2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
မြေစိုင်ခဲတွေ ခါချပါ

မကြာခင်က စာအုပ်ဟောင်း တစ်ခုထဲမှ ပုံပြင်တစ်ပုဒ်ကို ပြန်ဖတ် မိသည်။ ပုံပြင်ကလေးမှာ ဤသို့ဖြစ် ပါသည်။
    တစ်ခါက လယ်သမားတစ်ဦး မှာ မြည်းတစ်ကောင်ရှိသည်။ တစ်နေ့ တွင် သူ့မြည်းအန္တရာယ်ကြုံသည့်အခါ ထိတ်လန့်ကြောက်ရွံ့ ၍ အော်ညည်း သောအသံမျိုးကို လယ်သမားကြားရ သည်။ သူ့မြည်းသည် ရေတွင်း ဟောင်းထဲသို့ ကျလေပြီဟု လယ် သမားသိ လိုက်လေသည်။
    မြည်းသည် သေဘေးကို ကြောက်သည်ဖြစ်၍ အဆက်မပြတ် အော်ညည်းနေရာ နားမခံသာဖွယ်ဖြစ် သည်။ လယ်သမားသည် ဤမြည်း သည်လည်း ဒုက္ခခံ ကယ်လောက် အောင် အဖိုးမတန်၊ ရေတွင်းအိုကို လည်း နှမြောနေဖွယ်မရှိဟု ဆုံးဖြတ် ကာ လယ်နား နီးချင်းအား အကျိုး အကြောင်းပြောပြ၍ အကူအညီ တောင်းသည်။
    လယ်နားနီးချင်းများလည်း ကူညီရန်သဘောတူကြသည်။ လယ် သမားနှင့် လယ်နားနီးချင်းများ သည် မြည်းကိုရေတွင်း ထဲမှာ ပင် မြေဖြင့်ဖို့၍ သတ်လိုက်ကြရန် ပြင်ဆင်ပြီး မြေပြင် ပေါ်မှနေ၍ ရေစိုင်ခဲများကို မြည်း အပေါ်သို့ ပစ်ချကြ၏။
    မြည်းသည် ကြောက်ကြောက် လန့်လန့်ဖြင့် ကျောပေါ်သို့ ကျလာသော မြေစိုင်ခဲများကို ခါ၍ချသည်။ မြေစိုင် ခဲများအောက်သို့ ကျသွားကြ၏။ ကျသွားသော မြေစိုင်ခဲပေါ် မြည်းက သူ့ကိုယ်ကိုရွှေ့၍ တက်၏။ အနည်း ငယ်မြင့်တက်လာမှန်းသိရာ မြည်း သည် ကျောပေါ်ကျလာသော မြေစိုင် ခဲများကို ခါခါချသွားလျှင် အကျိုးရှိ နိုင်ကြောင်း တွေးမိလေသည်။
    ဤသို့ဖြင့် မြည်းသည် ကျောပေါ် ကျလာသော မြေစိုင်ခဲများကြောင့် နာပင်နာသော်လည်း သည်းခံကာ ကျလာ သမျှသော မြေစိုင်ခဲတို့ကို ခါချ လိုက်၊ ကျသွားသော မြေများအပေါ် မိမိခြေထောက်ကို ရွှေ့၍ တက်လိုက် နှင့် သေဘေးမှ လွတ်မြောက်ဖို့ ကြိုး စားခဲ့လေရာ နောက်ဆုံးတော့ မိမိကို မြှုပ်နှံပစ်မည့် မြေစိုင်ခဲများကြောင့်ပင် လျှင် မြည်းကိုယ် သည် ရေ တွင်းနှုတ်ခမ်းအထိ မြင့်တက်လာကာ သေ ဘေးမှ လွတ်မြောက်သွားလေသည်။
    ပုံပြင်ကလေးက ဤမျှသာ ဖြစ်ပါ၏။ ကျွန်တော်အရက်ဖြတ်၊ ဆေးလိပ်ဖြတ်၊ လောင်းကစားဖြတ်ခဲ့ သည်မှာ ဤပုံပြင် ကိုဖတ် မိပြီး ဖြတ်ခဲ့ ခြင်းတော့မဟုတ်ပါ။ သို့ရာတွင် ကျွန်တော် ယခုပြန်သုံးသပ်ကြည့်မိ သောအခါ ယင်း တို့ကို ဖြတ် လိုက်နိုင် ခြင်းသည် ကျွန်တော့်အဖို့ မိမိကို မြှုပ်နှံ ပစ်မည့်မြေကြီးများကို ခါချပစ်နိုင်ခဲ့ သော မြည်းနှင့် တူနေကြောင်း တွေ့ ရသည်။
    ကျွန်တော်အစိုးရ ဝန်ထမ်းသက်  အနှစ်နှစ်ဆယ်ကျော် ကာလအတွင်း၌ အမြို့မြို့အရွာရွာတို့၌ ကျွန်တော်နှင့် တွဲဖက် အရက်သောက်လာသူတို့အနက် တစ်ဦးတည်းသာ ကျန်နေတော့ ကြောင်း တွေ့ရသည်။ ထိုတစ်ဦးကို လွန်ခဲ့သောနှစ် ဇူလိုင်လ တုန်းက ကျွန်တော် ပင်စင်လစာတိုးပေးသည့် ကိစ္စနှင့်ပတ်သက်၍ မန္တလေးသို့ ရောက်စဉ်တွေ့ခဲ့ခြင်းဖြစ်သည်။
