2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဘယ်ဈေးကွက် အရင်းရှင်စနစ်က အကောင်းဆုံးလဲ

   သမိုင်းပညာရှင်လည်း ဖြစ်၊ ဘောဂဗေဒပညာရှင်လည်း ဖြစ်တဲ့ Karl Marx  က ဆိုရှယ်လစ် စနစ်- Socialism ဟာ အရင်းရှင် စနစ်- Capitalism အထွန်းကား အတိုးတက်ဆုံးနိုင်ငံများဖြစ်တဲ့ ဂျာ မနီနဲ့ ဂရိတ်ဗြိတိန်နိုင်ငံတွေမှာ ဖြစ်ထွန်းပေါ်ထွက်လာ လိမ့်မယ် လို့ တွေးထင်မျှော်လင့်ထားခဲ့တယ်။
   ဖြစ်ချင်တော့ ရုရှားနိုင်ငံ က စတင်ထွက်ပေါ်လာတယ်။ အဲ ဒီအချိန်တုန်းက ရုရှားဟာ စက်မှု ခေတ်ထဲကိုတောင် ဟုတ်တိပတ်တိ မရောက်သေးဘူး။ မြေရှင်ပဒေသ ရာဇ်စနစ် ကြီးထွားမင်းမူနေတဲ့ အချိန်ပဲ ရှိသေးတယ်။ ဘော်လ်ရှီ ဗစ်- Bolshevik  တော်လှန်ရေး ဘက်တော်သားတွေက ရုရှားမြေ ပေါ်မှာ ဆိုရှယ်လစ်စနစ်ကို အ တင်းအဓမ္မ သွတ်သွင်းခဲ့ကြခြင်း ဖြစ်တယ်။
   တရုတ်ပြည်မှာ မော်စီ တုန်း- Mao Zedong က ရုရှား တော်လှန်ရေးကို ပုံတူကူးပြီး ကွန် မြူနစ်စနစ်- Communism ကို သူ့ နည်းသူ့ဟန်နဲ့ ပုံဖော်တယ်။ သူ့ ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်- People's Liberation Army- PLA  ဟာ လယ်သမား တွေကို တပ်သားတွေအဖြစ် ပြောင်းလဲပစ်ပြီး တပ်သားတွေကို ပစ္စည်းမဲ့တွေ အဖြစ် ပြောင်းလဲပစ် မယ်။ ပြီးတော့ ပစ္စည်းမဲ့တွေကို ပါ တီကေဒါတွေအဖြစ် ပြောင်းလဲပစ် မယ်လို့ ဆိုတယ်။
   အိန္ဒိယမှာကျတော့ တစ် မျိုး။ အိန္ဒိယဟာ ဗြိတိသျှတို့လက် အောက်က လွတ်မြောက်ခဲ့ပြီး နောက် ဆိုရှယ်လစ်စနစ်ကို ကျင့် သုံးခဲ့တယ်။ အိန္ဒိယက အများပိုင် ဆိုင်တဲ့ သယံဇာတရင်းမြစ်တွေကို ဆင်းရဲတွင်း နက်နေကြတဲ့ အများ ပြည်သူတွေအတွက် ခွဲဝေ အသုံးချ လိုတာကြောင့် ဆိုရှယ်လစ်စီးပွား ရေးကို ကျင့်သုံးခဲ့ခြင်း ဖြစ်တယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာ အုပ် ချုပ်ရေးစနစ်ထဲ မှာ ပြည်သူတွေရဲ့ အသံ ပါဝင်စေချင်တဲ့အတွက် ပါ လီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံး ပြန်တယ်။
