2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ကြော်ငြာများသည် သတင်းဖြစ်လေသည်

စာနယ်ဇင်းများ၌ ကြော်ငြာသည် အရေးပါသော ကဏ္ဍတစ်ခုဖြစ်သည်။ ဟိုတစ်ခေတ်က သတင်းစာများစွာ ထွက်ရှိခဲ့ရာ ကြော်ငြာကို အားကိုးပြီး ထုတ်သော သတင်းစာများက အများစုဖြစ်သည်။ ကြော်ငြာခရမှ စက္ကူဖိုးရသည်။ သတင်းစာရိုက်နှိပ် ထုတ်ဝေနိုင်မည့် အနေအထားဖြစ်သည်။
    အယ်ဒီတာ သတင်းထောက်တို့ လစာသည်လည်း ကြော်ငြာအပေါ်မှာ အမှီသဟဲပြုနေကြရသည်။ ကြော်ငြာ များတွင် သံရုံး များက ကြော်ငြာသည် စို့စို့ပို့ပို့ရတတ်သည်။ ထို့နောက် ကုမ္ပ ဏီကြော်ငြာများဖြစ်သည်။ လူထုစီး ကရက်၊ ရွှေကျီးနိုင်လွန်၊ ဦးသော် ပန်းကန်မျိုးလို ကြော်ငြာကြီးများရှိသည်။ ပုဂ္ဂလိက ကြော်ငြာအလတ်စား၊ အသေးစားများကိုလည်း ပစ်ပယ်လို့ မရ။
    သတင်းစာကြော်ငြာနှင့် ပတ် သက်၍ ဟာသတစ်ခုရှိခဲ့ဖူး၏။ အမျိုး သမီးကြီးတစ်ဦးက သူ့အချစ်တော် ခွေးကလေးပျောက်သွား၍ သတင်းစာ တိုက်ကို ကြော်ငြာလာထည့်သည်။ ခွေးကလေးတွေ့၍ လာရောက်ပေး အပ်သူအား ဆုငွေကောင်းကောင်းပေး မည် ဟုကြော်ငြာထားသည်။ ကြော်ငြာထည့်ပြီး နောက်တစ်နေ့တွင် ခွေးကလေးသူ့ဟာသူ အိမ်ပြန်ရောက်လာသည်။ ခွေးရှင် ကကြော်ငြာကို ဆက်မ ထည့်ဘဲ ရပ်ဆိုင်းဖို့ပြောကြားရန် သတင်းစာတိုက်သို့လာသည်။ သတင်း စာတိုက်သို့ရောက်သောအခါ အစောင့် လူငယ်တစ်ဦးကလွဲ၍ တစ်ယောက်မျှ မရှိ။ အယ်ဒီတာများပါ ခွေးပျောက်ရှာ ထွက်ကြသည်ဟူ၏။
    သတင်းစာများ ကြော်ငြာကို အားကိုးကြရပုံ သရုပ်ဖော်ချက် ဖြစ် သည်။ သတင်းစာဖတ်ပရိသတ်သည် သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ အာဘော်တို့ကို ဖတ်သလို ကြော်ငြာ ကိုလည်းဖတ်ကြသည်။ စာအုပ်စာပေ ကြော်ငြာ၊ အဝတ်အထည်ကြော်ငြာ၊ အလှ ကုန်ကြော်ငြာ၊ အစားအသောက် ကြော်ငြာများကို စိတ်ဝင်စားကြသည်။
    ကြော်ငြာကို စိတ်ဝင်စားစရာ ဖြစ်အောင် ကြော်ငြာနိုင်ရေးမှာလည်း အနုပညာသဘောဆောင်သည်။ ကြော် ငြာကို သိလွယ် မှတ်လွယ် စိတ်ဝင်စား ဖွယ်ဖြစ်အောင် ကြော်ငြာတတ်ရမည်။ စားရေးဆရာကြီး သိန်းဖေမြင့်သည် ကြော်ငြာကို ထိမိစွာရေးနိုင်သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။
    တစ်ခေတ်က ဒီဇူဇာ ဆေး တိုက်သည် နာမည်ကြီးဆေးအရောင်း ဆိုင်ကြီးဖြစ်သည်။ ဤသည်ကို ဆရာ သိန်းဖေမြင့်က တိုတိုနှင့် လိုရင်းထိမိ အောင် ကြော်ငြာပေးခဲ့သည်။
    ဆေးဝယ်ရင် ဒီဇူဇာမှာ စိတ်ချ ရတယ်တဲ့။ လူတိုင်းမှတ်မိလွယ် သည်။ သဘောပေါက်သည်။ တစ်ဖန် ဖဆပလခေတ်က ဗိုလ် လက်ျာက ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ပြီး ပင်လယ်ငါးများရောင်းချ ရာ ဆရာသိန်းဖေမြင့်က ကြော်ငြာ ရေးပေးသည်။