    ထိုနောက်ဆုံးလက်ကျန် ပေတေ ဖက် သူငယ်ချင်းနှင့် သူနှင့် သူငယ် တန်းကတည်းက အတန်းတူနေလာ ခဲ့သော သူငယ်ချင်း တစ်ဦးတို့နှင့်အတူ ကျွန်တော်မန္တလေးမှာနေစဉ်က အတူတွဲလာခဲ့ကြသည်။ ကျွန်တော်တို့ သုံးယောက်ပေါင်းလောင်းကျော်တို့ သည် လေးပြင်လေးရပ်လှည့်ကာ အရက်သောက်၊ ဂျင်ထိုး၊ြေ<ွကပစ်နှင့် နေလာခဲ့ကာ ညနေဘက်တွင် ဗထူး ကွင်း ၌ ဘောလုံးပွဲဝင်လောင်းလာကြ သေးသူများဖြစ်သည်။ တနင်္ဂနွေနေ့ဆို လျှင် ကျောက်သပိတ်ကို အနည်းဆုံး နှစ်ခေါက်ရောက် ခဲ့ကြ သူများဖြစ်ပါ သည်။ ကျွန်တော်က အချိန်စော၍ ပင်စင်ယူလာသည့်အခါ သူတို့နှစ်ဦး နှင့် ခွဲခဲ့ရ၏။ ကျန်သူငယ်ချင်း တစ်ဦး ပင်စင်ယူပြီး ပင်စင်လစာကို တစ်နှစ် ပြည့်အောင် မထုတ်လိုက်ရမီ သေဆုံး သွားသည့်အခါ ကျန်ပေတေဖက် သူငယ်ချင်းသည် မိုးကုတ်တရား စာအုပ်တွေသာ အဖော်လုပ်နိုင်တော့ သည်။
    ဘက်တွေပြုတ်သွား၍ တရား စာအုပ်အဖော်လုပ်ရင်း နေ့စဉ်အိမ်မှာပင် ကမ္မဋ္ဌာန်းထိုင်သဖြင့် ဤသူငယ်ချင်း ကို ဖြူဖြူဖွေးဖွေး ဝဝဖြိုးဖြိုးနှင့် ကျန်း မာစွာရှိနေသေးကြောင်း ကျွန်တော် တွေ့ခဲ့ရခြင်းဖြစ်သည်။ ကျွန်တော်နှင့် သောက်ဖက်တွေထဲတွင် တစ်ဦး တည်းသော ရှင်ကျန်နေသူဖြစ်ပါ သည်။
    ကျွန်တော်သည် ၁၉၈၅ မှ ၁၉၉ဝ အထိ ဆေးလိပ်ဖြတ်ဖူးသည်။ ၁၉၉ဝ တွင် ရန်ကုန်လာစဉ်၌ ငယ် စဉ်တုန်း က သောက် ဖက်၊ တေဖက် တစ်ဦးနှင့်တွေ့၍ သူ့သံယောဇဉ်ဖြင့် စီးကရက်တစ်လိပ် ကောက်ဖွာ ဖြစ်ခဲ့ရာမှာ ကျွန်တော် ဆေး လိပ်ပြန် သောက် မိသွားသည်။ နောက်ထပ် ငါးနှစ်လောက်အထိ ဆက်သောက် နေမိရင်း တစ်နှစ်တွင်တော့ မိုးက လည်း ပြတ်သည် မရှိ။ အိမ်ပေါ်က ဆင်းလျှင် အိမ်ဝိုင်းထဲမှာလည်း ရေတွေချည်း၊ ပက်လက်လှန်အိပ်၍ မရ၊ ချောင်းတဟွတ် ဟွတ်နှင့် သာ နေ ရ၊ ခြင်တွေ ကလည်း ကိုက်နှင့်မို့ ကျွန်တော့်မှာ ခြင်ထောင်ထဲသို့ ပက် လက်ကုလားထိုင်သွင်း၍ ကုလားထိုင် ပေါ်၌ ငုတ်တုတ်ကလေးမှေးနေမှ အနည်းငယ်သက်သာသည်။ ဆေးလိပ်သမုဒယကြောင့်ဖြစ်သော ဒုက္ခကိုငြိမ်းလိုက အကြောင်းသမုဒယ ဖြတ်မှ အကျိုးပါပြတ်မည် ဆုံးဖြတ် ပြီး ဆေးလိပ်မသောက်ဘဲနေခဲ့ရာမှ ကျွန်တော်ဆေးလိပ်လည်းပြတ်ခဲ့ပါသည်။
    လောင်းကစားအကြောင်းတော့ အကျယ်မရေးတော့ပါ။ ကျမ်းလေး ဖွယ်သာရှိပါမည်။ ထိုအခင်တွယ်ဆုံး သမုဒယကိုလည်း ကျွန်တော်ဖြတ်နိုင် ခဲ့ရာ ယခုသော် ကျွန်တော်အသက် ၇ဝ ကျော်လာသည်အထိ သေ လောက်အောင် အနာရောဂါကြီးမျိုး တွေ မငြိတွယ်ဘဲ နေလာနိုင်ခဲ့သည်။ တစ်သက်လုံး အြေ<ွကးမကင်းနေလာ ခဲ့သူ ကျွန်တော့်မှာ ယခုသော် ပေး စရာအြေ<ွကးဟူ၍ ဘာမျှမရှိတော့ပါ။ အပိုပင်မရှိသော်လည်း လိုသည်မရှိဘဲ နေလာနိုင်ခဲ့ပါသည်။
