2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အဖွင့်လား အပိတ်လား

တစ်လောက ဗိသုကာ Archi-tech မိတ်ဆွေတစ်ဦးရဲ့ ဖိတ်ကြားမှု ကြောင့် အမေရိကန်စင်တာကို ရောက်ခဲ့တယ်။ စာတမ်း ရှင်သုံးဦးရဲ့ စာတမ်းသုံးစောင်ကို တင်ပြဖတ်ကြား တာကိုလည်း နားထောင်ခွင့်ရခဲ့ပါ တယ်။ သုံးယောက်စလုံးဟာ ကမ္ဘာ မကျော်ပေ မယ့် (ဒီအထဲမှာ မကျော့် တကျော်လည်း ပါနိုင်တယ် ဆိုပါ တော့) မြန်မာကျော်တွေ ဖြစ်ပါတယ်။ အသက်အရွယ်တွေကလည်း အရွယ်သုံးပါး လူကြီး၊ လူလတ်၊ လူငယ် အရွယ်တွေဖြစ်တာကြောင့် အယူ အဆ အမျိုးမျိုး၊ တွေးခေါ်စဉ်းစားမှု အမျိုးမျိုးကိုလည်း အကဲခတ်ခွင့် ရခဲ့ပါတယ်။
    သူတို့သုံးယောက်အပတ် တကုတ် သင်ယူလေ့လာခဲ့တဲ့ ပညာ ရပ်တွေအပေါ် အကဲဖြတ်တင်ပြတာ တွေဟာ အင်မတန် တန်ဖိုးရှိပါတယ်။ စာရေးသူလို အာခီတက်ဆိုတာ အိမ် ဆောက်တဲ့ လူသာသာပဲလို့ လူပြိန်း တွေး တွေးတတ်တဲ့လူတွေတောင် သူတို့တင်ပြလာတဲ့ စာတမ်းတွေ ကြောင့် အဲဒီပညာရပ်အပေါ် တစ်စုံ တစ်ရာ နားလည်ခွင့်ရခဲ့ပါတယ်။ အနု ပညာနဲ့ ပေါင်းစပ်ထားတဲ့ အဲဒီပညာရပ်ဟာ တကယ့်ကို ကျယ်ဝန်းနက် ရှိုင်းပြီး အဓိပ္ပါယ်လေးနက်ပါတယ်။
    ဖိုးစိန်ကြီး၊ ရွှေမန်းတင်မောင်နဲ့ ဖိုးချစ်တို့လို သူတို့ရဲ့ အသက်အရွယ် အပိုင်းအခြားအလိုက် ခေတ်အလိုက် အောင်မြင်မှုရခဲ့တဲ့ သူတို့တစ်တွေကိုလဲ လေးစားမိတာအမှန်ပါ။ ကိုယ့်ကွင်းမှာကို နာမည်တစ်လုံးရဖို့ဆိုတာ လွယ်တာမှမဟုတ်တာ၊ အခုဟာ သုံးယောက်စလုံးဟာသူ့ခေတ်သူ့ကွင်း သူ့နယ်ပယ်မှာ တစ်စုံတစ်ရာအောင်မြင်ကြတဲ့လူတွေချည်းမို့ အားကျအတုယူ စရာကောင်းနေ တာ အမှန်ပဲ။
    စာတမ်းရှင်တွေရဲ့ စာတမ်းတွေ ကို ဂရုတစိုက် အလေးမူတင်ပြထား တယ်လို့ ခံစားမိတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ အဖွင့်သဘော မဆောင်ဘဲ အပိတ်သဘောဆောင်နေ သလားလို့ တွေးလိုက်မိတယ်။ ကိုယ်တတ်ထားတဲ့ ပညာရပ်နဲ့ ကမ္ဘာ ကြီးကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ပညာရှင်တွေဟာ ပျံ့နှံ့ဖို့ကို ဦးတည် သင့်တယ်။ အပိတ်ထက် အဖွင့်ကို ဦးတည်သင့်တယ် လို့ မြင်ပါတယ်။ သမားဂုဏ်ပြနေလို့ မဖြစ်ဘူး။ ဒါဟာ ပြောင်းလဲဖို့အတွက်ပါ။ အင်္ဂလိပ်လူမျိုး ဘူမိဗေဒ ပညာရှင် Charles Robert Darwin  က ပြောင်းလဲမှုတွေကို လက်ခံနိုင်တဲ့လူဟာ အောင်မြင်မှာပဲလို့ ပြောဖူးတယ်။ ဒါ့ကြောင့်လည်း ဘယ် ကိစ္စမဆို ဖွင့်မှပြောင်းလို့ရမယ်ဆိုတာ သဘောပေါက်မိပါတယ်။ အားလုံးကို လည်း ဖွင့်စေချင်တယ်။
    တစ်ဦးထဲသိ၊ တစ်ဦးတည်းတတ်၊ တစ်ဦးထဲနားလည်နေတာဟာ အပိတ်ပါပဲ၊ အဆိပ်ပါပဲ။ ကိုယ်တတ် ထားတဲ့ ပညာနဲ့ ကိုယ်တစ်ဦးတည်း လုပ်စားနေတာဟာ အပိတ်ပါပဲ။ ကိုယ့်အနေနဲ့ နက်နက်ရှိုင်းရှိုင်းပိုမို လေ့လာဆည်းပူးဖို့နဲ့ ပညာရပ်ကို အရောင် တင်ဖန်တီးနိုင်ဖို့ဆိုရင် ကမ္ဘာကိုမျှော်ကြည့်နိုင်ရပါမယ်။ ကိုယ်တတ်တာ၊ သိတာကို ကိုယ် တစ်ယောက်တည်း အသုံးချဖို့ထက် အများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ ခံစားခွင့်၊ အသုံးချခွင့်ရအောင် ချပြနိုင်မှသာ အဖွင့်သဘောဖြစ်ပါ တယ်။ လူတွေမသိသေးတဲ့ အကြောင်းအရာတွေကို သိအောင် ရှင်းလင်းတင်ပြရဲတာဟာလည်း အဖွင့်ပဲဖြစ်ပါတယ်။ ကိုယ်က ဖွင့်ပြ တဲ့အခါ အဲဒီပညာရပ်အပေါ် နားလည်လက်ခံနိုင်တဲ့သူ ပိုမိုများပြား လာပြီး ကိုယ်လည်းတစ်စုံတစ်ရာ အဆင့်တစ်ခုကို ရောက်ရှိနိုင်ပါလိမ့် မယ်။ ပညာရပ်ဆိုင်ရာ စာတမ်းတွေကို တင်ပြကြတဲ့ စာတမ်းရှင်တွေဟာ ပညာရှိတွေပါ။ အဲဒီပညာရှိတွေကို ခဲတံကိုတောင် ဖြောင့်ဖြောင့်မချွန် တတ်တဲ့ သူက ဒါတွေပြောနေတော့ မဆိုင်ရာဆီလူးသလိုများ ဖြစ်နေမလား မသိတော့ပါဘူး။ အဓိက က စေတနာ ပါ။ ဒီစေတနာ ရဲ့ ရောင်ပြန်ဟပ်ချက် ဖြစ်တဲ့ ဒီဆောင်းပါးကိုလဲ သက်ဆိုင် သူတွေ နားလည်နိုင်ကြလိမ့်မယ် ထင်ပါတယ်။
    ပြောချင်တာက ပြောင်းလဲမှုရဲ့ သဘောသဘာဝ၊ အဲဒီပြောင်းလဲမှုများ နဲ့ အတူလိုက်ပါပြောင်းလဲလာတတ် တဲ့ ခေတ်အခြေ အနေတွေကို နားလည်စေချင်တာပါ။ မြန်မာနိုင်ငံရဲ့ ဗိသုကာပညာရပ်များဟာ ခေတ် အဆက်ဆက် ပြောင်းလဲလာ ခဲ့တဲ့ ဖြစ်စဉ် နဲ့ ပြောင်းလဲမှုကို ကိုယ်တိုင် ဆောင်ရွက်ခဲ့ကြတဲ့ ပညာရှင်များရဲ့ အကြောင်းကိုလည်း စာတမ်းရှင် တစ်ဦးရဲ့ စာတမ်းမှာ တွေ့ရပါ တယ်။ Evolutionဆိုတဲ့ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ ဖြစ်စဉ်မှာ မြန်မာ ဗိသုကာများလည်း ပါတယ်ဆိုတာကို အဲဒီမှာ သတိထား မိပါတယ်။
    ဘယ်အရာမဆို ပြောင်းနေရ တယ်။ ရပ်နေလို့၊ ပိတ်နေလို့မရဘူး။ ကိုယ့်အခန်းထဲ တံခါးဂျက်ချပြီး အထီးကျန်နေ နေ လို့မရတာ သေချာတယ်။ တံခါးပိတ်ထားခဲ့ဖူးတဲ့ ဂျပန် နိုင်ငံက 'မင်ဂျီ'ခေတ်နဲ့ ကမ္ဘာအနှံ့ ကူးလူးယှက်နွယ်နေတဲ့ ဒီနေ့ဂျပန်ရဲ့ အခြေအနေကို နှိုင်းယှဉ်လေ့လာရင် အပိတ်သဘောနဲ့ အဖွင့်သဘောရဲ့ ကွာခြားမှုကို သိနိုင်မှာဖြစ်ပါတယ်။
    ကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွားကို ထိခိုက်နစ်နာမှာစိုးတဲ့အတွက် အသေ ပိတ်ထားတာမျိုးဟာ ကိုယ်လည်း အကျိုးမရှိ၊ ကိုယ်နဲ့ပတ်သက်ယှက် နွယ်နေတဲ့သူတွေလည်း အကျိုးမရှိ၊ ဘယ်သူမှ အကျိုးမရှိတဲ့ကိစ္စမျိုးပါ။ ကိုယ်တိုင်က ဘယ်သူနဲ့မှ မထိတွေ့ရလေတော့ ဘယ်မှာကိုယ့်ရဲ့ပညာကို အရောင်တင်ခွင့်ရမလဲ။ ဘယ်မှာတိုးပွားပျံ့နှံ့အောင်လုပ်နိုင်မလဲ။ ကိုယ် တစ်ယောက် တည်းအတွက်ဆိုတာထက် အများအတွက် စဉ်းစားတဲ့သူတွေဟာ အဖွင့်ကို နှစ်ခြိုက်သဘောကျလေ့ ရှိပါတယ်။
    ဒီစာတမ်းဖတ်ပွဲက အပြန်မှာ အတွေးတစ်ခုရခဲ့တယ်။ အလုပ်တစ်ခု ကို လုပ်ကိုင်ဆောင်ရွက်ရာမှာ ဘက်စုံ ထောင့်စုံက ကြည့်တတ်ဖို့၊ ပြောင်းလဲ နေတဲ့ လောကကြီးနဲ့အတူ ပြောင်းလဲမှု တွေကို လက်ခံနိုင်ဖို့ စတာတွေဖြစ်ပါ တယ်။ လူတစ်ယောက် ဒါမှမဟုတ် လုပ်ငန်းရှင်တစ်ယောက်က ရေရှည် အောင်မြင်နိုင်ဖို့ဆိုရင် အပြောင်းအလဲ သဘောကို လက်ခံပါ။ ဖွင့်ပြီး စဉ်းစား လုပ်ကိုင်တတ်ပါစေ။ ကိုယ့်မှာလိုနေ တာတွေရှိလိမ့်မယ်။ လိုနေတာတွေကို ထပ်ဖြည့်ပြီး ပိုမိုပြည့်စုံလာအောင် လုပ်ပါ။
    နောက်ပြီး သိထားတာလောက် နဲ့ တင်းတိမ်ရောင့်ရဲမနေဘဲ ပိုသိအောင် ကြိုးစားနိုင်ရင် ကောင်းပါတယ်။ ကိုယ်တတ်ထားတဲ့ ပညာရပ်လောက်နဲ့ မတင်းတိမ်ဘဲ ဆက်လက်လေ့လာဖို့ လိုပါလိမ့်မယ်။ တစ်ဖက်မှာရှိပြီးသား တွေ လျော့မသွားအောင်လဲ ကျားကန်ထားဖို့လိုလိမ့်မယ်။ ဒီအတွက် အရေးအကြီးဆုံးသတိထားရမှာက အောင် မြင်မှုအပေါ် မိန်းမောမနေဖို့ပါပဲ။ ရှေ့မှာဒါထက် ကြီးမားတဲ့ အောင်မြင်မှု တွေ ရှိနေဦးမယ်။ ဒါအတွက်လေ့လာ သင်ယူရဦးမယ်။ ကြိုးစားရဦးမယ်လို့ ခံယူနေဖို့ပဲ ဖြစ်ပါလိမ့်မယ်။
    ရှေ့တိုးဖို့မေ့ပြီး ရောက်နေတဲ့နေ ရာလောက်မှာတင် ကျောက်ချနေတာ မျိုးဟာ အပိတ်သဘော ဆောင်တာမို့ သင့်မယ်မထင် ဘူး။ ပညာရပ်တစ်ခုမှာ ဖြစ်ဖြစ်၊ လုပ်ငန်းတစ်ခုမှာဖြစ်ဖြစ် ရပ်နေတာဟာ တိုးတက်ဖို့ထက် ဆုတ်ယုတ်ဖို့ ပိုများသွားလိမ့် မယ်။ ရှေ့ကို တိုးမလား၊ တိုးပါ။ ရှေ့မှာ ကိုယ်မထင်တဲ့ အခွင့်အလမ်းတွေ ရှိနေပါလိမ့်မယ်။ ခင်ဗျားရဲ့တိုးတက်မှုကို လက်ကမ်းကြို ဆိုနေပါလိမ့် မယ်။ အကျိုးအကြောင်း အမျိုးမျိုး ကြောင့် ရှေ့တက်ရမှာကိုကြောက် တာ၊ အပိတ်သဘော ကျင့်ကြံနေထိုင်တာမျိုး ဟာ ဆုတ်ယုတ်ပျက်စီးမှုရဲ့ နိဒါန်းပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်ပညာ ရှင်မဆို ဘယ်လုပ်ငန်းရှင်မဆို တံခါးဖွင့်ပြီး အမြဲလှုပ်ရှားနေ ကြရင် ကောင်း ပါတယ်။ ရှေ့ကိုချီတက်နေနိုင်ရင် ကောင်းပါတယ်။ ဘယ်သူမဆို အပိတ်ထက် အဖွင့်ကို တန်ဖိုးထားနိုင် ကြပါစေ။

ထက်ကျော်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.