   ဒီလို ကွဲပြားခြားနားတဲ့ ဆိုရှယ်လစ်စနစ် ပုံစံအမျိုးမျိုးက နေပြီး ကွဲပြားခြားနားတဲ့ အရင်းရှင် စနစ်ပုံစံ သုံးမျိုးသုံးစား ပေါ်ထွက် လာတယ်။ အရင်းရှင်စနစ်လို့ ဆို ပေမယ့် ဈေးကွက်တွေက အစစ အရာရာကို ချုပ်ကိုင်ထားတယ်လို့ ဆိုလိုတာ မဟုတ်သလို၊ ဆိုရှယ် လစ်စနစ်လို့ ဆိုပေမယ့် နိုင်ငံ တော်က အရာအားလုံးကို ထိန်းချုပ်ထားတာတော့ မဟုတ်ဘူး။  အရင်းရှင်စနစ်ဆိုတာက အရင်းခံ အားဖြင့် ထုတ်လုပ်မှု အက်ဆက် တွေကို ပုဂ္ဂလိကပိုင်ဆိုင်ပြီး အကျိုး အမြတ် ရရှိရေးအတွက် လုပ်ကိုင် ကြခြင်း ဖြစ်တယ်။ အရင်းရှင် လူ့ ဘောင်အဖွဲ့အစည်းမှာ အာဏာပါ ဝါဟာ ပုဂ္ဂလိက ပစ္စည်းဥစ္စာ ပိုင် ဆိုင်မှုဆီက ထွက်ပေါ်လာတယ်။ အရင်းရှင်စနစ် ဆိုတာ တကယ် တော့ ဒါပါပဲ။
  ဘယ်အက်ဆက်တွေကို ပုဂ္ဂလိကပိုင် လုပ်ပြီးတော့ အမြတ် အစွန်းရအောင် ဘယ်လို လုပ်ကြ ကိုင်ကြတယ်ဆိုတာက အမေရိ ကန်ပြည်ထောင်စုမှာတောင် ပြည် နယ်တစ်ခုနဲ့တစ်ခု မတူကြဘူး။ ဒီလိုပဲ တစ်နိုင်ငံနဲ့တစ်နိုင်ငံလည်း တူညီကြခြင်း မရှိဘူး။ ပမာအားဖြင့် အရင်းရှင်နိုင်ငံတွေမှာ စတော့ဈေးကွက်တွေ- Stock Markets ရှိတယ်။ အဲဒီမှာကော်ပိုရိတ်ငွေချေးစာချုပ်စာတမ်းတွေ ကို ရောင်း ကြဝယ်ကြတယ်။ ပုံစံတူညီကြပေ မယ့် လုပ်ပုံကိုင်ပုံတွေ ကွာခြား တယ်။
  အမေရိကန်ပြည်ထောင် စုမှာ အီကွီတီဈေးကွက်- Equity Market  ဆိုတာရှိတယ်။ အဲဒီဈေး ကွက်မှာ စီးပွားရေးလုပ်ငန်းတွေ က အရင်းအနှီး ရှာဖွေကြတယ်။ အန္တရာယ်ကို အစိတ်အပိုင်းကလေး တွေဖြစ်အောင် ခုတ်ထစ်ပြီး ရှယ် ယာတွေအနေနဲ့ အရောင်းအဝယ် လုပ်ကြတယ်။ တစ်နည်းပြောရင် အန္တရာယ်ကို တစ်နိုင်တစ်ပိုင် ထုပ် ပိုးပြီး ဖြန့်ဖြူးလိုက်ခြင်းဖြစ်တယ်။ ဒါပေမယ့် ဂျပန်နိုင်ငံ စတော့ဈေး ကွက်တွေက ဒီလိုမဟုတ်ဘူး။ အဲဒီ မားကတ်တွေက ကော်ပိုရိတ် မဟာ မိတ်တွေအချင်းချင်း ခိုင်မာအောင် ပေါင်းစည်း ပြီး ပိုင်ဆိုင်မှုတွေကို ကော်ပိုရိတ်တစ်ခုနဲ့တစ်ခု ချိတ် ဆက်ကြတဲ့နေရာတွေသာ ဖြစ် တယ်။
   အရင်းရှင်စနစ်များထဲက အစိုးရများရဲ့လုပ်ဆောင်မှုအတိုင်း အတာပမာဏနဲ့ အခန်းကဏ္ဍ တွေကလည်း ဟိုးအရင်က ဘောဂဗေဒ ပညာရှင်- Adam Smith ဒါမှ မဟုတ် Karl Marx  တို့ ကြိုတင် မျှော်မှန်းခဲ့ကြသလိုမျိုး ဖြစ်မလာခဲ့ ဘူး။ ဒါပေမယ့် ဒီကနေ့မှာ လူတွေဟာ အမျိုးမျိုးသော အရင်းရှင်စနစ်တွေကို အရင်ကထက် ပိုပြီးနားလည်သဘောပေါက်လာခဲ့ကြတယ်။ လူတွေ ဟာ ကောင်း မွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လာနိုင် ကြတယ်။
  အရင်းရှင်စနစ်ဟာ မြေ ရှင်ပဒေသရာဇ်စနစ်အတွင်းက ထွက်ပေါ်လာခဲ့တယ်။ တစ်ချိန် တုန်းက တစ်စုံတစ်ဦးက လယ်ယာ မြေကို ပိုင်ဆိုင်တယ်။ အပြန်အ လှန် အခွင့်အရေးနဲ့ တာဝန်ယူမှု တွေကတစ်ဆင့် လယ်သမားဟာ မြေယာပေါ်မှာ စိုက်ပျိုးရေးလုပ် တယ်။ ထွက်ရှိတဲ့ သီးနှံအချို့အ ဝက်ကို မြေယာပေါ် လုပ်ကိုင်နေ ထိုင်ခွင့် ပြုခအဖြစ် မြေရှင်ကို ပေး တယ်။ မြေရှင်က သူ့ကို ကာကွယ် စောင့်ရှောက်ပေးတယ်။
  အရင်းရှင်စနစ်မှာ တစ်စုံတစ်ဦးက ဈေးဆိုင်တွေ ပိုင်တယ်။ စက်ရုံတွေ ပိုင်တယ်။ လုပ် သားတွေကို လုပ်အားခ အဖြစ် ငွေ ကြေးပေး တယ်။ Karl Marx  က အရင်းရှင်စနစ်ဟာ လုပ်သားအ ပေါ်မှာ ခေါင်းပုံဖြတ်ပြီး သွေးစုပ် ခြယ်လှယ်တဲ့ စနစ်ဖြစ်တယ်လို့ စနစ်ဖြစ် တယ်လို့မြင်တယ်။ မာ့ခ်စ် ဟာ အရင်းရှင်စနစ်ကို ဆန့်ကျင် သူ ဖြစ်ပေမယ့် အမေရိကန် ပြည် တွင်းစစ်ကာလမှာ ကျွန်စနစ်ကို လက်ခံတဲ့ တောင်ပိုင်းသားတွေကို မထောက်ခံဘဲ အရင်းရှင်စနစ်ကို ထွေးပိုက်ထားတဲ့ မြောက်ပိုင်း သား တွေ ကို ထောက်ခံ အားပေးခဲ့တယ်။
အရင်းရှင်စနစ်ပုံစံသုံးမျိုး
   အရင်းရှင်နိုင်ငံများရဲ့ ခေါင်းဆောင်တွေဟာ Adam Smith ရဲ့ Wealth of Nations ကျမ်းကြီးကို လှန်လှောဖတ်ရှုပြီး အရင်းရှင်နိုင်ငံရဲ့ အင်္ဂါလက္ခဏာ တွေနဲ့ ညီ၏၊ မညီ၏ တိုက်ဆိုင်စစ်ဆေးကြည့်ရှုနေစရာ မလိုဘူး။ ဘာကြောင့်လဲဆိုတော့ အရင်းရှင် စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ အခြေခံအချက်ဖြစ်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ အမြတ်အစွန်း ဖော် ဆောင်မှုတွေမှာသာ တူညီကြပြီး အခြားအချက်အလက်တွေဖြစ်တဲ့ နိုင်ငံအလိုက် အစဉ်အလာများ၊ လူမှုရေး အဆောက်အအုံများနဲ့ နိုင်ငံ ရဲ့ လိုအပ်ချက် များအပေါ်မှာ မူ တည်ပြီး ခြားနားတတ်ကြလို့ ဖြစ် တယ်။
