အစွဲကြီးနေသူများ
ဒုက္ခသည်ကောင်းကျိုးချမ်းသာကိုဖြစ်စေ၏၊ သုခသည် ဘဝ နွံထဲသို့ နစ်စေ၏ဆိုသောစကားများသည် အဓိပ္ပာယ်မဲ့ဟု ယူဆကောင်း ယူဆကြမည်။ အခြားစကားလုံးများနှင့်ဆိုသော် ဒုက္ခသည် ဘဝသင်ခန်း စာများ ရစေသည်။ သုခသည် သတိလက် လွတ်ဖြစ်စေ သည်ဟု ဆိုပါလျှင် အဓိပ္ပာယ်မဲ့ မဟုတ်တော့ပေ။
မီးသည် မကောင်းဟု မြင်ကြသည်။ မီးသည် အဖျက်အဆီးဟု သတ်မှတ်ကြသည်။ မီးကို အသုံးချခြင်းဖြင့် လူတို့ နေ့စဉ် အစား အစာ များ ရရှိနေကြသည်။ မီး၏ အလင်းရောင်သည် ညဥ့်အခါ လူတို့အတွက် အသုံးဝင်သည်။ မီးကို စွမ်းအင်သဖွယ် သုံး၍ ဤကမ္ဘာကြီး ဖွံ့ဖြိုးခဲ့သည် မဟုတ်ပါလား ...။
ကောင်းသည်၊ ဆိုးသည်၊ ညံ့ဖျင်းသည်၊ တော်သည်၊ သွက်လက် သည်၊ လေးကန်သည်၊ ချမ်းသာသည်၊ ဆင်းရဲသည် စသဖြင့် ဝေါဟာရ များ ရှိပါ၏။ ဆန့်ကျင်ဘက် အဓိပ္ပာယ်များကို ညွှန်းဆိုသည့် စကားလုံး များ ဖြစ်ပါ၏။ ယင်းစကားလုံးများကို ခွဲခြမ်းစိပ်ဖြာကြည့်လျှင် အဓိပ္ပာယ် များသည် ဝေဝါး ထွေပြားနေခြင်းကို တွေ့ရပါမည်။
ကောင်းခြင်း၊ Good ဝေါဟာရတစ်ခုတည်းအတွက် What is Good? မေးခွန်းမေး၍ ခွဲခြမ်းစိပ်ဖြာ အဖြေရှာခဲ့သူတစ်ဦး ရှိပါ၏။ ဒဿန ပညာရှင် ဂျီအီးမိုး- G.E More ဖြစ်၏။ Good ၏ အဓိပ္ပာယ်မှာ Good မှလွဲ၍ အခြားအဓိပ္ပာယ် ရှာမတွေ့၍ Good is Good ဟု အဖြေ ထုတ်ပြ ခဲ့သည်။
ဗုဒ္ဓဘာသာဝင်များအတွက် စိမ်းမနေသော ကြားဖူးနားဝရှိပြီး ဖြစ်သော အမြင်တစ်ခုဟု ဆိုနိုင်ပါ သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၅၅ ခုနှစ်ခန့်က ရှင်တော်ဗုဒ္ဓက ပညတ်နှင့် ပရမတ်တို့ကို ရှင်းပြ ခဲ့ပြီး ဖြစ်သည်။ွသသိ ဆိုသည်မှာ ပညတ်သက်သက် သာမန်သတ် မှတ်ထားကြသော အမည်တစ်ခု။ ပုံသေသတ်မှတ် စွဲလမ်းနေရန် မဟုတ်ဟု ဆိုခြင်း ဖြစ်ပါ၏။
Good ၏ အဓိပ္ပာယ်ကို စွဲလမ်းရန် မဟုတ်။ ပညတ်အဖြစ် သတ်မှတ်မှုသာ ဖြစ်သည်။ သာမန် ဝေါဟာရတစ်ခုကလွဲ၍ အခြားမ ရှိ။ Good သည် ကောင်း၍ Bad သည် မကောင်းဟု အဓိပ္ပာယ်မျိုး မဟုတ်။ Goodသည် အဆင့်မြင့်၍ Badသည် အဆင့်နိမ့် အဓိပ္ပာယ် မျိုး မဟုတ်။