    ခေတ်မီသူတိုင်း ပင်လယ်ငါးစား ကြသည်ဆိုသော ကြော်ငြာစာသား ဖြစ်၏။ ထိုကြော်ငြာစာတန်းများ ရေးပေးသဖြင့် ထိုက်တန်သောဥာဏ် ပူဇော်ခရရှိသည်ဟု ဆရာကပြောပြ ဖူးသည်။
    ကျွန်တော်သည် ၁၉၈၅ ခုနှစ်က အငြိမ်းစားယူပြီးနောက် မိတ်ဆွေအချို့ နှင့် ပန်းချီပန်းပုကောင်စီမှ မဂ္ဂဇင်းကို ငှားရမ်း ထုတ်ဝေရာတွင် ပါဝင်ခဲ့သည်။ အောင်မြင်သော မဂ္ဂဇင်းတစ်စောင် မဖြစ်သေးရာ ကြော်ငြာရရှိရန်လိုသည်။ ယခင်က သိကျွမ်းပြီး ရုပ်ရှင်ကုမ္ပဏီ အချို့မှ ကြော်ငြာရသည်။ ၃၁ လမ်းရှိ ကြော်ငြာကိုယ်စားလှယ်ကြီးတစ်ဦးထံ မှလည်း ကြော်ငြာတောင်းခံရသည်။ ထိုအခါတွင် အယ်ဒီတာတစ်ပိုင်း ကြော်ငြာသမားတစ်ပိုင်းဖြစ်ခဲ့ရ လေသည်။
  ကျွန်တော်သည်ဆရာသိန်းဖေမြင့်ကိုအားကျကာ ဆေးလ်ဘားကုမ္ပဏီမှဆေးလ်ဘားလိုက်မီးချောင်းများ အတွက်ကြော်ငြာရေးပေး ဖူးသည်။ ငွေရောင်အလင်းဖြန့်ဖြူးခြင်း ဟု ရေး ပေးရာ Óဏ်ပူဇော်ခ ကျပ် ၁ဝဝဝ ရခဲ့ဖူးသည်။ ကြော်ငြာသည် မှတ်ရ လွယ်ရမယ်။ ရင်ထဲစွဲစေရမည်။
    ယခုအခါ ကြော်ငြာအချို့မှာ စွဲငြိ စရာမကောင်းပေ။ ဘာနှင့်မှ သေချာ သွားပြီဆိုတာ ဘာသေချာမှန်းမသိရ။ ပုံကိုကြည့်တောမှ သွားတိုက်ဆေးဖြစ် နေသည်။ ဖြူစင်သန့်ရှင်း သွားကျန်း မာခြင်း စသည်ဖြင့် ကြော်ငြာသင့်၏။
    လက်ဖက်ရည်ကြော်ငြာတစ်ခု ဟု ထင်သည်။ တစ်ထုပ်မှ ၉၉ ကျပ် တဲ့။ ၁ဝဝ မပြည့်။ တစ်ကျပ် သက် သာသည်။ ယနေ့ခေတ်ကာလတွင် ငွေတစ်ကျပ်သည် ဘာမျှအရာမ ရောက်။ ဘဝင်မကျချင်စရာဖြစ်ရ သည်။ နိုင်ငံခြားမှာက ပစ္စည်းတစ်ခု ကို ၉၉ သျှီလင်ဟု ကြော်ငြာတာမျိုး တွေ့ဖူးသည်။ သူတို့ဆီမှာ တစ်သျှီ လင်မှာ လွန်စွာတန်ဖိုးရှိသည်။ ဒါကို ခွဲခြားနားလည်သင့်သည်။ အခြေအနေ ချင်းမတူဘဲ အတုယူခြင်းသည် မကောင်းပါ။
    ယခုအခါ လွယ်ကူစွာ ကြည့် စရာရုပ်မြင်သံကြားစက်များ ပေါ် ပေါက်နေရာ စာသားကို အားမကိုးဘဲ လူငယ်သရုပ်ဆောင်တို့၏ ဝတ်စား ဆင်ယင်မှုကို၊ အလှအပအဖော်အပြကို အားကိုးသည့် ကြော်ငြာများတွေ့မြင် နေရသည်။ သရုပ်ဆောင်တို့၏ လှုပ် ရှားမှုကြားမှာ ဘာပစ္စည်းကြော်ငြာသွား မှန်းပင်မသိလိုက်ရသော ကြော်ငြာတွေ တွေ့နေရလေသည်။
    ကုန်ပစ္စည်းအနေဖြင့် အောင်မြင် သည်၊ မအောင်မြင်သည်ကို မသိရ သော်လည်း သရုပ်ဆောင်တို့၏ သရုပ် ဆောင်မှုကို ပရိသတ်က ကြိုက်သဖြင့် သရုပ်ဆောင်သာ အမြတ်ရသွားတော့ ၏။ ယနေ့ကြော်ငြာခေတ်ဟု ဆိုရ လောက်အောင် စာနယ်ဇင်းများ ၌ ကြော်ငြာများတွေ့နေရလေသည်။ စာသားကြော်ငြာများမဟုတ်ဘဲ ရုပ်ရှင် ဂီတသရုပ်ဆောင်တို့၏ လှုပ်ရှားမှု ကြော်ငြာတွေသာ ဖုံးလွှမ်းနေသည်။
    လွန်ခဲ့သော နှစ် ၄ဝ ကျော်က မီးဖိုပျက်ရင် ကျွန်တော်အားကြီး စိတ် ဆိုးတယ်။ ကျွန်တော့်ကိုခိုင်းပါ စသော ကြော်ငြာများကို သိမီသူတိုင်း မှတ်မိဆဲရှိ၏။