   အခြားတစ်ချက်ကတော့ နိုင်ငံရဲ့ အကြီးအသေးအပေါ်မှာ လည်း တည်မှီတယ်။ တကယ်လို့ ပြဿနာတစ်စုံတစ်ရာ တက်လာခဲ့ ရင် နိုင်ငံကြီးက နိုင်ငံငယ်ထက် အ လှည့်အပြောင်း ပိုလုပ်နိုင်တယ်။ ကမ္ဘာ့ဖြစ်တည်ဆဲ အ ရင်းရှင်နိုင်ငံများကို အကြမ်းဖျဉ်း အားဖြင့် သုံးမျိုးသုံးစား ခွဲခြားနိုင် တယ်။ (၁) အင်ဂလိုအမေရိကန် စီးပွားရေးများမှာ တွေ့မြင်ကြရတဲ့ လစ်ဗရယ် ဈေးကွက်အရင်းရှင်စ စနစ်-
Liberal Market Capitalism  (၂) အများအားဖြင့် အာရှမှာ တွေ့ရတတ်တဲ့ ကော်ပိုရိတ်ဈေး ကွက်အရင်းရှင်စနစ်- Corporate Market Capitalism  ၊ ပြီးတော့ (၃) ယနေ့ခေတ် ဆိုရှယ်ဒီမိုကရက်တစ် ဥရောပ စီးပွားရေးတွေမှာ မြင်တွေ့ရနိုင်တဲ့ ချိတ်ဆက် ညှိနှိုင်း လုပ်ဆောင်တဲ့ ဈေးကွက်အရင်းရှင် စနစ်- Coordinated Market Capitalism  တို့ ဖြစ်တယ်။ ပုံစံ တစ်မျိုးစီက အခြားသော
ပုံစံတွေ ထက် အားသာချက် ဒါမှမဟုတ် အားနည်းချက်တွေ ရှိတယ်။
   ဈေးကွက်က ဦးဆောင် တဲ့ အရင်းရှင်စနစ်ကို လူအများက အင်ဂလို အမေရိကန် စီးပွားရေး များနဲ့ နှီးနွှယ်ဆက်စပ်မှု ရှိတယ် လို့ ရှုမြင်ကြတယ်။ ဒီစနစ်အတွင်း မှာ တီထွင်ဆန်းသစ်မှုနဲ့ စွန့်ဦးတီထွင်စီးပွားရေး လုပ်ကိုင်ကြမှုတွေ ကို အမြင့်မားဆုံး တန်ဖိုးများ အဖြစ် သတ်မှတ်ထားကြတယ်။ ဈေးကွက် ဟာ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင် မှုတွေ ထုတ်လုပ်ဖြန့်ချိနိုင်ဖို့အ တွက် စွမ်းဆောင်နိုင်စွမ်း အရှိဆုံး ယန္တရားဖြစ်တယ်လို့ ယူဆကြ တယ်။
   လစ်ဘရယ်ဈေးကွက် အရင်းရှင်စနစ်ထဲမှာ အစိုးရရဲ့ အဓိက အခန်းကဏ္ဍကတော့ ဈေး ကွက်အတွင်း လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်နိုင်ကြရေးအတွက် စည်းကမ်းဥပဒေတွေ ချမှတ်ပေးဖို့ ဖြစ် တယ်။ ပြီးတော့ ဈေးကွက်တွေက အမြတ်အစွန်းမရှိလို့ လုပ်ကိုင် ကြ ခြင်း မရှိပေမယ့် လူမှုရေးအရ မရှိ မဖြစ် လိုအပ်ချက်တွေဖြစ်တဲ့ အ ခြေခံပညာရေးတို့၊ အခြေခံ ကျန်း မာရေးတို့အပြင် သယ်ယူပို့ဆောင်ရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနဲ့ ကာကွယ်ရေး အစရှိတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ကို မြတ်စွန်း မှု မရှိပေမယ့် အရှုံး ခံပြီး အစိုးရက တာဝန်ယူဆောင် ကြဉ်း ပေးရတယ်။ ဒီပုံစံ အရင်းရှင် စနစ်ကို အများအားဖြင့် အမေရိ ကန် ပြည်ထောင်စု ဂရိတ်ဗြိတိန်နဲ့ ယခင် ဗြိတိသျှကိုလိုနီတွေ ဖြစ်ခဲ့ဖူး ကြတဲ့ နိုင်ငံတွေမှာ ကျင့်သုံးကြ တယ်။
   ကော်ပိုရိတ်အရင်းရှင် စနစ်မှာတော့ မိသားစုပိုင် ဧရာမစီးပွားရေးလုပ်ငန်းကြီးတွေက ဈေးကွက်တစ်ခုလုံးကို ချုပ်ကိုင်ထားကြ တယ်။ မိသားစုတွေက ထိန်းချုပ် ထားတဲ့ လက်တစ်ဆုပ်စာ ဧရာမ ကုမ္ပဏီကြီးများဟာ ထုတ်လုပ်ရေး ကိုရော ဖြန့်ချိရေးကိုပါ သူတို့ ချည်းပဲ စီမံခန့်ခွဲကြတယ်။ အလုပ် သမားများဟာ အလုပ်ရှင်တစ်ဦး ဆီမှာပဲ နှစ်ပေါင်းများစွာ လုပ်ကိုင် ကြတယ်။ လုပ်ငန်းက
ကြီးမားလွန်း တဲ့အတွက် လုပ်သားတွေရဲ့ ရွှေ့ ပြောင်းတာဝန်ထမ်းဆောင်မှုဟာ အဲဒီလုပ်ငန်းဌာနခွဲတွေ အတွင်းမှာ ပဲ လှည့် ပတ်ရွှေ့ပြောင်းလုပ်ကိုင် ဖြစ်ကြတယ်။
  ကုမ္ပဏီကြီးတွေဟာ အောင်မြင်တဲ့ လုပ်ငန်းတွေဆီက ရတဲ့အမြတ်ကို သုတေသနလုပ် ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြတယ်။ အစုရှယ်ယာ ပိုင်ဆိုင်ကြသူတွေကလည်း တခြားသူတွေမဟုတ်ဘူး။ သူတို့ရဲ့ မိသားစုတွေနဲ့ သူတို့လုပ် ငန်းတွေထဲက ဝန်ထမ်းတွေသာ ဖြစ်တယ်။ အစိုးရမဟုတ်ဘဲ ကုမ္ပ ဏီကြီးတွေကသာ အလုပ်သမား တွေရဲ့ လူမှုဘဝ ဖူလုံရေးအတွက် ကာကွယ်စောင့်ရှောက်ပေးကြသူ တွေ ဖြစ်လာခဲ့ကြတယ်။ ဒီစနစ်ကို အထူးသဖြင့် ဂျပန်နဲ့ ကိုရီးယားနိုင် ငံတွေ မှာ တွေ့မြင်နိုင် တယ်။ မိသား စုပိုင် ဧရာမကုမ္ပဏီကြီးတွေကို ဂျပန်နိုင်ငံမှာ Keiretsu လို့ခေါ်ပြီး တောင်ကိုရီးယားမှာတော့ Chae-bol လို့ ခေါ်ကြတယ်။
