2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အသစ်ဆိုတိုင်း တကယ်သစ်ရဲ့လား

အသစ်တွေလိုတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ စာပေဟောပြောပွဲ တော် တော်များများမှာ ဟောခဲ့ပြောခဲ့ဖူး တယ်။ တောမှာရော၊ မြို့ မှာရော ဆိုပါ တော့။ ရည်ရွယ်ချက်က လူတွေဟာ အဟောင်းထဲမှာ ကျင်လည်နေကြရ တာကို မကြိုက်ဘူး။ အသစ်ရဲ့ ရင်ခွင် ထဲကို ရောက် ချင်ကြတယ်။ အ ဟောင်းကပေးတဲ့ ဒုက္ခဆင်းရဲတွေကို မလိုချင်တော့ဘူး။ အသစ် ကပေး မယ့် မျှော်လင့်ချက် အိပ်မက်တွေမှာ ပျော် ချင်တယ်။ အားလုံးပဲ တစ်စိတ် တစ်ဝမ်းတည်း အသစ်ကို မျှော်လင့် တောင့်တကြတာကို သိစေချင်လို့ အသစ်တွေလိုတယ်လို့ ပြော ခဲ့တာပါ။
    ဒီတော့ အဟောင်းဆိုတာက ဘာ၊ အသစ်ဆိုတာက ဘာဆိုတာကို သိဖို့လိုလိမ့်မယ်။ အဟောင်းနဲ့အသစ် ကို နှိုင်းယှဉ်ပြ ရလိမ့် မယ်။ အဟောင်းကို ခေါင်းယမ်းပြီး အသစ်ကို လက်ယက်ခေါ်နေကြတဲ့လူတွေကလည်း တကယ်မသစ်ဘဲ သစ် ချင်ယောင်ဆောင် တတ်ကြတယ်။ အဲဒီအ ဟောင်းတွေက အသစ်ကလေးတွေ ပုံစံမျိုးနဲ့ ဟန်ဆောင်တတ်ကြတယ်။ ပကတိ အနေ အထားက အဟောင်း ပေမယ့် အများက တစ်သစ်တည်းသစ်နေ လေတော့ သူတို့လည်း အသစ်ပါပဲလို့ မရှက်မကြောက်ပြောဆိုတတ်ကြတယ်။
    တချို့က အဟောင်းရဲ့ ဥခွံထဲမှာ သူတို့အကျိုးစီးပွားအတွက် ပျော်ပျော် ကြီးနေထိုင်ခဲ့ပေမယ့် ပတ်ဝန်းကျင်မှာ အသံတွေက အသစ်အသစ်တွေ ဖြစ် နေလေတော့ သူလည်းသစ်မှဖြစ်မယ် ဆိုပြီး အလျင်စလို သစ်လိုက်ကြရ တယ်။ ဘဝဘယ်လိုသစ်မယ်၊ အကျင့်စရိုက်ကို ဘယ်လိုသစ်မယ်၊ အများကောင်းကျိုးလုပ်ဆောင်ဖို့အတွက် ဘယ်လိုသစ်မယ်ဆိုတာကို မစဉ်းစား၊ မလုပ်ကိုင်ဘဲ ပါးစပ်ကသာ အသစ် အသစ်လုပ်နေကြတယ်။ အရက် သမားဖိုးတုတ်ကြီးကလည်း ဖိုးတုတ် ကြီးအသစ်၊ ချက်ပေါ်တဲ့ ဂွက်ထော် ကလည်း ဂွက်ထော်အသစ်တဲ့။ ခက်ဖူးလား။
    အသစ်ဆိုတာ မဟောင်းတာကို အသစ်လို့ခေါ်တာပါ။ လူဟောင်း၊ စိတ်ဟောင်း၊ အကျင့်စရိုက်ဟောင်း၊ အပြုအမူဟောင်းတွေနဲ့ အသစ်မဖြစ် နိုင်ပါဘူး။ အသစ်ကို မြန်မာအဘိဓာန် များမှာ ဒီလိုတွေ့ဖူးတယ်။ အသစ်ဆို တာ နာမ်ဖြစ်ပါတယ်။ အဓိပ္ပါယ်ဖွင့် ဆိုချက် ကတော့ အရင်ကမကြုံဖူး သေးတဲ့ရာ၊ အရင်ကမဖြစ်ပေါ်ဖူး သေးတဲ့အရာ၊ အသုံးမပြုရသေးတဲ့ အရာ၊ မဟောင်းသေး တဲ့အရာ၊ မျှော် မှန်းလုပ်ကိုင်နေတဲ့ အရာတွေဟာ အသစ်တွေပါပဲတဲ့။