    ယခုခေတ် စာနယ်ဇင်းများ၌ လူပုံကြီးကြီးနှင့် ကြော်ငြာကြီးများကို သာ တွေ့နေရသည်။ ကြော်ငြာရ သော စာနယ်ဇင်းတို့အဖို့ မျက်မျက် ကလေးရှိမည်သာဖြစ်သည်။ ကြော်ငြာ စိတ်ဝင်စားသောသူများအဖို့ စွဲငြိစရာ ပြောရအောင်မရှိပေ။
    ကျွန်တော်သည် မိတ်ဆွေ အယ်ဒီတာတို့ကောင်းမှုဖြင့် ဆောင်း ပါး အတိုအထွာများ ရေးခွင့်ရနေ သည်။ ဈေးကွက်ဂျာနယ် မှာလည်းရေးဖြစ်နေသည်။ ဈေးကွက်ဂျာနယ် က ကြော်ငြာတွေ သိပ်များတာပဲဗျာဟု တချို့က ဝေဖန်ကြသည်။ ကျွန်တော် က ကြော်ငြာများသည်ပင် ဖတ်စရာဟု မြင်မိလေသည်။ အဘယ်ကြောင့် ဆိုလျှင် ကြော်ငြာများသည်ပင် သတင်းဖြစ်နေသောကြောင့်တည်း။
    ဈေးကွက်ဂျာနယ်မှာ စာအုပ် ကြော်ငြာ၊ ကုန်ပစ္စည်းမျိုးစုံကြော်ငြာ တွေပါသည်။ အထူးသဖြင့် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း အရောင်း အငှားကြော်ငြာတွေများသည်။ မြို့နယ်အစုံတောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ ၊ တောင်မြောက် ဒဂုံမြို့နယ်၊ သာကေ တ၊ သန်လျင်စသော ရန်ကုန်တိုင်း မြို့နယ်များ၏ မြေအရောင်းအဝယ်၊ အိမ်အရောင်း အဝယ်၊ တိုက်ခန်း ၊ အလုပ်ရုံ၊ စက်ရုံ အရောင်းအဝယ် ကြော်ငြာများမှာ စိတ်ဝင်စားစရာပင်။
    ကျွန်တော်သည် ဈေးကွက်ဂျာ နယ်မှ ဆောင်းပါးများဖတ်ရုံမက၊ ကြော်ငြာများကိုပါဖတ်သည်။ စေ့စေ့ စပ်စပ်ဖတ်ဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းသောကြောင့်ဖြစ်သည်။ မိမိတို့ မြို့နယ်မှာ အိမ်ဈေးဘယ်ဈေးရှိသည်။ အခြားခပ်ဝေးဝေးမြို့နယ်မှာ ဘယ်ဈေး ဖြစ်နေသည်ကို သိရသည်။ ဤသည် ပင် သတင်းဖြစ်၏။
    လွန်ခဲ့သော ၁၉၇၅ ခုနှစ်က ယခုလက်ရှိ နေအိမ်ကို ရောက်ရှိလာ ခဲ့သည်။ ပေ ၂ဝ x ၆ဝ လေးတိုင်စင် နှင့် အိမ်၊ ဓနိမိုးဝါးထရံ ကာနှင့် ဖြစ်သည်။ ကျပ် ၄၅ဝဝ ပေးရသည်။ ထိုစဉ်က ရွှေဈေးကလည်း ၂၅ဝ-၃ဝဝ နီးပါးသာရှိသည်။ သို့ဖြစ်ရာ၊ ယခုအခါကျပ် သိန်း ၄ဝဝ-၅ဝဝ အိမ် များသည် တစ်ခေတ်က သောင်း ဂဏန်းအများဆုံးဖြစ်ခဲ့သည်။
    မြို့ပြသမိုင်းအခြေခံ အကြောင်း အချက်များဖြစ်သော အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို ကြည့်ရသည်မှာ စိတ် ဝင်စားစရာပင်။ သတင်းစာများသည် သမိုင်းကို ပြောပြနေသည်ဟု ဆရာ လူထုဦးလှရေးသားသကဲ့သို့ အိမ်၊ ခြံ၊ မြေ ကြော်ငြာများကလည်း လူမှုဘဝ ကို ပြောပြနေသည်မဟုတ်ပါလော။
    အိမ်၊ ခြံ၊ မြေ ကြော်ငြာသာ မဟုတ်။ အခြားအခြားသော ကြော်ငြာ များမှာလည်း ဖတ်စရာ၊ မှတ်စရာပင် ဖြစ်၏။ ထို့ကြောင့် ကြော်ငြာများသည် သတင်းဖြစ်လေသည်ဟု ကျွန်တော် ဆိုလိုက်ခြင်းဖြစ်ပါသည်။

မြတ်ဆွေ
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.