    ဆိုရှယ်ဒီမိုကရက်တစ် အရင်းရှင်ဝါဒကို အများအားဖြင့် ဥရောပမှာ တွေ့မြင်ကြရတယ်။ အရင်းရှင်ထက် ဆိုရှယ်လစ် ပိုဆန် တယ် လို့ အချို့က ထောက်ပြကြ တယ်။ ဒါပေမယ့် ဈေးကွက်အင်အားစုများက တောင့်တင်းခိုင်မာ တယ်။အလုပ်သမားတွေဟာ အစိုး ရနဲ့ စီးပွားရေးလုပ်ငန်းများရဲ့ လက် တွဲဖော် လက်တွဲဖက်အနေနဲ့ ဆွေး နွေးညှိနှိုင်းတဲ့နေရာမှာ အာဏာပါ ဝါရှိကြ တယ်။ ဒီနိုင်ငံတွေ မှာ အခွန်ကောက်ခံမှု မြင့်မားတယ်။ ဘာ ကြောင့်လဲဆိုတော့ အစိုးရက ပြည် သူတွေအပေါ် ကျန်းမာရေးစောင့် ရှောက်မှု၊ ပညာသင် စရိတ်၊ ကလေး ပြုစုပျိုးထောင်မှု၊ အငြိမ်းစား ခံစား ခွင့်ပေးမှုနဲ့ ယဉ်ကျေးမှုအဖွဲ့အ စည်းတွေကို ထောက်ပံ့ပေးကမ်းမှု တွေအတွက် အကုန်အကျခံတဲ့ စရိတ်တွေ ကြီးမားတာကြောင့် ဖြစ် တယ်။
   ဒီဈေးကွက်အရင်းရှင်စနစ်ပုံစံက အခြားသောပုံစံတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် သိပ်ပြီးပြုလွယ်ပြင်လွယ်မရှိဘူးလို့ ထင် မြင်ယူ ဆကြ တယ်။ အလုပ်သမား တွေဟာ တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာကြရ တယ်။ အစိုးရတွေအနေနဲ့ ကူး သန်း ရောင်းဝယ်ရေးထက် လူမှုဖူ လုံရေးလုပ်ငန်းတွေအပေါ် ပိုပြီး အာရုံစိုက်တယ်။ ဒါပေမယ့် အခြား တစ်ဖက်မှာ လူ့အဖွဲ့ အစည်း ဟာ တည်ငြိမ်မှုရှိတယ်။ ဆင်းရဲချမ်း သာ ကွာဟမှု မရှိသလောက် နည်း ပါးတယ်။ ဒီနိုင်ငံတွေမှာ စီးပွားရေး စွမ်းဆောင်ရည် မြင့်မား ပြီး လူမှု တရားမျှတမှု ကြီးမားတယ်။ ဒီဈေး ကွက်အရင်းရှင်စနစ်ကို Rhine မော်ဒယ်လို့လည်း အချို့က ခေါ် ကြတယ်။
   ဈေးကွက်အရင်းရှင်စနစ် မော်ဒယ်သုံးမျိုးသုံးစားအတွင်းမှာ ပြည်သူတွေဟာ သယံဇာတရင်း မြစ်တွေကို ဘယ်လိုခွဲဝေသုံးစွဲကြ မလဲဆိုတာကို ဆုံးဖြတ်ကြရတယ်။ ယေဘုယျအားဖြင့် တိုင်းပြည်ကြီးမားလေ သယံဇာတရင်းမြစ်တွေ ပို များလေဖြစ်ပြီး ကွဲပြားခြား နားတဲ့ အုပ်စုတွေအနေနဲ့ ရွေးချယ်စရာ အခွင့်အလမ်းတွေ ပိုများတယ်။ တိုင်းပြည်မှာ လူဦးရေ အနည်းအ များကလည်း စကားပြော တယ်။ လူဦးရေများရင် လုပ်ငန်းအမျိုးမျိုး ခွဲခြမ်းလုပ်ကိုင်နိုင်တယ်။