    အင်္ဂလိပ်အဘိဓာန်မှာတော့ အသစ်ကို Having only just happend been (build, made, bought) only just discovered. Changed just arrived. Famgled (things, ideas)  စသဖြင့် တွေ့ရပါ တယ်။ ဒါတွေကို ချဲ့ကားစဉ်းစားရင် တော့ အများကြီးရနိုင်ပါတယ်။ အသစ်ဆိုတာ အများနားလည်သလို လွယ်လွယ်ကူကူတော့ ဟုတ်မယ် မထင်ဘူး။ အသစ်ဘဝကိုရောက်ဖို့၊ အသစ်ကိုလက်ခံရရှိဖို့ဆိုတာ အင် မတန်ခက်ပါတယ်။
    တချို့က ပါးစပ်ကအသစ်ဖြစ် နေပေမယ့် စိတ်ကတော့ အဟောင်း ထဲမှာပဲ နစ်မြှုပ်နေတတ်တယ်။ ဘာ ကြောင့်လဲဆိုတော့ အဟောင်းက သူရဲ့အကျိုးစီးပွားကို အထောက်အကူဖြစ် နေတာကြောင့်ပဲဖြစ်ပါတယ်။ အဟောင်းနဲ့ ချမ်းသာကြွယ်ဝပြီး စိတ် ချမ်းသာ ကိုယ်ချမ်းသာဖြစ်နေရတဲ့ လူတွေက အသစ်ဆိုတာကို ပါးစပ်က ဟန်ဆောင်ထောက်ခံနေပေမယ့် အသစ်အတွ က ပေးဆပ် ရမယ့်ကိစ္စ တွေကိုတော့ စိတ်ရောကိုယ်ရော ပါဝင်နိုင်ဖို့တော့ ခက်လိမ့်မယ်။
    အများက အသစ်လိုချင်ကြ တယ်။ တချို့ကတော့ မလိုချင်ဘူး။ ဒါပေမယ့်မလိုချင်တဲ့သူက အနည်းစု ဖြစ်နေတော့ မလိုချင် တာကို လိုချင် သယောင်ပြောနေကြတာမျိုးရှိတယ်။ သံဃာအား ဘုရားမလွန်ဆန်နိုင် ဆိုသလို အများကလိုချင်တာကို သူကလည်း လိုချင်သယောင် ဟန် ဆောင်ကြတာပါ။ ဟာသလေးတစ် ပုဒ်ကြားဖူးတယ်။ အများစုလည်း ကြားဖူးကြမှာပါ။ လမ်းဗိုလ်သားအဖ ပုံပြင်ဖြစ်ပါတယ်။
    အရင်တုန်းက တိုင်းပြည်တစ် ပြည်က မြို့ကြီးတစ်မြို့မှာ လမ်းဗိုလ် တစ်ယောက်ရှိတယ်။ လမ်းဗိုလ်ဆို တော့ အဲဒီမြို့က လမ်းတွေ၊ တံတား တွေ၊ ပလက်ဖောင်းတွေ၊ ရေမြောင်း တွေ ကောင်းအောင်ပြုပြင်ထိန်းသိမ်းဖို့ တာဝန်ရှိတာပေါ့။ အဲဒီလမ်းဗိုလ် ကြီးရဲ့တာဝန်ပေါ့။ အဲဒီမြို့မှာက အဲဒီလမ်း ဗိုလ်ကြီးလက်ထက်မှာ လမ်းက လည်းမကောင်း၊ တံတားကလည်း အကျိုးအပျက်၊ ပလက်ဖောင်းတွေ ကလည်း ကြွက်ဖောက်ထားလို့ နိမ့်မြင့် မညီမညာ၊ ရေမြောင်းတွေကလည်း အမြဲပဲပိတ်ဆို့နေတတ်တယ်။ မိုးရွာ ရင် လမ်းပေါ်မှာ ရေတွေချည်းပဲဆို တော့ လှေလှော်လို့တောင်ရတယ်။
    ဒါဟာ တစ်နှစ်လည်းမဟုတ်၊ နှစ်နှစ်လည်းမဟုတ် နှစ်ကာလအရှည် ကြီးပါပဲ။ ဘယ်လောက်ရှည်သလဲ ဆိုရင် အဲဒီ လမ်းဗိုလ်ကြီးရဲ့ တစ်ဦး တည်းသောသားကလေး မူလတန်း ကျောင်းသားဘဝကနေ လမ်းဗိုလ် ပေါက်စကလေးဖြစ်လာတဲ့အထိပဲတဲ့။ လမ်းဗိုလ်ပေါက်စဟာ ကံကောင်းစွာ ပဲ သူ့မြို့မှာ သူ့အဖေလမ်းဗိုလ်ကြီးရဲ့ လက်ထောက်အဖြစ် အမှုထမ်းခွင့်ရ တယ်။ လူသစ် ဆိုတော့ အစွမ်းပြချင်တာနဲ့လုပ်စရာရှိတာတွေကို လုပ်ပြ တော့တယ်။ ဒီတော့မကြာခင်မှာပဲ အဲဒီမြို့က လမ်းတွေ၊ တံတားတွေ၊ ပလက်ဖောင်းတွေ အားလုံးလောက် နီးနီး ကောင်းသွားတယ်ဆိုပါတော့။