လောကသည် ကာလ တစ်ခုအတွက် နေထိုင်ရန်သက် သက်သာ ဖြစ်သည်။ လောကကို မိမိတို့က ပုံသေတစ်ခု၊ ပေတံတစ် ခုနှင့် ခွဲခြားသတ်မှတ် Fiscriminate လုပ်ရန် မိမိတို့ အလုပ်မ ဟုတ်။ Goodသည် အမည်တစ်ခု။ Badသည် အမည်တစ်ခု။ ထိုထက် ဘာတစ်ခုမှ မပို ဟူလို ...။
ဒုက္ခသည် မကောင်း၊ သုခသည် ကောင်းသည်ဟု မသတ် မှတ်နိုင်သကဲ့သို့ ချမ်းသာခြင်း သည် ကောင်း၏။ ဆင်းရဲခြင်း သည် မကောင်းဟု သတ်မှတ်၍ မရ။ အုပ်ချုပ်သူသည် အဆင့်မြင့် ၍ ပြည်သူသည် အဆင့်နိမ့်မ ဟုတ်။ အုပ်ချုပ်သူလည်း သူ့တာ ဝန်ရှိ ၏။ ပြည်သူလည်း သူ့တာဝန် ရှိ၏။ မိမိတို့အလုပ် မိမိတို့ လုပ် ကြခြင်းသာ ...။
ရှင်တော်ဗုဒ္ဓကတရား ဓမ္မနှင့် သဘာဝနှင့် လောကကို ရှင်းရှင်းမြင်၏။ လူအများကိုလည်း ထိုသို့မြင်ရန် လမ်းပြထားသည်။ အနောက် တိုင်းဒဿနပညာရှင်များ က ဒဿနပညာရပ်နှင့် လောက ကို ရှင်းရှင်းမြင်စေရန် ပြောဟော ၏။ အရှေ့တိုင်း ဝေဒန္တ ဠနိညေအေ ဒဿနကား အားလုံးကို ဘုရား၏ အဇ္ဈတ္တနှင့် နှိုင်း၍ တစ်ပြေးတည်း၊ တစ်တန်းတည်း အဖြစ်တင်ပြ သည်။ မိမိနည်းနှင့် မိမိ ဆိုလိုရင်း မှာ အတူတူ ဖြစ်သည်။
ပမာအားဖြင့် သမ္မတဆို သည့် အမည်ဝေါဟာရမှာ လေးနှစ် ကာလတစ်ခုအတွက် သတ်မှတ် ချက် နေရာတစ်ခု ဖြစ်၏။ ထိုကာ လ ကုန်ဆုံးသည်နှင့် သမ္မတအမည် သည် အခြားသူတစ်ဦး လက်ဝယ် သို့ လွှဲလိုက်ရသည်။ ထိုအခါ သမ္မ တသည် သာမန်ပြည်သူ အမည် သို့ ပြောင်းသွား၏။ ယင်းအချက် သည် သဘာဝဓမ္မတရား ဖြစ် သည်။
တစ်သက်တာ ပါမောက္ခ အမည်ခံထားသူများ ရှိ၏။ ထိုသူ များသည် တစ်သက်တာလုံး သူ့ ဘာသာရပ်အတွက် ပါမောက္ခအ လုပ်လုပ်နေ၍ ဖြစ်၏။ စာရေး ဆရာသည် တစ်သက်တာ စာရေး နေလျှင် စာရေးဆရာ ဖြစ်သည်။ စာမရေးတော့လျှင် စာရေးဆရာ အမည်ခံ၍ မရ။ ဆိုလိုသည်မှာ အမည်နှင့် အလုပ်သည် တွဲနေ၍ ဖြစ်သည်။
အမည်၊ ရာထူး၊ နာမ၊ ပညတ်များကို သဘောပေါက်ထား လျှင် စိတ်၌ အရှုပ်အထွေး မရှိနိုင် ပါ။ လူအများ သည် ရောထွေး ၍ တွေးကြ၊ စဉ်းစားကြသည်။ ယခင် ကာလက အစွဲသည် ကပ်နေ၏။ ငါက ညွှန်မှူး၊ ငါက ဗိုလ်ချုပ်၊ ငါက သမ္မတဟု တစ်သက်တာ ထင်မှတ်ယုံကြည်နေခြင်းသည် အစွဲကြီး စွဲနေသူများ၊ ဘုရား စကား နားမထောင်သူများ ဖြစ် ၏။
မောင်ဈေးကွက်