   ဈေးကွက်အရင်းရှင်စနစ် များအတွင်းမှာ အစိုးရများဟာ တိုင်းသူပြည်သားတွေ ကူးသန်း ရောင်းဝယ်ရေး လုပ်ကိုင်နိုင် အောင်၊ စီးပွားရေးလုပ်ငန်းတွေ အ ဆင်ပြေချောမွေ့အောင် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ- Infrastructure ကို ဖော်ဆောင်ပေး ကြရတယ်။ ပမာအားဖြင့် ကာ ကွယ်ရေး၊ မူပိုင်ခွင့်၊ စာချုပ်စာတမ်း များ အတည်ဖြစ်အောင်အတွက် ဆောင်ကြဉ်းပေးကြရတယ်။ ပြီး တော့ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေးစနစ်၊ လေဆိပ်တွေ တည်ဆောက်ပေးကြရတယ်။ ပြီး တော့ အများပြည်သူတွေ အတွက် အခြေခံပညာရေးနဲ့ အခြေခံကျန်း မာရေးတို့ကိုလည်း ဖော်ဆောင် ပေးကြရတယ်။ အစိုးရ အချို့က အခြားအစိုးရတွေ ထက် ပိုပြီး ဝန် ဆောင်မှုပေးတတ်ကြတယ်။ အချို့ သော အစိုးရ ပေါ်လစီမူဝါဒတွေ ဟာ စီးပွားရေးလုပ်ငန်းတွေ ကို ထောက်ကူပေး ကြပေမယ့် အချို့ မူ ဝါဒ စီးပွားရေးလုပ်ငန်းတွေကို ထိ ခိုက်တယ်။
   ဘယ်ဈေးကွက်ပုံစံကိုပဲ သုံးသုံး၊ အရင်းရှင်စနစ်ဟာ လက် ရှိဖြစ်တည်ဆဲ အဆောက်အအုံ တွေရဲ့ မြေခံ ရေခံပေါ်မှာပဲ ရှင်သန် ကြီးထွားနိုင်တယ်။ ဒါတွေကို ပြုပြင်မွမ်းမံတယ် ဒါမှမဟုတ် အသစ်တည်ဆောက်တယ်ဆိုတာ တွေက နောက်တော့မှ ဖြစ်လာနိုင် တာတွေပါ။ လက်ရှိအဆောက်အ အုံဟာ အဖွဲ့အစည်း ယန္တရားကြီး ဖြစ်တယ်။ ယဉ်ကျေးမှု၊ ပြည်သူ တွေရဲ့ လိုအပ်ချက်နဲ့ လက်ရှိ စီး ပွားရေးလုပ်ငန်းတွေရဲ့ သွင်ပြင် လက္ခဏာတွေ ပါဝင်တယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ နောက်ခံ နိုင်ငံရေး ဘောဂဗေဒ ကွာခြားတဲ့အတွက် အခြားတစ်နိုင်ငံရဲ့ မော်ဒယ်ကို တိုက်ရိုက် ပုံတူကူးချလို့ မရဘူး။
   တရုတ်၊ အိန္ဒိယနဲ့ ရုရှား တို့ဟာ မကြာသေးမီက ဈေးကွက် အရင်းရှင်စနစ်ကို ပိုက်ထွေးဖက် တွယ်ခဲ့ကြတယ်။ အဲဒီနိုင်ငံတွေ အားလုံး မြေဧရိယာနဲ့ လူဦးရေ အားဖြင့် ကြီးမားကျယ်ပြန့်ကြ တယ်။ တစ်ဦးချင်း ဝင်ငွေ- Per- Capita income  နည်းကြ တယ်။ ခေတ်သစ် ဂလိုဘယ် ကုန်သွယ် ရေးနယ်ပယ်ထဲ ဝင်ရောက်လာခဲ့ ကြတာ သိပ်မကြာသေးဘူး။ ရုရှား ဆိုရင် မနှစ်က သြဂုတ်လ ထဲမှာပဲ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့- WTO  ထဲ အဖွဲ့ဝင်ဖြစ်လာခဲ့တာ။