    ဒါနဲ့ သားတော်မောင် လမ်းဗိုလ် အသစ်ကလေးက သူ့အဖေလမ်းဗိုလ် ဟောင်းကြီးကို လက်မထောင်ပြီးြ<ွကားတော့တာပေါ့။ သူလမ်းဗိုလ်ဖြစ်မှ တစ်သက်လုံးက မကောင်းခဲ့တာတွေ ဟာ ကောင်းသွားတယ်။ အဟောင်း တွေက အသစ်ဖြစ်သွားတယ်ပေါ့။ ဒီအခါမှာ သူ့အဖေလမ်းဗိုလ်ဟောင်း ကြီးက အံ့သြထိတ်လန့်စွာနဲ့ သူ့နဖူး ကို သူ့လက်ဝါးနဲ့ရိုက်ပြီး ဒီလိုပြော သတဲ့။ ''မိုက်လိုက်တဲ့ ငါ့သားရယ်၊ အဲဒီလမ်းဟောင်းတွေ၊ တံတား ဟောင်းတွေ၊ ရေနုတ်မြောင်းအဟောင်း တွေနဲ့ မင်းကိုလမ်းဗိုလ်ဖြစ်အောင် ငါလုပ် ခဲ့ရတာကွ''တဲ့။ စဉ်းစားစရာ ပါ။
    အဟောင်းထဲမှာ ကျင်လည် ကျက်စားရင်း အဟောင်းနဲ့ကိုယ်ကျိုး ရှာလာကြတဲ့ လူတွေရဲ့စရိုက်သဘာဝ ကို အဲဒီဟာသ ပုံပြင်လေးမှာ တွေ့ရမှာ ဖြစ်ပါတယ်။
    အသစ်ဆိုတာ အဟောင်းထဲက ပေါက်ဖွားလာတာမှန်ပါတယ်။ အဟောင်းကို မနှစ်သက်လို့ ပိုမို ကောင်းမွန်အောင်ကြိုးစားကြရင်း အသစ်တွေ ရရှိခံစားလာရတာကို ငြင်းဆိုစရာရှိမယ်မထင်ပါဘူး။ အဟောင်းနဲ့သာ ကျေနပ်ကြရင် လူသားကမ္ဘာကြီး ဟာ ကျောက်ဂူ များ ထဲကနေ ခေါင်းပြူနိုင်မှာမဟုတ်ပါ ဘူး။ ကမ္ဘာသစ်တွေကို ရှာကြ၊ ပစ္စည်းသစ်တွေကို ထုတ်လုပ်ကြ၊ နည်းပညာသစ်၊ အတွေး သစ်တွေကို စူးစမ်းဖော်ထုတ်ကြလို့သာ ကမ္ဘာကြီး ဟာ နေချင့်စဖွယ်ကမ္ဘာကြီးဖြစ်လာ တာပါ။ ဒါကိုအားလုံးပဲ လက်ခံနိုင်ကြ မယ် ထင်ပါတယ်။
    အရေးကြီးတာက အသစ်တွေ ကိုလိုချင်တယ်။ အသစ်တွေဖြစ်အောင် ကြိုးစားနေကြတယ်ဆိုပေမယ့် ကိုယ် ဖန်တီး တည်ဆောက်နေတဲ့ အသစ် ဆိုတာဟာ တကယ်သစ်ရဲ့လားဆို တာတော့ စဉ်းစားဖို့လိုလိမ့်မယ်။ တကယ်မသစ်ဘဲ အသစ်လို့ ထင်နေတာ၊ အဟောင်းကိုအသစ်ဖြစ်အောင် ကြေညာနေတာတွေဟာ ကောင်းတဲ့ ကိစ္စတော့မဟုတ်ဘူး။ စကားရိုင်းရိုင်း ပြောရရင် ခုံဖိနပ်စုတ်ကို ဆေးသုတ် နေသလိုပဲ ဖြစ်လိမ့်မယ်။
    ကိုယ်ကအသစ်လား၊ အသစ်ကို တကယ်ယုံယုံကြည်ကြည် လက်ခံ တဲ့လူလား၊ အများအထင်ကြီးအောင် ဘုရှားရှိခိုးပြနေ တာလား။ ကိုယ့်ကိုယ် ကို အသိဆုံးပဲဖြစ်ပါလိမ့်မယ်။ လိုချင်တာကရေမရောတဲ့အသစ်၊ ကျန်းမာရေးကောင်းနေတဲ့ ဒေါင်ဒေါင်မြည် အသစ် ဖြစ်ပါတယ်။

ထက်ကျော်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.