    ယခုပြန်စဉ်းစားကြည့်သော အခါ ကျွန်တော်သည် မိမိကို မြေမြှုပ် သဂြုင်္ိဟ်မည့် မြေစိုင်ခဲများကို ကျောပေါ်မှ ခါချပစ်နိုင် ခဲ့သဖြင့်သာ ယခုအသက်အရွယ်အထိ ရှင်ကျန်နေ ခဲ့ခြင်းဖြစ်ပါကလားဟူ၍ သုံးသပ်မိ လေသည်။
    လူတို့သည် မိမိကိုယ်ကို အသက်တိုအောင် ပြုနေမိသလိုရှိသော အမှုမျိုးတွေကို သတိမထားမိဘဲ ပြုနေမိနိုင်၏။ ကိုယ့်ကိုယ်ကို ဒုက္ခ ရောက်သွားစေနိုင်လောက်သော အပြု အမူမျိုးတွေကိုလည်း ပြုမူနေမိနိုင်ပေ သည်။ ထိုအခါမျိုးတွင် ခေတ္တရပ်တန့် ၍ စဉ်းစားကြည့်သင့်သည်။ အထက် တွင် ဖော်ပြခဲ့သော ပုံပြင်ကို သတိရ ကာ ကိုယ့်ကျောပေါ်ကျလာနေသော မြေစိုင်ခဲများကို ခါချမှ သင့်မည်ဟူ၍ အသိÓဏ်ဝင်သင့်သည်။
    ထိုပုံပြင်ကလေးသည် လူတစ်ဦး အတွက်သာမက နိုင်ငံတစ်နိုင်ငံ အတွက်လည်း အကျိုးရှိနိုင် သည်။ နိုင်ငံ တစ်နိုင်ငံသည် ခေါင်းဆောင်ညံ့ တွေကြောင့် ရေတွင်းအိုထဲသို့ ကျသွား နိုင်သည်။ ကိုယ်ညံ့၍ ရေတွင်းထဲကျ သည်ကို ဘယ်အိမ်နီး ချင်းနိုင်ငံကမှ သနားနေဖွယ်ရှိမည်မထင်။ မြေဖို့ သတ်လိုက်တာအေးတယ်ဟုသာ ဆုံးဖြတ်မိကြဖို့များသည်။ ထိုအခါမျိုး တွင် နောက် တက်လာသော ခေါင်း ဆောင်များက ကိုယ့်ကိုမြှုပ်ပစ်နိုင် သည့် မြေစိုင်ခဲတွေကို ကျောပေါ်က ခါချ၍ ကိုယ့်ကိုယ် ကို မြှင့်မြှင့်ယူလာ နိုင်မှသာလျှင် ရေတွင်းနှုတ်ခမ်းပေါ် သို့ ပြန်ရောက်နိုင်ပေမည်။
    ကျွန်တော် ဤစာကို ယခုကဲ့သို့ ရေးနေနိုင်ခြင်းမှာ ကျောပေါ်ကျလာ သော မြေစိုင်ခဲများကို ခါချပစ်နိုင်ခဲ့ သောကြောင့် ပါပေတည်း။

ဦးတင်ဦး(ကျူရှင်)
 
Untitled Document
P Soe said...
Thursday 16 August 2012, 8:59 pm
It is a good article for the people addicted to smoking, alcohol and betting. I have ever seen a retiree who has been addicted to smoking and alcohol in his whole life. Up to date, he smokes once he wakes up and drunk before he goes to bed. His life has been spent on smoking and drinking. But he has no regret. He told his wife that he needs to smoke and drink for the rest of his life. Otherwise, he may have a stroke. His wife loves him so much and she is quite happy when she sees her husband looks pleased. So, I would like to know how to get this old man give up smoking and drinking.
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.