  ဒီသုံးနိုင်ငံစလုံး ဆိုရှယ် လစ်စနစ် ကျင့်သုံးခဲ့ကြဖူးတယ်။ တရုတ်နဲ့ ရုရှားမှာ ကွန်မြူနစ်တွေ က တော်လှန်ရေး လုပ်ခဲ့ကြတယ်။ အိန္ဒိယကတော့ ဘယ်တုန်းကမှ ကွန်မြူနစ် မဖြစ်ခဲ့ဘူး။ အခုတော့ ဒီနိုင်ငံတွေအားလုံး ဆိုရှယ်လစ်စ နစ် စွန့်ပယ်ပြီး ဈေးကွက် အရင်း ရှင်စနစ်ကို ကျင့်သုံးနေကြပါပြီ။ ပုံစံတွေကတော့တစ်မျိုးစီ။ တရုတ် ကတော့ တရားဝင်အရ ကွန်မြူ နစ်လို့ ခံယူတယ်။ အိန္ဒိယ ကတော့ ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင် ငံ။ ရုရှားကတော့ တဖြည်းဖြည်းနဲ့ တစ်ဦးတည်း သြဇာအာဏာနဲ့ အုပ်ချုပ် တဲ့ အော်တို ကရေစီ- Autocracy နိုင်ငံ ဖြစ်လာနေတယ်။
   တရုတ်ပြည်မှာ ဒီမိုကရေစီမရှိဘူး။ ဝါဒစွဲအရ ကွန်မြူနစ်လို့ ခံယူထားကြပေမယ့် လက်တွေ့မှာ အရှက်မရှိတဲ့ အရင်းရှင် တွေ ဖြစ် ကြတယ်။ ရုရှားကတော့ ဒီမိုကရေစီယန္တရားကို ဟန်ပြထား ပေမယ့် အာဏာရှင်စနစ်ဆီ လျှောက်လှမ်းနေတယ်။ အိန္ဒိယ လူ့အဖွဲ့ အစည်းက ပွင့်လင်းတယ်။ ဗြိတိသျှတို့ လက်အောက်မှာ ကိုလို နီ ဖြစ်ခဲ့ပေမယ့် အဲဒီအချိန်က စပြီး အင်္ဂလိပ်စာကို တစိုက်မတ်မတ်
သုံးစွဲခဲ့တာကြောင့် ဒီကနေ့ နည်း ပညာခေတ်မှာ ရှေ့တန်းက ပါဝင် လာနိုင်ခဲ့တယ်။ ကမ္ဘာနဲ့ ရင်ပေါင် တန်း ဆက်ဆံနိုင်ကြတယ်။
   ဈေးကွက်အရင်းရှင်စနစ် ကျင့်သုံးကြတဲ့ နိုင်ငံတွေထဲမှာ ဘယ်နိုင်ငံ ကျင့်သုံးတဲ့စနစ်က အကောင်းဆုံးလဲ။ တကယ်တော့ အကောင်းဆုံးအရင်းရှင်စနစ်ရယ် လို့ မရှိပါဘူး။ ဈေးကွက် အရင်း ရှင်စနစ်ကျင့်သုံးတဲ့ နိုင်ငံ တစ်နိုင်ငံ ချင်းစီက သူ့အခြေအနေအရ သူ့ ဘာသာသူ ဆုံးဖြတ်ရမယ့် ကိစ္စပါ။
မင်းရွှေမောင်
Ref : "Marc Chandler" : There is no one type of capitalism.

မင်းရွှေမောင်
 
Untitled Document
မြန်မာပြည်သား said...
Sunday 17 February 2013, 7:37 am
တရုတ်ပြည်မှာ ဒီမိုကရေစီမရှိဘူး။ ဝါဒစွဲအရ ကွန်မြူနစ်လို့ ခံယူထားကြပေမယ့် လက်တွေ့မှာ အရှက်မရှိတဲ့ အရင်းရှင် တွေ ဖြစ် ကြတယ်။

ဟုတ်တယ်၊သိပ်ဟုတ်ပေါ.
ဒို.မြန်မာတွေ လက်တွေ.ဘဲ။
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.