေးသူပါ။ ကျောချင်း ကပ်ထိုင်ရတဲ့ ဆိုင်မျိုးကိုရှောင်ပါ တယ်။ နေရာလွတ် မရှိလောက်အောင် ပြည့်ကျပ်နေတဲ့ဆိုင်မျိုးကိုရှောင်ပါတယ်။ တံတွေးတဗျစ်ဗျစ်ထွေးထွေးနေတဲ့၊ လူတွေအဝင်များတဲ့ဆိုင်မျိုးရှောင်ပါ တယ်။ ပတ်ဝန်းကျင် မဲ့ လူများစုထိုင်ကြတဲ့ ဆိုင်မျိုးကို ရှောင်ပါတယ်။ 'ရှောင်ပါတယ်'တွေ သိပ်များတော့ သိပ်မထိုင်ဖြစ်တော့ ဘူး။ ဧည့်ခံစရာကြုံမှ ထိုင်ဖြစ်တော့ တယ်။
ကျွန်တော်ကနေ့တိုင်း တစ်ခွက် တစ်ဖလား (ကျန်းမာရေးအတွက်) သောက်သုံးခဲ့တာကြာပါပြီ။ ဒါကြောင့် အိမ်မှာပဲ မပြတ်ဆောင်ထားပြီး သောက်ပါတယ်။ Red တို့၊ Black တို့ကိုတော့ အမြဲမဆောင်နိုင်ပါဘူး။ High Commissioner လောက်၊ High Class လောက်၊ Mandalay Rum လောက်ပဲ ဆောင်နိုင်ပါတယ်။
အဲ- Mandalay Rum ဆိုမှ သူနဲ့ ပတ်သက်လို့ ပြောချင်နေတာလေး အမှတ်ရလာတယ်။ သူနဲ့ပတ်သက်လို့ နှစ်ချက်ပြော ချင်တယ်။ တစ်-အရ သာ နှစ်မျိုးဖြစ်နေတယ်။ နှစ်-ရောင်း ဈေးတွေတစ်ဆိုင်နဲ့တစ်ဆိုင် မတူကြ ဘူး။ နည်းနည်းကွာနေတယ်။ အရ သာနှစ်မျိုးဆိုတာက တစ်ပုလင်းမှာ ဘာနံ့မှမပါလို့သောက်ရတာ အဝင်ချောတယ်။ ကုန်သွားလို့ နောက်တစ် ပုလင်းထပ် ဝယ်သောက်ကြည့်တော့ ပိုးဟပ်နံ့နည်းနည်းထွက်နေတယ်။ ဒီအနံ့မျိုးပါလာရင် သောက်ရတာ လုံးဝအရသာမရှိတော့ဘူး။ ဒါနဲ့ စုံစမ်း ကြည့်တော့ အစိုးရထုတ်နဲ့ကုမ္ပဏီထုတ်နှစ်မျိုးရှိတယ်လို့ပြောကြတယ်။ ဒါပေမယ့် Label က တစ်ပုံစံတည်းပဲ။ ဒီတော့ ကျွန်တော်က Mandalay Rum အတုများ ရှိနေသလားလို့ ရိုးရိုး ပဲ သံသယဝင်မိလိုက်တယ်။ ဒီနေရာ မှာ တစ်ခုပြောချင်တာက ပိုးဟပ်နံ့ ထွက်တဲ့ ပုလင်းရောင်းတဲ့ဆိုင်နဲ့ ပိုးဟပ်နံ့မထွက်တဲ့ ပုလင်းရောင်းတဲ့ ဆိုင်ကတော့ မတူပါဘူး။ ဈေးချင်းလဲ ကွာပါတယ်။ ပိုးဟပ်နံ့ထွက်တဲ့ ပုလင်းက ၁၂ဝဝ ကျပ်၊ ပိုးဟပ်နံ့ မထွက်တဲ့ပုလင်းက ၁၃ဝဝ ကျပ်။ တကယ်တော့ ကျွန်တော် ပိုးဟပ်နံ့မနံ့ တဲ့ Rum ကို တစ်ဆိုင် တည်းမှာ ၁၃ဝဝ ကျပ်နဲ့ စွဲစွဲမြဲမြဲဝယ်ယူသောက် သုံးလာခဲ့တာ နှစ်ချီကြာခဲ့ပါပြီ။ ဒါပေ မယ့် တစ်နေ့ကျတော့ ညနေခင်း မလျှောက် ဖူးတဲ့ လမ်းထွက်လျှောက် တဲ့အခါ ယမကာပုလင်းမျိုးစုံ တင် ထားတဲ့ စတိုးဆိုင်တစ်ဆိုင်ကို အမှတ် မထင်တွေ့လိုက်တယ်။ ဒါနဲ့ ကြုံတုန်း ဝင်မေးကြည့်မယ်ဆိုပြီး ဆိုင်ထဲဝင်၊ Mandalay ဘယ်လောက်လဲဗျလို့ မေးလိုက်တော့ ၁၂ဝဝ တဲ့။ ဒီမှာတင် ဟ-ငါအမြဲဝယ်နေတဲ့ဆိုင်က ၁၃ဝဝ၊ ငါ့ကို ၁ဝဝ၊ ၁ဝဝ ပိုအုပ်နေတာပါလား လို့တွေးပြီး တစ်လုံး ဝယ်လာခဲ့တယ်။ အဲ-ပိုးဟပ်စော် နံတာ အဲဒီတစ်လုံးပါ ပဲ။ နောက် ကျွန်တော် အဲဒီဆိုင်မှာ ဘယ်တော့မှ မဝယ်ဘူး။ မစစ်ဘူးဆိုတဲ့ အသိကစွဲ သွားပြီလေ။ ဒီလိုနဲ့ ဝယ်နေကျဆိုင်မှာပဲ ၁၃ဝဝ ပေးပြီး ပြန်ဝယ်ပါတော့တယ်။ အဲ-ဖြစ်ချင် တော့ဝယ်နေကျဆိုင်ထက် ကျွန်တော့် အိမ်နဲ့ ပိုနီးတဲ့နေရာမှာ စတိုးဆိုင် အသစ်လာဖွင့်ပါတယ်။ ဒီဆိုင်က အရက်မျိုးစုံတင်တယ်။ ဝီစကီမျိုးစုံလဲ တင်တယ်။ ရေသန့်ဘူး၊ ဖျော်ရည်ဘူး မျိုးစုံလဲ တင်တယ်။ ခင်းကျင်းထားပုံ ကလဲ စနစ်ကျပြီးမြင်သာတယ်။ ဒီဆိုင်ဟာ ကျွန်တော့်ကို အမြဲမျက်စ ပစ်နေတယ်။ အိမ်နဲ့ကလဲ ပိုနီးနေ တော့ ဆင်းဝယ်တော့တာပေါ့။
'' Mandalay ဘယ်လောက်လဲ သမီး''
''၁၂၅ဝ ပါ''
ဟ-ဘယ်လိုပါလိမ့်။ ဝယ်နေ ကျဆိုင်က ၁၃ဝဝ ကျပ်၊ လမ်းကြုံ တွေ့လိုဝင်ဝယ်မိတဲ့ဆိုင်က ၁၂ဝဝ ကျပ်၊ ခု ဒီဆိုင်က ၁၂၅ဝ ကျပ်။ သုံးဆိုင်၊ ပစ္စည်းတစ်မျိုးတည်းကို ဈေးသုံးမျိုး။ ကျွန်တော်အသံတိတ် ရေရွတ်ပြီး ''တစ်လုံးပေးကွယ်''လို့ ပြောလိုက်တယ်။ အိမ်ရောက်တော့ သောက်ကြည့်တယ်။ ပိုးဟပ်နံ့ လုံးဝ မထွက်ဘူး။ အရသာကလဲ ဝယ်နေ ကျဆိုင်က ၁၃ဝဝ ကျပ်တန် အရသာ အတိုင်းပါပဲ။
ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဆိုင်သုံးဆိုင်က ဈေးနှုန်းသုံးမျိုးရဲ့ ကွာခြားချက်ကဘာမှများတာ မဟုတ်ပါဘူး။ ပြော ရတာတောင် ရှက်ဖို့ကောင်းနေပါတယ်။ ဒါပေမယ့် မရှက်နိုင်ဘဲပြောနေရတာက ဈေးနှုန်းတွေတစ်ပြေးညီမဟုတ်တော့ ရောင်းတဲ့ဆိုင်အပေါ် အမြင်စောင်းသွားနိုင် လို့ပါ။ ''ဈေးကြီးတယ်''၊ ''ဈေး မမှန်ဘူး''လို့ အထင်ခံသွားရတဲ့ ဆိုင် မျိုးဟာ တက်ဖို့ မလွယ်တော့ပါဘူး။ ဒီတော့ ကုမ္ပဏီက သူတို့ကုန်ပစ္စည်း ကို လိုက်ဖြန့်တဲ့အခါ (သို့) အရောင်း ဆိုင်တွေက ကုမ္ပဏီမှာ တိုက်ရိုက် လာဝယ်တဲ့အခါ ဘယ်ဟာဘယ် လောက်နဲ့ပဲ ပြန်ရောင်းပါလို့ ပြန်ရောင်းဈေးကို ကုမ္ပဏီကသတ်မှတ်ပေးလိုက်ရင် မကောင်းပေ ဘူးလား။ ဒီလို ဆိုရင် ဒီပစ္စည်းတစ်မျိုးတည်းကို ဟိုဆိုင်က ဈေးတစ်မျိုး၊ ဒီဆိုင်က ဈေးတစ်မျိုး၊ မရောင်းတော့ဘူးပေါ့။ ဒီအခါမှာ စားသုံးသူများအနေနဲ့လဲ ဈေးနှုန်းအပေါ် သံသယကင်းသွား နိုင်ပါတယ်။ ဈေးနှုန်းအပေါ် သံသယ ကင်းရင် စားသုံးသူတွေက ဒီဆိုင်ကိုလဲ အမြင်စောင်းစရာလမ်းမရှိတော့ပါဘူး။ ဟုတ်ကဲ့၊ တစ်ခုတော့ရှိတယ်။ အေးဗျာ၊ ခင်ဗျားပြောတာကောင်းပါတယ်။ ဒါပေမယ့် ဒီခေတ်က ရောင်းဈေးသတ်မှတ်ပေးလို့မရဘူး။ သတ်မှတ်ပေးလဲ ရောင်းချင်တဲ့ဈေးနဲ့ ရောင်းနေကြတာပဲဗျ ဆိုရင်တော့လဲ လက်လျှော့ရုံကလွဲလို့ ''ကျွန်တော် ဘာများတတ်နိုင်ဦးမှာလဲ''လို့ ဆရာ ဗန်းမော်တင်အောင်လေသံနဲ့ တုံ့ပြန် ရတော့မှာပေါ့ခင်ဗျာ။
ခင်မောင်တိုး(မိုးမိတ်)