2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
လူချင်းတော့ အတူတူ

တစ်ချိန်။ ယဉ်ကျေးမှုများ မရှိ သည့်ကာလ။ ဘာသာတရားများ ပေါ် ပေါက်မလာသေးမီအချိန်က လူဟု အမည်သတ်မှတ်ရမည့် သတ္တဝါများ သည် တစ်ဦးနှင့်တစ်ဦး အစားအစာ ရရှိရေးအတွက် တစ်ဦးနှင့်တစ်ဦး ထိုးနှက်တိုက်ခိုက်ကြသည်။ လူရိုင်း များဟု သမိုင်းမှတ်တမ်းများကဆို သည်။

    နေပူရှိန်ကို မခံနိုင်၍ အရိပ် တစ်ခုရှာသည်။ အရိပ်အောက်၌ နေရ သည်မှာ နေပူသက်သာသည်။ လေ တိုက်လျှင် အကာ အကွယ်တစ်နေရာ ရှာသည်။ မိုးရွာသည့်အခါ မိုးရေနှင့် လွတ်ကင်းရာရှာသည်။ ထိုနေရာတစ် ခုရရန်မနည်းရှာရသည်။ ထိုနေရာ မျိုး တွေ့သည်နှင့် မိမိနေရာဟု သတ်မှတ် သည်။ ထိုနေရာကို လုသူကို မိမိ တိုက်ခိုက်ရမည်။

    မိမိသက်သောင့်သက်သာ နေရ ရေးသည် အဓိက။ လုံခြုံရေးသည် အဓိက။ မိမိကို ဗဟိုပြု၍ ပြုမူနေ ထိုင်သည်ဟု ဆိုရမည်။ အလွန် ကျဉ်းမြောင်းသော အမြင်ဟု နှောင်း လူများ၊ ယနေ့ခေတ်လူများက မှတ် တမ်းတင်ပြောဆိုကြမည်။ လူရိုင်း အဆင့်ဟု သတ်မှတ်ကြမည်။ လူ့ သမိုင်းအစကာလကဖြစ်ပါ၏။

    ယနေ့လူများသည် ယဉ်ကျေး သောခေတ်၊ နည်းပညာခေတ်၊ ဖွံ့ဖြိုး သောခေတ်၌ နေထိုင်ပြုမူကြသည်။ တစ်ချိန် လူ့မူလအစက လူများနှင့် ယနေ့လူများသည် လားလားမှမတူ။ လူရိုင်းနှင့် လူ့ယဉ်ကျေးဟု ခွဲခြား သတ်မှတ်လိုကြမည်။ မိမိတို့၏ အဆင့်ကို မြင့်မားသည်ဟု သတ်မှတ် ထားကြသည်။

    ယနေ့လူများသည်လည်း မိမိတို့ နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ပစ္စည်းကို လာထိသူ၊ လုယူသူများကို ပြန်လည် တိုက်ခိုက်နေ ကြသည်မှာ မမြင်ချင်၊ မကြားချင်အဆုံး။ နိုင်ငံကြီးကလည်း ထိုသို့။ နိုင်ငံငယ်ကလည်း ထိုသို့။ နောက်ဆုံးမိမိတို့လူမျိုးအချင်းချင်းပင် ယခင်လူရိုင်းများအချိန်ကကဲ့သို့ တိုက် ခိုက်ကြလျက်ရှိသည်။

    ဤမြေပေါ်၌ လူဟု၍ ပေါ် ပေါက်လာသည်မှာ မှတ်တမ်းများအရ နှစ်သန်းနှင့်ချီ၍ ရှိနေပြီဖြစ်သည်။ လူဖြူ၊ လူမည်း၊ လူဝါဟူ၍ ကွဲပြား သည်။ ပထဝီဝင်၊ ရာသီဥတု၊ စား သောက်နေထိုင်မှုအရ အနည်းငယ် သာကွာခြားမည်။ ရှေးယခင်က လူ၊ သမိုင်းဦးကလူနှင့် ယနေ့လူ၏ အမူ အကျင့်ကား အတူတူပင်။

    ယဉ်ကျေးသောလူနှင့်၊ ယဉ် ကျေးမှုမရှိသောလူ၊ ပညာတတ်ပါ သည်ဆိုသောလူနှင့်၊ ပညာဆိုသည်ကို ပင် မသိသောလူ၊ ရုပ်ဝတ္ထုများပိုင် ဆိုင်သည့်လူနှင့်၊ ဘာတစ်ခုမျှ မရှိ သည့် လူတို့သည် အမှန်တကယ်၌ မည်သို့မှ ခွဲခြား၍မရနိုင်သည့် အနေ အထားသို့ရောက်နေသည်ဟု ဆိုရပေ တော့မည်။

    ဂျူးလူမျိုးများကို မီးလောင် တိုက်သွင်းခဲ့သော ဂျာမန်လူမျိုး ဟစ်တလာကဲ့သို့သော လူကို လူ ကောင်းဟု မည်သူကမျှ မသတ်မှတ်။ လူဆိုးစာရင်းဝင်ဖြစ်သွား၏။ ဟစ်တ လာကမှ မိမိနှင့်လူမျိုးမတူသူများကို သတ်ဖြတ်ခြင်းဖြစ်သည်။ ဆိုဗီယက်မှ စတာလင်၊ အီရတ်မှ ဆာဒမ်၊ လစ်ဗျားမှ ကဒါဖီ၊ ယခု ဆီးရီးယားမှ အာဆဒ်တို့သည် မိမိတို့နိုင်ငံသူ နိုင်ငံ သား အချင်းချင်းကို သတ်ဖြတ်ခဲ့ကြ သည်။

    လူ့သမိုင်းအစ မိမိရရှိထားသော နေပူလွတ်ရာ၊ လေတိုက်ခြင်းမှ ဝေးရာ၊ မိုးရေမရောက်ရာ နေရာလေး တစ်နေရာကို လာလုသူမှန်သမျှ မိမိရန်သူ၊ ပြန်တိုက်ခိုက်ရမည်။ ဤ နေရာတော့ မပေးနိုင်ဟူသော သဘော ထားပင်ဖြစ်ပေမည်။ လူ့သမိုင်းအစမှ လူများနှင့် ယနေ့မိမိတို့ကိုယ်တိုင် ဖြစ်နေသော လူသားသည် မည်သို့မှ ခွဲခြား၍မရတော့ပေ။

    ယဉ်ကျေးခြင်းဆိုသည်မှာ ဆင် ခြေပေးတတ်ခြင်းဟု သတ်မှတ်ရ မည်လား။ ပညာတတ်ခြင်းဆိုသည် မှာ ကြောင်းကျိုး ရှာပြောတတ်ခြင်းဟု ခေါ်တွင်ရမည်လား။ နိုင်ငံကြီးသား ဆိုသည်မှာ သိုင်းကာ၊ ဝိုင်းကာ၊ စကားများ ဝေါဟာရများသုံး၍ လိုရင်းမရောက်သော အသံများထွက် နေသူဟု ယူဆရမည်လား။

    နောက်ဆုံး လူချင်းအတူတူဆို သည့်စကားသည် ဇာစ်မြစ်အမှန်ပင် ဖြစ်ပါ၏။ ကျောက်ဂူအတွင်း၌ အဝတ်အစားမရှိနေသောလူနှင့် ယနေ့ လူသည် အမူအကျင့်၊ စိတ်ထားက အစ အတူတူဟုဆိုလျှင် လက်ခံကြပါ မည်လား။

မောင်ဈေးကွက်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.