2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
စိတ်အားထက်သန်မြဲမြံမှု

   E-Library ဆိုပြီး ကျွန် တော်တို့မြို့မှာ ဖွင့်ခဲ့ဖူးပါတယ်။ အလှူရှင်တွေက၊အလှူငွေတွေ စိတ် အားထက်သန်စွာ ထည့်ဝင်လှူ ဒါန်း ကြပါတယ်။ အိုင်တီခေတ်ရဲ့ ခေတ်ဦးကာလမို့ ကွန်ပျူတာကို သိပ်စိတ်ဝင်စားကြပါတယ်။ ကွန် ပျူတာတွေနဲ့ စီဒီခွေတွေ၊ နည်း ပညာအသစ်ရဲ့ အစွမ်းတွေကို တအံ့တသြ ဖြစ်ကြရတဲ့ အချိန်ပါ။ အဲဒီအချိန်က တာဝန်ရှိသူကြီးများ ကိုယ်တိုင် လာရောက်ဖွင့် လှစ်ပေးထားပါတယ်။ ဖွင့်ပွဲက တော်တော် ခမ်းနားပါတယ်။ အဖွဲ့အစည်း အသီးသီးက လူကြီးတွေ တော် တော်များများ တက်ရောက်ကြပါ တယ်။ အမျိုးသားတွေရော၊ အမျိုး သမီးတွေရော၊ ဌာနဆိုင်ရာတွေ ရော စုံညီစွာ တက်ရောက်ကြပါ တယ်။ ကွန်ပျူတာ ၁ဝ လုံး လောက်ကို သီးသန့်အခန်းကြီးထဲ မှာ နေရာပေးထားပါတယ်။ စီဒီခွေ တွေလည်း ပလူပျံလို့။ ကျွန်တော် တို့ လည်း တော်တော်စိတ်တက်ြ<ွက ကြပါတယ်။ စာတွေ ဖတ်ကြရ တော့မယ်ပေါ့လို့။ E-Library ကြီး ဖွင့်စမှာ စကြည့်တိုက် မှူးရော၊ ကူ ညီကြတဲ့သူတွေပါ စုစုဝေးဝေးနဲ့ ပျော်စရာကြီးပါ။ နောက် ရက် နည်းနည်းလေးပဲ ကြာသေးတယ်။ စာကြည့်တိုက်က ပိတ်ထားတာ တွေ့လာနေရပါတယ်။ အကြောင်း က မီးမလာလို့တဲ့။ မီးစက်မောင်း ဖို့ စက်သုံးဆီ မရှိလို့တဲ့။ အဲဒီလွန် ခဲ့တဲ့နှစ်ပေါင်း ၁၅ နှစ် လောက်က စပြီး နေ့ဘက် လျှပ်စစ်မီးမရှိတာ ဆယ်စုနှစ် တစ်ခုစာလောက်ပါပဲ။ အခုလို နေ့ဘက် မီးလာစက အထူး အဆန်းလို ဖြစ်မိပါတယ်။ နောက်ပြီး အဲဒီကာလတွေက မြို့ ကို လူကြီးတစ်ယောက်ယောက် လာရင် မီးလာပါတယ်။ လူကြီးပြန် သွားတာနဲ့ ဒုံရင်း ဒုံရင်းပါပဲ။E-Library ကို ပြန်ဆက်ရရင် အဲဒီ အကြောင်းကြောင်းတွေကို အ ကြောင်းပြုပြီး E-Library ဟာ မဖွင့် တစ်ရက်၊ ဖွင့်တစ်ရက် ဖြစ် လာရာကနေ နောက်ဆုံးတော့ လုံး လုံးလျားလျား ပိတ်သွားပါတော့ တယ်။E-Library နေရာ မှာ နောက် ပိုင်းမှာတော့ လူကြီးတစ် ယောက် လာနေပါတယ်။ အထဲက ကွန်ပျူတာတွေရော၊ ဘာတွေရော တဖြည်းဖြည်းနဲ့ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားပါတော့ တယ်။ အဲဒီလိုပါပဲ။ ကျောင်းတွေ မှာ ကွန်ပျူတာခန်းတွေ ဖွင့်ပါ တယ်။ Computer Lab တို့ ဘာ တို့ဆိုပြီး နာမည်လှလှလေးတွေ တပ်ပြီး ဖွင့်ပွဲတွေလုပ်ပါတယ်။ လူကြီးတွေြ<ွကရောက်ချီးမြှင့်ကြ၊ ဖဲကြိုးတွေ ဖြတ်ကြ နဲ့ ပျော်စရာ ကြီး ပါ။ ကလေးတွေလည်း ကွန်ပျူတာဆိုတဲ့စက်ကြီး ကိုင်ရတော့မယ်ပေါ့။ ကွန်ပျူတာခေတ်ကြီးထဲမှာ တို့တစ်တွေတော့ ထီပေါက် ပြီပေါ့။ ကလေးတွေ ပျော်ကြပါတယ်။ ခက်တာက ဖွင့်ပွဲလည်းပြီးရော အခန်းတံခါးကြီးက ပိတ်သွားတာ ပါပဲ။ အလုပ်မဖြစ်တော့ပါ ဘူး။ မီးမလာတာနဲ့၊ စက်ပျက်မှာစိုးတာနဲ့ ဆိုပြီး ကွန်ပျူတာခန်းက ပိတ်သွား ပါတယ်။ ကွန်ပျူတာတွေကို ပြူ တင်းပေါက်အပြင် ကနေသာ ကလေးတွေကချောင်းကြည့်ကြရ တော့တာပါပဲ။ ကွန်ပျူတာတွေဟာ ပြတိုက်ထဲက ရှေးဟောင်း ပစ္စည်း တွေလို ဖြစ်သွား ပါတော့တယ်။ အင်း- အင်မတန်ကို အပြကောင်း တဲ့ ခေတ်ကာလကြီးဖြစ်ခဲ့ပါတယ်။ အပြော၊ အပြတွေကိုသာ ဦးစားပေး လွန်းပြီး တကယ်လက်တွေ့အလုပ် ဖြစ်ရေးကတော့ ရေမှာရေးခဲ့သလို အရာမထင်ခဲ့တာတွေ များလှပါ တယ်။ ဆုံးရှုံးခဲ့ရတာတွေများလွန်း လှပါတယ်။အချိန်တွေ၊ အရာဝတ္ထု တွေ၊ ငွေကြေးတွေအပြင် စိတ် ဓာတ်တွေပါ ဆုံးရှုံးခဲ့ရပါတယ်။ ဒီ အချက်တွေကို သင်ခန်းစာယူပြီး ခေတ်သစ်၊ စနစ်သစ်မှာ ပြုပြင် သွားသင့်ပါတယ်။
To Keep A Lamp Burning, We Must Keep Putting Oil in it. (Mother Tresa)
မီးအိမ်လေးတစ်ခု အမြဲ တမ်း မီးလင်းနေဖို့ အမြဲတမ်း ရေ နံဆီ ထည့်ပေးနေရမယ်။ (မာသာ ထရီဆာ)
ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ မြဲမြံမှုမရှိဘဲ စိတ် ဓာတ်နဲ့ လုပ်ရပ်မျိုးကို ကောက်ရိုး မီးဆိုပြီး တင်စားလေ့ရှိကြပါ တယ်။ ကောက်ရိုးမီးဟာ ခဏတာမျှသာ တောက်လောင်ပြီး ငြိမ်းသွားတတ် ပါတယ်။ ဘယ်မှာလဲ အလင်း ရောင်၊ ဘယ်မှာလဲ ဖွဲမီး ဆိုတာကို ရှာလို့မရနိုင်တော့ပါဘူး။ အသင်း အဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်ကြ တဲ့အခါမှာ အစပိုင်းမှာတော့ လူ တွေ စည်ကား လှပါတယ်။ တကယ် အလုပ်လုပ်လာကြပြီးတဲ့အခါမျိုး တွေမှာတော့ တကယ်အလုပ်လုပ် မယ့်သူဆိုတာ မရှိတော့ပါဘူး။ အထူး သဖြင့် အဖွဲ့အစည်းနဲ့ ပတ် သက်တဲ့ အခက်အခဲတွေနဲ့ ကြုံ လာရတဲ့အချိန်မျိုးတွေမှာတော့ လူ မရှိတတ်တော့ပါဘူး။
  This is the Mark of a Really Admirable Man: Steadfastness in the face of Trouble. (Ludwing Van Beethoven)
ပြဿနာ ဒုက္ခတစ်ခုခုနဲ့ တွေ့ကြုံရတဲ့အခါ မြဲမြံတည်တံ့မှုနဲ့ ရင်ဆိုင်တတ်သူသာ အများရဲ့ ချီး ကျူးစရာ ဖြစ်ပါတယ်။ (လတ်ဝစ် ဗင်ဘီသိုဗင်)
   ဒီတော့ ကျွန်တော်တို့ တစ်တွေ မြဲမြံမှုမရှိခဲ့ကြလို့ ဆုံးရှုံး ခဲ့ရတာတွေကို သင်ခန်းစာယူပြီး ရှေ့ကို ဆက်လက်ကြိုးစားသွားဖို့ လိုပါတယ်။ မမြဲလို့ မမြံခဲ့ကြပါ ဘူး။ မခိုင်လို့လည်း မမြဲခဲ့ကြတာ တွေ တွေ့နိုင်ပါတယ်။ အထူးသ ဖြင့် ယနေ့ လူငယ်များ ဇွဲသန် သန် ဖြင့် ကြိုးစားကြဖို့ လိုပါတယ်။ Steadfastness စိတ်အားထက် သန် မြဲမြံစွာဖြင့် ပန်းတိုင်ရောက်တဲ့ အထိ ကြိုးပမ်းကြ ဖို့လို တာ အမှန်ပဲ ဖြစ်ပါတယ်ခင်ဗျာ။

ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.