ဒီမိုကရေစီခေတ်ရဲ့ ပြည်သူ(ဘကံ)

ဒီမိုကရေစီခေတ်မှာ အ ရာရာဟာ ပြည်သူရဲ့ အဆုံးအဖြတ် ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ပြည်သူဟာ အရာရာကို ဆုံးဖြတ် တယ်။ အလင်းအမှောင် ကွဲပြား အောင် နှိုင်းယှဉ်မှုသဘောပြောရ ရင် အာဏာရှင်စနစ်မှာ ပြည်သူ ဟာ အရာရာကို အဆုံးဖြတ်ခံရ တယ်။ တစ်နည်းပြောရရင် တစ်ဦး တစ်ယောက်၊ တစ်စုတစ်ဖွဲ့က ဆုံး ဖြတ်တာကို ပြည်သူက လိုက်နာရ ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ခေတ်ရဲ့ ပြည်သူဟာ နိုင်ငံရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ဖန်တီးနိုင် တဲ့ နိုင်ငံရေးသမားတွေပါ။ ပြည် သူတွေ နိုင်ငံရေးကို စိတ်မဝင်စား သရွေ့ ဒီမိုကရေစီခေတ် မရောက် ပါဘူး။
ဗိုလ်ချုပ်လည်း ပြောခဲ့တာပဲ။လူတိုင်းဟာ နိုင်ငံရေးနဲ့မကင်းဘူး။ နေ့စဉ်စားဝတ်နေ ရေးလုပ်ကိုင်ဆောင်ရွက်နေတာကအစ နိုင်ငံရေး ဆောင်ရွက်နေ တာဆိုတဲ့ သဘော ပြောခဲ့တယ်။ ဒါက ပြည်သူရဲ့ အရေးပါမှုကိုအသိအမှတ်ပြုတာ။ဒီမိုကရေစီစနစ်ကိုဦးတည်တာ။
ဗိုလ်ချုပ်မရှိတဲ့ နောက် တစ်ဦးတစ်ယောက်က နိုင်ငံတော် အာဏာကို ချုပ်ကိုင်လိုက်ကတည်း က ပြည်သူနဲ့ နိုင်ငံရေးကို ခွဲပစ် တယ်။ နိုင်ငံရေးဆိုတာ သီးသန့်လူ တစ်စုတစ်ဖွဲ့ရဲ့ အလုပ်၊ ပြည်သူက အဲဒီလူတစ်စုတစ်ဖွဲ့ စီမံတဲ့ နိုင်ငံ ရေးကျင့်စဉ်အတိုင်း လိုက်နာ ဆောင်ရွက်ရတယ်ဆိုတဲ့အမြင်ကိုသွတ်သွင်းခဲ့တယ်။သာမန်ပြည်သူတစ်ယောက်က နိုင်ငံရဲ့အရေးကိစ္စကို ဝေဖန်ပြောဆိုမယ် ဆိုရင် အစိုး ရကို အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲပြီး နှိပ်ကွပ်ပစ်တယ်။ လူ တစ်စုက တိုင်းပြည်ရဲ့ ဘဏ္ဍာနဲ့ သယံဇာတ အရင်းအမြစ်တွေကို စိတ်တိုင်းကျ ခွဲဝေသုံးစွဲလို့ရ အောင်၊တစ်နည်းပြောရရင်ခိုးဝှက်လို့ရအောင် ပြည်သူရဲ့ နိုင်ငံ ရေးအခန်းကဏ္ဍကို အမှောင်ချပစ် ခဲ့တယ်။
ဒီကနေ့အထိ ပြည်သူ တွေဟာ နိုင်ငံရေးနဲကကင်းကွာ နေတုန်းပါ။လက်ရှိအစိုးရက နိုင်ငံတကာဖိအားတွေနဲ့ နိုင်ငံတွင်း နိုင်ငံရေးဦး ဆောင်သူတွေရဲ့ လှုပ် ရှားမှုကြောင့် ဖွင့်ပေးလာတဲ့ ဒီမို ကရေစီဆိုတာကလည်း ပြည်သူ ထဲအထိ မရောက်သေးပါဘူး။